သရုပ်ဆောင် ဧငြိမ်းဖြူနဲ့ အဆိုတော် ရဲရင့် အောင်တို့ ချစ်သူ နှစ်ဦးဟာဆိုရင် ချစ်ကြိုက်ခဲ့တဲ့ လ အနည်းငယ် အတွင်းမှာပဲ တစ်ယောက်နဲ့ တစ် ယောက်နားလည်မှုတွေ ခိုင်မာစွာရှိနေကြတာ ဖြစ်ပါ တယ်။ ဒါကြောင့် ရှေ့ဆက်မယ့်ချစ်ခရီးလမ်းကိုလည်း သူတို့တွေ ဘယ်လို လျှောက်လှမ်းဖြစ်မလဲဆိုတာ ကို ဧငြိမ်းဖြူက…
” အဆင်ပြေပါတယ်။ အချိန်တွေ နည်းနည်း ကြာလာတဲ့ အခါမှာတော့ တဖြည်းဖြည်းနဲ့သူမ ကြိုက် တာတွေ ကိုယ်မကြိုက်တာတွေ ညှိညှိ နှိုင်းနှိုင်းနဲ့ နေလာခဲ့ကြတာ ဆိုတော့ အခုလည်း ၁ဝ လအတွင်း ထဲ ရောက်နေပြီဆိုတော့ အရင်ကထက်တော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပိုရှိနေ ပါတယ်။ အခု လက်ရှိမှာတော့ ညီမတို့နှစ်ယောက် စလုံးက အဆင်ပြေအောင်နေတယ်။ နောက် အနာဂတ် အတွက်က တော့ သူလည်းသူ့အလုပ်ကို ကြိုးစားနေတယ်။ နှစ်ယောက်စလုံးကတော့ အလုပ် တွေ ကြိုးစားနေရတာဆိုတော့ ရှေ့အတွက်ကို သိပ်ပြီး မစဉ်းစားရဲသေးဘူး။ ဖူးစာဆိုတာက လည်း ပါမှလေ။ ကိုယ်ကတအားကြီး မျှော်လင့်ထားပြီးမှ ကိုယ်မျှော်လင့် ထားသလို မဖြစ်လာရင် ကိုယ်ပဲခံစား ရ မှာလေ။ အဲဒီအတွက် ညီမကတော့ ရှေ့အတွက် မစဉ်းစားဘဲ အခုလက်ရှိ ဖြတ်သန်းနေတဲ့ အချိန်ကိုပဲ အ ကောင်းဆုံးဖြစ် အောင်ပဲ ညီမက တော့ ဖြတ် သန်းပါတယ်” လို့ ပြောပါတယ်။
သူ့ချစ်သူကိုလည်း ဂီတဘက်မှာ ဒီ့ထက်မက အောင်မြင် မှုတွေ ရရှိစေချင်ကြောင်းကို ဧငြိမ်း ဖြူ က အခုလိုပြောပြပါတယ်။
”ညီမတို့ နှစ်ယောက်ကတော့ ဏ့သအသှ့သသအ တွေ ရိုက်ဖို့ရှိပါတယ်။ နောက်ပိုင်းကကျတော့ အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လိုတွေဖန်တီးဖြစ် ဦးမလဲ မသိသေးပါဘူး။ သူဆိုလည်း သူ့ ပရိသတ်တွေ အတွက် သူ့သီချင်းတွေကို အကောင်းဆုံး ဖန်တီးပေး တယ်။ သီချင်း တစ်ပုဒ်ကောင်းဖို့ အတွက် သူတအား ကြိုးစားတာ။ အဲဒါကြောင့်လည်း သူဒီအတိုင်း အတာထိ သူအောင်မြင်နေတယ်လို့ ညီမ ထင်တယ်။သူ့ကိုဒီ့ထက်လည်း အများကြီး အောင်မြင်စေ ချင်ပါတယ်” လို့ ပြောပြပါတယ်။
ဇင်မာနွယ်