စန္ဒီမြင့်လွင် ပြောပြတဲ့ ဗန်းစကားများအကြောင်း

0
274

[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

အခုခေတ်မှာ လူငယ်တွေကြား ဗန်းစကားတွေကို တွင်တွင်ကျယ် ကျယ်အသုံးပြုလာကြတာတွေ့ရပါတယ်။ တချို့က ဗန်းစကားမသုံးရင် ခေတ်မမီဘူးလို့ ဆိုကြသလို သီချင်းတွေ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ထည့်သွင်းပြီး အနုပညာတွေကို ဖန်တီးပုံဖော်ကြတာလည်း ရှိကြပါတယ်။

ဒီလိုပဲ ဗန်းစကားတွေကို သီချင်းအဖြစ် သီဆိုလေ့ရှိတတ်တဲ့ အဆို တော်စန္ဒီမြင့်လွင်ကိုလည်း ယခုတစ်ပတ်ပေါ်ပြူလာ အထူးချပ်ပိုကဏ္ဍအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။ ဗန်းစကားတွေက ဘယ်လိုပေါ်ပေါက် လာတယ်ထင်လဲလို့ မေးတော့…

”အမေရိကန်တွေ အာဖဂန်တွေလည်း ဗန်းစကားတွေ တအားသုံးတယ်။ ဒါပေမဲ့ သူတို့သုံးတဲ့ ဗန်းစကားတွေနဲ့ ဒီးဒီတို့ သုံးတဲ့ဗန်းစကားတွေ မတူဘူးထင်တယ်။ ဗန်းစကားတွေကတော့ ရှိနေတာပဲ၊ ဟိုးအရင်ကတည်းကပေါ့။ ခေတ်ရေစီးကြောင်းအရ ပြောင်းလည်းလာတဲ့အချိန်မှာ စကားလုံးတွေ ဗန်းစကားတွေ ပြောင်းလဲလာတာပေါ့။ အချင်းချင်းဆိုပြောကြတယ်လေ။ ဥပမာ လာမချုပ်နဲ့လိုမျိုးတို့၊ လာချုပ်နေတယ်တို့ ပြောကြတယ်။ ဒါလည်း ဗန်းစကားပဲလေ” လို့ပြောပါတယ်။

ဗန်းစကားတွေနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ရှိခဲ့ပုံကိုတော့ စန္ဒီမြင့်လွင်က ”ဒီးဒီတို့ ငယ်ငယ်တုန်းက စနားထောင်ဖူးတဲ့ ဗန်းစကားတွေဆိုရင် မိတ်ကပ်ဆရာတွေ ဖုန်းပြောရင်းနဲ့ပြောကြတယ်လေ။ ဥပမာ ထမင်းစားပြီးပြီ လားဆို ထမော်ကင်းစော်ကားပြီးပြီလား၊ အဲဒီလိုစကားတွေက စပြီး ကြားဖူးတာ။ ဘာလုပ်နေလဲဆို ဘော်ဒကာ လော်ကုပ်နေလဲ၊ ဒီးဒီကြားဖူးတာတော့ အဲဒီဗန်းစကားတွေက စကြားဖူးတာပါ။ ဒီစကားကို နားမလည်တဲ့ လူတစ်ယောက်ရှေ့မှာ ဒီတစ်ယောက် အကြောင်း ပြောချင်ရင် ပြောကြတာပေါ့။ ဒီးဒီကတော့ နားမလည် တဲ့လူရှေ့မှာတော့ မပြောဖူးဘူး။ ကိုယ့်ကိုတော့ သူများပြောတာခံဖူးတာပေါ့။ အခုခေတ်ကတော့ တော်တော်များများ အဲဒီစကားတွေ နားလည်နေကြပါပြီ” လို့ပြောပါတယ်။

စန္ဒီမြင့်လွင်ရဲ့ သီချင်းတော်တော်များများမှာ ဗန်း စကားအမည်တွေတွေ့ရသလို သီချင်းတွေထဲမှာလည်း ထည့် ဆိုတာတွေ့ရပါတယ်။ ဒီလိုဗန်းစကားတွေ အသုံးပြုဖြစ်ပုံကိုတော့ စန္ဒီမြင့်လွင်က…

”ဒီးဒီသီချင်းတွေ တော်တော်များများက ဗန်းစကားများတယ်။ အဲဒါကလည်း တေးရေးဆရာတွေကထည့်သုံးလို့ များသွားတာပါ။ ဗန်းစကားဆိုတော့ လူတွေပိုပြီး သတိထားမိတာပေါ့။ ဗန်းစကားနဲ့ ပြောတော့ ဘာပြောတာလည်းပြောရင်းပြောရင်းနဲ့ အဲဒီစကားလေး တွေက အဓိပ္ပာယ်ကို သိသွားတဲ့အခါကျတော့ သူတို့လည်း ယူသုံးရင်းနဲ့ သီချင်းတွေမှာလည်း ပိုပြီးထိရောက်တာပေါ့။ ဖေ့စ်ဘုတ်မှာလည်း အများဆုံး သုံးကြတယ်။ ဒါပေမဲ့ ဖေ့စ်ဘုတ်မရှိခင်တုန်းကလည်း ဒီလိုပဲ သုံးနေကြတာပါပဲ။ ဒီးဒီကတော့ ဗန်းစကားတွေကို ထွင်တာတော့ မရှိဘူး။ တေးရေးဆရာတွေ ထွင်ကြတာပေါ့။ အနုပညာရှင်တွေ ထွင်တာတော့ ကြားဖူးတယ်။ ဒီးဒီတော့ တစ်ခါမှမထွင်ဖူးဘူး။ ဒါပေမဲ့ ဒီးဒီသီချင်းတွေထဲမှာတော့ အမြဲတမ်းပါတယ်။ ဗန်းစကားတွေက ကောင်းပါတယ်။ ဘာပဲပြောပြော စကားအသစ်အဆန်း လေးတွေ ကြားရတာပေါ့” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-မင်းမင်းထွန်း

[/spb_text_block]


LEAVE A REPLY

Please enter your comment!
Please enter your name here