ခြေလေးချောင်းသားကို အဓိဌာန်ဝင်ပြီး ရာသက်ပန် ရှောင်ထားတဲ့ Sophia Everest

0
215

နိုင်ငံခြားသူဆန်တဲ့ ရုပ်ရည်ရူပကာ ကြောင့် သူမကို ဘာသာခြားလို့ ထင်ကြပေမယ့် ဆိုဖီယာက  ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါ တယ်။ ဘုရား၊ တရား၊ သံဃာကို နက်နက်ရှိုင်း ရှိုင်းဆည်းကပ် ကိုးကွယ်ဖြစ်သလို ဘုရားဖူးရ တာကိုလည်း နှစ်သက်တဲ့ ဆိုဖီယာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမှ ပုဂံကို ဘုရားဖူးထွက်ဖြစ်ခဲ့ ပါသေးတယ်။ မြန်မာဆန်ဆန် ဝတ်စုံလေးနဲ့ ဘုရားဖူးတဲ့ သူမရဲ့ပုံရိပ်လေးတွေဟာ ပရိ သတ်အနှစ်ခြိုက်ဆုံး ပုံရိပ်လေးတွေဖြစ်ခဲ့ပါ တယ်။

”ဘာသာရေးကတော့ ညီမအတွက် အရေး အကြီးဆုံးပါ။ ညီမကတော့ ဘာသာရေးကို တော်တော် လုပ်ဖြစ်တယ်။ ညီမနဲ့ ပေါင်းတဲ့ အနုပညာမောင်နှမတွေနဲ့ ပေါင်းပြီး တော့ လုပ်ဖြစ်တာတွေလည်း ရှိပါတယ်။ အခုလည်း ပုဂံဘုရားဖူးက ပွဲအတွက် သွားတာမဟုတ်ဘဲနဲ့ ဒီ အတိုင်းဘုရားဖူးချင်တာ သက်သက် အတွက်ကြောင့်ပါ။ ပြီးတော့ ညီမရဲ့ ပရိသတ် တော်တော်များများက ညီမကို မြန်မာဆန်ဆန် ဝတ်စုံလေး တွေ ဝတ်တာ အရမ်းသဘောကျကြ တယ်။ ဘုရားလည်းဖူးရင်း ဆိုဖီ့ရဲ့ မြန်မာ ဝတ်စုံလေးတွေကိုလည်း တင်ပေးချင်တဲ့ အိုင်ဒီယာ နဲ့ပါ” လို့ ဆိုဖီ ယာက သူမရဲ့ ပုဂံဘုရားဖူး ခရီးစဉ် အကြောင်းကို ပြောပြပါတယ်။

ဘာသာရေးနဲ့ ပတ်သက်လို့ ဆို ဖီယာကို မေးဖြစ်တဲ့အခါ…”ညီမက လွန်ခဲ့တဲ့ ၃နှစ်လောက် ကတည်းက ခြေလေးချောင်းသား ရှောင်တယ်။  အနုပညာ လုပ်တာ ကြောင့်လည်း ပါသလို ကိုယ် ကိုယ်တိုင်ကလည်း အသားကြီး၊ ငါးကြီး တွေကိုမြင်ရင် စိတ်ထဲမှာ တစ်မျိုးဖြစ် သွားတယ်။ စားချင်စိတ် မရှိတော့ဘူး။ အမဲသားတို့၊ ဝက်သားတို့ကို မြင်ရင် စားချင်စိတ်က ပျောက်ပျောက် သွားတယ်။ မစား ချင်တော့ဘူး။ ၃နှစ် လောက်တော့ရှိပြီ။ ရှောင်နေတာ။ အဓိဌာန်နဲ့ မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာ ကိုယ် ရှောင်ရင်းကနေ အနုပညာအလုပ်လုပ်တဲ့ အချိန်က နေ စပြီးတော့ အဓိဌာန်ဝင်ပြီး တစ်သက်လုံး  ရှောင်လိုက်တယ်။ ညီမက ကြာသပတေးသမီးဆိုတော့ ကြာသပတေးနေ့ တိုင်း သက်သတ်လွတ်ကို ရအောင် စားမယ်ဆိုပြီးတော့ Plan လုပ်ထားတယ်။ ဒါပေမဲ့ သက်သတ်လွတ်တော့ အတိအကျ မစားနိုင်သေးဘူး။ ကြိုးစားနေတယ်။ ကြာသပတေး နေ့တိုင်း ဘုရား ကိုတော့ ရောက်ဖြစ် ပါတယ်” လို့ သူမကပြောပါတယ်။

အနုပညာရှင်တို့ရဲ့ ယုံကြည်ပွားများ ဘာသာ တရားကဏ္ဍကနေ  ပရိသတ်ကို စကားလက်ဆောင် အဖြစ်ဘာပြောချင်သလဲလို့ ဆိုဖီယာကို မေးတဲ့ အခါ . . .

”အဓိက အကြံပေးချင်တာကတော့ ကောင်းတာမလုပ်နိုင်ရင် တောင်မှ မကောင်းတာ မလုပ်ရင်တော့ အဆင်ပြေမှာပါ။ ညီမတို့ ဆိုရင်လည်း တစ်ခါတလေကျလို့ရှိရင် ဘာသာရေးလုပ်ဖို့ ပျက်ကွက်သွားတာ တွေလည်းရှိတာပဲ။ ဘာသာရေး အမြဲထိုင်လုပ်နေပြီးတော့ ကိုယ်က မကောင်းရင် ဘာမှ ထူးခြားမှု ရှိမှာမဟုတ်ဘူး။ အဲဒီတော့ မ ကောင်းတာ မလုပ်ဘူး။ ညီမကတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုပဲ ခံယူထားတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here