အောင်ဇဗ္ဗူ တောရကျောင်းတိုက်မှာ ၅ ရက်တာ ရဟန်းဝတ်ခဲ့တဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်

0
253

[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

သရုပ်ဆောင် ညီထွဋ်ခေါင်က နိုဝင်ဘာလ ၅ ရက်နေ့က မှော်ဘီမြို့ ရှိ အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ၅ ရက်တာရဟန်း ဝတ်ခဲ့ပါတယ်။ ရဟန်းဘွဲ့ အမည်က တော့ အရှင်နန္ဒမာလာ ဖြစ်တယ်လို့ သိရပါတယ်။အခုလို ရဟန်းဝတ် ဖြစ်ခဲ့ပုံကိုတော့ ညီထွဋ်ခေါင်က …”စဉ်းစားထားတာကတော့ ကြာပါပြီ။ ဝတ်ချင်နေတာကတော့ ၂ နှစ် ၃နှစ်လောက်တော့ရှိပြီ။ မိဘ တွေကလည်း မဝတ်စေချင်သေး တာရယ်။ ကိုယ်လည်း အလုပ်တွေ မအားတာနဲ့ အားယူနေရတဲ့ အချိန် ပေါ့လေ။ နောက်ပိုင်း ကျတော့လည်း အလုပ်ကလေးတွေ ဆက်တိုက်လိုလို များလာတဲ့ အခါကျတော့ မဝတ်ဖြစ် မဝတ်ဖြစ်နဲ့ အောင်ဇဗ္ဗူတောရ ဆ ရာတော်ကြီးကတော့ ၉ လပိုင်း လောက်က ဝတ်လိုက်ပါလို့ ပြောတာ ကိုရွှေ့ရင်းရွှေ့ရင်းနဲ့ အခု ၁၁ လ ပိုင်းကျမှပဲ ဝတ်ဖြစ်သွားတာပေါ့။ အ ခု ကိုယ်ဝတ်ချင်တဲ့ အချိန်ရယ် ဆရာ တော်ကြီး ဝတ်ခိုင်းတဲ့ အချိန်ရယ်က လည်း တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတယ်” လို့ဖြေကြားခဲ့ပါတယ်။

ရဟန်း ဝတ်နေစဉ်ကာလမှာ ရ ဟန်း တစ်ပါးအနေနဲ့ ကျင့်ကြံအား ထုတ်ရတဲ့ တရားဘာဝနာ အ ကြောင်းတွေနဲ့ တရားအားထုတ်ရင်း ရရှိလာတဲ့ အသိတရား အကြောင်းကို လည်း ဦးပဉ္စင်း အရှင်နန္ဒမာလာ က… ” ဒီမှာကတော့ တစ်ရက်ကို ၃ကြိမ် တရားထိုင်ရတယ်။ ကျန်တဲ့ တရားအားထုတ်မှုတွေ လုပ်ရတယ်။ဘုရား ဝေယျဝစ္စတွေ လုပ်ပေးရ တယ်။ အခုတောင် တရားထိုင်ပြီး ထွက်လာလို့ ဖုန်းကိုင်ဖြစ်တာ။ နောက်မဆို မကိုင်ဖြစ်ဘူး။ တစ်နေ ကုန်တော့ တရားအားထုတ်ခြင်း တွေနဲ့ ကျောင်းရဲ့ဝေယျာဝစ္စတွေ လုပ်ရင်းနဲ့ အချိန်ပြည့်နေတာပါ။ အားချိန်မရှိပါဘူး။ အခုကတော့ စိတ်ထဲမှာ ကြည်နူးတာ ပီတိဖြစ်ပြီး တော့လေ။ တကယ်တော့လေ။ လူ့ဘဝနဲ့ ရဟန်းဘဝက အခြားကြီးပေါ့နော်။လူ့ဘဝကြီးက ဘာမှမက်စရာ မရှိဘူး ပေါ့လေ။ ဒီထဲမှာ နေတော့လည်း ရဟန်းဘဝနဲ့ နေ့စဉ်တရားအား ထုတ်ရတယ်။ နေ့စဉ် တရားအား ထုတ်ရင်းနဲ့ မအားပါဘူး။ ဒီဘက်ဘဝ ရောက်ပြန်တော့လည်း လူဘဝကြီး လူဆိုတာ ဘာမှမက်စရာ မရှိပါလား ဆိုတဲ့ အသိတရားလေးနဲ့ အတူ များ စွာ သောအသိတရားတွေ တရားအား ထုတ်ရင်းနဲ့ သိလာခဲ့ရပါတယ်” လို့ ထပ်မံဖြေကြားပါတယ်။

”အနုပညာ အလုပ်တွေ မအား တဲ့ကြားကနေ အချိန်လုပြီး ရဟန်း ဝတ်ခဲ့ရတဲ့အတွက် အတိုင်းမသိကြည် နူးပီတိဖြစ်ရကြောင်းနဲ့ ရဟန်းဝတ် နေစဉ်မှာ ပြုလုပ်ခဲ့တဲ့ ဒါနကုသိုလ် တွေအတွက် ပရိသတ်တွေ သာဓုခေါ် ဆိုပါလို့ အရှင်နန္ဒမာလာက ဖြေကြား ခဲ့ပါတယ်။

”အနုပညာ အလုပ်တွေ မအား တဲ့ကြားကနေ အချိန်လုပြီး ရဟန်း ဝတ်ခဲ့ရတဲ့အတွက် အတိုင်းမသိကြည် နူးပီတိဖြစ်ရကြောင်းနဲ့ ရဟန်းဝတ် နေစဉ်မှာ ပြုလုပ်ခဲ့တဲ့ ဒါနကုသိုလ် တွေအတွက် ပရိသတ်တွေ သာဓုခေါ် ဆိုပါလို့ အရှင်နန္ဒမာလာက ဖြေကြား ခဲ့ပါတယ်။

ဇင်မာနွယ်

[/spb_text_block]


LEAVE A REPLY

Please enter your comment!
Please enter your name here