စိုင်းထီးဆိုင် မိသားစုဆိုပြီး နှစ်စဉ် အလှူအတန်းတွေလုပ်ဖြစ်ကြောင်း သမီးဖြစ်သူ ဆိုင်စံပြော

0
161

ဖခင်မရှိတော့တဲ့ အချိန်ကျမှ အနုပညာလောကထဲကို ဝင်ရောက်ဖြစ်ခဲ့တဲ့ အဆိုတော်ကြီး စိုင်းထီးဆိုင် ရဲ့ သမီးငယ် ဆိုင်စံက သူမရဲ့ ဒုတိယ တစ်ကိုယ်တော်အခွေ ‘ဆုတောင်းတေး’ကို နိုဝင်ဘာလ ၂၄ရက်နေ့ကျရင် ထွက်ရှိတော့မှာပါလို့ ဆိုပါတယ်။

”အခွေလေးအတွက် စီစဉ်နေတာ တစ်နှစ်ခွဲလောက်တော့ ကြာသွားတယ်။ ဆုတောင်း တေးဆိုတဲ့ အခွေကတော့ သီချင်းအသစ်တွေပဲ လုပ်ထားတာပါ။ ကိုယ်ပိုင်ဟန်လေး တစ်ခု ရချင်လို့ပါ။ တေးရေးတွေက ကိုပူစူးရယ်၊ ကိုလင်းနစ်ရယ်၊ ကိုချစ်မင်းရယ်၊ ကိုဒွဲလာ၊ ကိုအေရွန်၊ နောက်ပြီးတော့ ညီမကိုယ်တိုင် ရေးထားတာတွေပါတယ်။ မြူးဇစ် အမျိုး အစားကတော့ အခွေထဲမှာ နည်းနည်း စုံသွားတယ်။ သီချင်းရှာနေရ တာလည်း ကြာ သွားတာကြောင့် ဒီအခွေက ကြာသွားတာပါ။ ပထမအယ် ဘမ်နဲ့ဆို တော်တော်အလှမ်း ဝေးသွား သလိုမျိုး ဖြစ်သွားတယ်လေ။ သီချင်းတွေကတော့ ကိုယ့်ခံစားချက်နဲ့ နီး စပ်တဲ့သီချင်းတွေလို့ ပြောလို့ရတယ်”လို့ အခွေနဲ့ ပတ်သက်ပြီး ဆိုင်စံက ပြောပါတယ်။

ဒီအချိန်မှာ အဖေသာရှိခဲ့မယ်ဆိုရင်ဆိုတဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက်ကို မေးဖြစ်ပြန်တော့…” ဒီအချိန်မှာ သူသာရှိနေမယ် ဆိုရင်သူ့ရဲ့ အားပေးမှုတွေ၊ ခွန်အား တွေနဲ့ ပိုပြီးတော့ အလုပ်တွေလုပ် ဖြစ်နေမယ်ထင်တယ်” လို့ သူမက ပြောပါတယ်။

ဦးစိုင်းထီးဆိုင်နဲ့ ပတ်သက်ပြီး အခုချိန်ထိ သူ့သီချင်းတွေကြားရင် တစ်မိသားစု လုံး ငိုနေရတုန်းပါပဲလို့ဆိုတဲ့ ဆိုင်စံက ဆက်လက်ပြောပါတယ်။ နှစ်စဉ်လုပ်ဖြစ်ကြတဲ့ အလှူ အတန်းတွေနဲ့ ပတ်သက်ပြီးလည်း  ဆိုင်စံကိုမေးဖြစ်တဲ့အခါ . . .

ညီမတို့ မိသားစုမှာက အမြဲတမ်း နှစ်စဉ်နှစ်တိုင်း အလှူတွေရှိတယ်။ အဘိုး အဘွားတွေကနေ ဖေကြီးက တာဝန်ယူပြီးလုပ်တယ်။ ဖေကြီးမရှိတော့တဲ့အခါမှာ ကိုယ်က တာဝန်ယူပြီးလုပ်တယ်။ အဲဒီလိုမျိုး မိသားစု အလှူတွေရှိတယ်။ နောက်ပြီးတော့ ဖေကြီးအတွက်ကကျတော့ သီးသန့်အနေနဲ့က မွေးနေ့မှာ တစ်ခေါက်လှူတယ်။ နောက် ပြီးတော့ နှစ်စဉ် ဖေကြီးဆုံးတဲ့ နေ့တိုင်း အလှူလုပ် တယ်။ အခုဆိုရင် ၉နှစ်ပြည့် သွားပြီ ပေါ့။ အလှူကတော့ ဖေကြီးအတွက်က အမြဲတမ်း လုပ်ဖြစ်ပါတယ်။ နောက်ပြီးတော့ ညီမတို့ မိသားစုက အလှူလုပ်ပြီဆိုရင် သူ့အတွက်ကိုပဲ ရည်စူးပြီးလုပ်ကြတာများတယ်။ ဦးစိုင်း ထီးဆိုင်မိသားစု ဆိုပြီးတော့ပေါ့။ မွေးနေ့ဆိုရင် အမေကတော့ ဖေကြီးအုတ်ဂူကို သွားတာ များတယ်။ ညီမတို့ကတော့ ကိုယ်နိုင်သလောက်တွေ မျှပြီးတော့ လှူဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here