ဖေ့စ်ဘုတ်ခါပေါ်က ဗန်းစကား မြန်မာစကားကို ထိခိုက်စေမလား

0
341

ခေတ်ရေစီး ဘာသာစကား အရွေ့နှင့် ဗန်းစကားများ

ခေတ်အဆက်ဆက်က ခေတ်ရေစီးအရွေ့အပြောင်းနဲ့အတူ လူ့အဖွဲအစည်းအတွင်းမှာ လူမှုဆက်ဆံရေးနယ်ပယ်ထဲကနေ ဘာသာဗေဒစကားအဖြစ် ဗန်းစကားများ အဆန်းဆန်းထွက်ပေါ်လေ့ရှိပါတယ်။ ဒီလိုခေတ်အလိုက် ထွက်ပေါ်လာတဲ့ ဗန်းစကားများဟာ မြန်မာစာရေးထုံးနည်းနဲ့ရော မြန်မာသဒ္ဒါ နည်းစနစ်နဲ့ပါ မကိုက်ညီဘဲ မြန်မာစာအဖျက်စကားများလို့ ဆိုကြပါတယ်။ ဒါပေမဲ့ တချို့ဗန်းစကားများမှာ ခေတ်အခြေအနေ လူ့အဖွဲ့အစည်း အနေအထားပေါ်လိုက်ပြီး ဘာသာစကား အသစ်မွေးဖွားမှုတစ်ရပ်အဖြစ် ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်၊ စာပေစတဲ့ အနုပညာရပ်များထဲမှ အတည်ပြု ပြဋ္ဌာန်းသုံးစွဲရတဲ့ ခေတ်သစ်ဝေါဟာရများလည်း ဖြစ်တည်သွားကြပါတယ် ဒါကြောင့်မို့ ခေတ်အလိုက်ပေါ်ထွက်လေ့ရှိတဲ့ ဗန်းစကားများအပေါ် အနုပညာရှင်တို့ရဲ့ ထင်မြင်ယူဆချက် စကားသံများကို စုစည်းဖော်ပြလိုက်ရပါတယ်။

 

သျှန်ထွန်း

တကယ်တည်းမှာ မြန်မာစာ ပေ အနေအထားနဲ့ ကြည့်ရင်တော့ ဒီဖေ့ဘွတ်စ်ပေါ်က ဗန်းစကားတွေ ကမကောင်းဘူး။ နောင်လာ နောင် သားကလေးတွေက ဒါတွေကို ပိုပြီးတော့ စိတ်ရောက်သွားရင် ပျက် စီးရာပျက်စီးကြောင်း ဖြစ်သွားနိုင် တယ်။ ဒါပေမဲ့ ဒါတွေကိုသွားပြီး တော့ အပြစ်ပြောလို့မရတာက ဖေ့ ဘွတ်စ်ဆိုတာကြီးကို တီထွင်ထားတဲ့ သူက သူ့ဘာသာ သူတီထွင်ထားတာ။ သုံးတော့ တစ်ကမ္ဘာလုံးက သုံးကြ တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာ လုပ်ရင် ဘာဖြစ်ရမယ်။ ဘယ်လိုလုပ် မယ်ဆိုတဲ့ စည်းကမ်းနဲ့ ထိန်းကွပ်ထား တာမရှိဘူး။ မရှိတဲ့အတွက်ကြောင့် သုံးတဲ့သူတွေက ကိုယ်ပြောချင် တာ တွေပြောကြတယ်။ ရေးချင်တာတွေ ရေးကြတယ်။ အဲဒီ့မှာမှ ခေတ်စားလာ တဲ့ ဗန်းစကားတွေရှိမယ်။ ကျွန် တော်ကတော့ တေးရေး ဆရာဖြစ်ပေ မယ့် ကွီးတွေ ခေးတွေနဲ့ ပတ်သက်လို့ ကတော့ ဘာမှမရေးပါဘူး။ တစ်လုံး တစ်လေ သုံးတာလောက် တော့ရှိတာ ပေါ့။ ခေတ်တွေကပြောင်းနေတာကိုး။ မြန်မာစာ တစ်ယောက်အနေနဲ့ ပြော ရမယ်ဆိုရင်တော့ ကောင်းတာက တော့ မကောင်းဘူး။ မြန်မာစာ အ စစ်အမှန်တွေ အနေနဲ့ပဲ သုံးတာတော့ ကောင်းတယ်။ ဒါပေမဲ့ ဗန်းစကား အနေနဲ့တော့ လူငယ်တွေက ပြောကြ ရေး ကြမှာတော့ ရှိနေမှာပါပဲ။ ဒါကို မထိန်းမကွပ်မချင်းတော့ ဒီအတိုင်းပဲ သွားနေဦးမှာပါပဲ။

 

စိုးသီဟ

ဗန်းစကားဆိုတာ လူငယ်တွေ အချင်းချင်းပြောကြတဲ့အခါ စတိုင် တစ်မျိုးလုပ်ပြီး ပြောကြတဲ့ စကားပါ။ တစ်ခါတလေကြ သူများမသိချင်တဲ့ စကားကို ဗန်းစကားနဲ့ ပြောကြတာ ပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်း ကလည်း အဲလိုဗန်းစကားတွေ သယ် ငယ်ချင်းတွေနဲ့ ပြောကြတာပါပဲ။ ဗန်းစကားကလည်း လူငယ်သဘာ ဝအတိုင်း အဆန်းလုပ် ပြီးပြောကြ တာပါ။ နောက် ရိုးသွားတော့လည်း မပြောဖြစ်ကြပါဖူး။

 

အောင်မင်းခန့်

ဗန်းစကားတွေ ထွက်ပေါ်လာ တာက ချစ်စရာလည်းကောင်းပါ တယ်။ ကျွန်တော်တို့လည်း တစ်ခါ တလေ အတိုကောက်ကလေးတွေ သုံးလို့ရတယ်။ စကားလုံးအသစ်တွေ ထွက်လာတာကလည်း ခေတ်နဲ့ အလိုက် လိုက်လျောညီထွေမှုပေါ့လို့ ပြောရမှာပဲ။ ဘာပဲပြောပြော ချစ်စရာ ကောင်းတဲ့ အရာလေးတစ်ခုလို့ပဲ ပြောရမှာပေါ့။ နိုင်ငံခြားမှာလည်း ဗန်းစကာားတွေထွက်နေတာပဲလေ။ ကျွန်တော်တို့က အမြဲတမ်းခေတ်နဲ့ အလိုက် ပြောနေဆိုနေကြတာဆို တော့ အရင်တုန်းကပြောတဲ့ပုံနဲ့ ဒီ ခေတ်ပြောဆိုပုံတွေ မတူသလိုပေါ့ နော်။ ကွာတာပေါ့နော်။ လူဆိုတာက အမြဲတမ်းတီထွင်နေတဲ့ ဦးနှောက်ရှိ တယ်လေ။ တချို့က စကားလုံးပဲ တီထွင်ရင် တီထွင်မယ်။ တခြား အရာတွေ တီထွင်ရင်တီထွင်မယ်ပေါ့ နော်။ ဒီခေတ်ဒီအခါမှာ မွေးတဲ့ လူသားတိုင်းက ခေတ်အလိုက် စကား ပြောသွားကြတာပဲပေါ့နော်။ ကျွန် တော်ကတော့ ဒီလိုဗန်းစကားလေး တွေ ပေါ်ပေါက်လာတာ သဘောကျ မိပါတယ်။

 

အောင်အေးချစ်

ဗန်းစကားဆိုတာကတော့ ခေတ်အလိုက်ကတော့ ပေါ်နေတာ ပါပဲ။ ဒါတွေကဗန်းစကားဖြစ်တယ်ဆိုတာကိုတော့ ခေတ်လူငယ်တွေအနေနဲ့ သိသင့်တယ်.။တည်တည်တံ့တံ့ပြောဆိုရမယ့်နေရာမျိုးတွေမှာတော့ မသုံး သင့်ဘူး။ သူ့အနေရာနဲ့သူပေါ့လေ။ တစ်စိမ်းတစ်ယောက်နဲ့စကားပြော ရင်တော့ဗန်းစကားတွေက မသုံးသင့် ဘူးပေါ့။ တစ်အားရင်းနှီးသောသူငယ် ချင်းများကြားမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုအရ နောက် ပြောင်ရင်းနဲ့ပြောတဲ့စကားတွေပေါ့။ လူကြီးတွေကတော့မကြိုက်ကြဘူး။ ဗန်းစကားတွေကိုပေါ့။ ကျွန်တော် တို့အနေနဲ့လည်း တည်တည်တံ့တံ့ပြော ရမယ့်နေရာမျိုးတွေမှာ ဒါမျိုးတွေ ပြောလာရင်တော့လည်း ကျွန်တော်တို့ လည်းမကြိုက်ပါဘူး။ ကိုယ့်မြန်မာစာမြန်မာစကားကိုထိခိုက်တဲ့အနေအ ထားပေါ့။ တစ်အားရင်းနှီးသောသူ ငယ်ချင်းတွေ မောင်နှစ်မတွေ ကြား မှာပြောရင်တော့ လက်ခံလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ လူငယ် လည်းဖြစ်တဲ့အပြင် ဒါကရေစီးကြောင်း တစ်ခုအနေနဲ့ဖြစ်နေတာကိုး။ ဗန်း စကားတွေကတော့ သူ့ခေတ်သူ့အခါ အရတော့ ထွက်နေမှာပါပဲ။ ဗန်း စကားတွေကတော့ တည်တည်တံ့တံ့ မရှိဘူး။ ခန့်ခန့်ထည်ထည်မရှိဘူးပေါ့။ ပြောင်ချောချောအနေအထားမျိုးတွေ တွေ့ရတယ်။ တစ်ယောက်နဲ့ တစ် ယောက်လေးစားသမှုရှိတဲ့စကားလုံး မျိုးတွေမဟုတ်ဘူး။ အပျော်အနေနဲ့ သာ သုံးသင့်ပါတယ်။

 

ဆုမြတ်နိုးဦး

ဗန်းစကားတွေကတော့ အများကြီးပေါ်နေတာပေါ့နော်။ တစ်ခါတလေကျရင် ဗန်းစကားတွေ ပြောရင်းနဲ့မှ မြန်မာစာ မြန်မာစကားတွေ ပျောက်သွားမှာတော့စိုးတယ်။ ကိုယ်တွေလည်း ပြောပါတယ်။ မိတ်ကပ်ဆရာတွေနဲ့ တွေ့တဲ့အခါကျရင် နောက်ပြောင်ပြီးတော့ ပြောကြတာ ရှိတယ်။ ကိုယ်တကယ် အရေးကြီးတဲ့ စကားတွေမှာတော့ ဒီဗန်းစကားတွေ ကိုမသုံးစေချင်ဘူး။ တစ်ခါတလေ သူငယ်ချင်း အချင်းချင်း စနောက် ကြတဲ့အခါတော့ ကောင်းတာပေါ့နော်။ နောက်ပိုင်းကျရင် ဒီစကားတွေပဲ အတည်ဖြစ်သွားမှာ စိုးရိမ်တယ်။ အခုနောက်ပိုင်းက ဗန်းစကားတွေ ခေတ်စားတယ်။ ခဏခဏလည်း စကားတွေက ပေါ်လာနေတော့လေ။ အဲဒီ့နောက်ကိုပဲ တအားကြီးလိုက် နေတာထက်စာရင် မြန်မာစကား ပျောက်ကွယ်သွားလောက်အောင်ထိ မသုံးသင့်ဘူးပေါ့နော်။ လူငယ်တွေရဲ့ သဘောသဘာဝကိုလည်း တားလို့ မရဘူးပေါ့နော်။ မြတ်နိုး ပြောဆို နေတာကတော့ ဗန်းစကားလို့ပဲ ပြောရမလား ”ဂယက်ထတယ်”လို့ ”ဂွမ်းတယ်”တို့ လိုတော့သုံးဖြစ်တယ်။ မြတ်နိုးကျတော့ ဗန်းစကား ဆိုတာထက် နောက်ပြီးပြောတဲ့စကားတွေက များပါတယ်။ တက်နိုင်သလောက် တော့ ဗန်းစကား သိပ့်မသုံးဖြစ်ပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here