သူ့ရဲ့ ယောက်ျားဆန်တဲ့ဆွဲဆောင်မှုကို Esquire မဂ္ဂဇင်းကာဗာမှာ ချပြလိုက်တဲ့ လီဗျောင်ဟွန်း

0
101

lee-byung-hun-side-responds-to-leaked-content-from-the-private-second-trial-copy

မင်းသား လီဗျောင်ဟွန်း (Lee Byung Hun) ကို Esquire မဂ္ဂဇင်း ကာဗာဒီဇိုင်းမှာ တွေ့မြင်ရတော့မှာပါ။ ဓာတ်ပုံရိုက်ကူးနေစဉ်မှာပဲ မင်းသား လီဗျောင်ဟွန်း (Lee Byung Hun)  ဟာ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်တွေကို ထုတ်ပြခဲ့ပါတယ်။ တချို့ပုံတွေဆို သူသရုပ်ဆောင်ဖူးတဲ့ ကာရိုက်တာတွေနဲ့ တူနေပါတယ်။

201506eskythai-copy

ရိုက်ကူးရေးအပြီး အင်တာဗျူးတော့ အခုလို ရိုက်ကူးရတာဟာ   ဖော်မပြနိုင်ေ လာက်အောင် ပျော် ရွှင်ပါတယ် လို့ ဖြေခဲ့ ပါတယ်။ နောက်ဆုံး ထွက်ရှိလာခဲ့တဲ့ ကာလာအဖြူအမည်းနဲ့ ဖြစ်ပေမယ့် ဓာတ်ပုံတွေက ဆွဲ ဆောင်မှု ရှိလွန်းပါတယ်။ Busan International Film Festival မှာလည်း မင်းသားလီဗျောင်ဟွန်း (Lee Byung Hun) က သူ့သားနဲ့ ပတ်သက်ပြီး   သားက တအား ငယ်သေးတဲ့အတွက် ရိုက်ကူးဖို့ ကာရိုက်တာရွေးချယ်တာဟာ အကန့်အ သတ်ရှိနေသေးသလို သားလေးရဲ့ ပထမဆုံး ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကတော့ သူ ရိုက်ကူးခဲ့တဲ့ “I saw the Devil” ဇာတ်ကား ဖြစ်သင့်တယ်လို့ ဟာသအနေ နဲ့ ပြောခဲ့ပါတယ်။

rvldd-copy

လီဗျောင်ဟွန်း(Lee Byung Hun)ဆက်ပြောခဲ့တာက အခု သားက ငယ်သေးတဲ့အတွက် အာရုံမစိုက် နိုင်သလို အရင်တစ်ခါ   ခေါ်သွားတဲ့ ပွဲမှာ ငို တာ ကြောင့် ကြည့်ရှုသူတွေကို အနှောင့် အယှက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် မခေါ်သွားဖြစ်တော့ပါဘူး။ သားလေး အရွယ်ရောက်လာတဲ့အချိန်မှ ရုပ်ရှင်ရုံကို အတူတူ သွားကြည့်ဖို့ စိတ်ကူးထားသလို သူဘယ်လို ကြိုးစားခဲ့တာ တွေကိုလည်း သားကို ပြောပြချင်ပါတယ်တဲ့။


LEAVE A REPLY

Please enter your comment!
Please enter your name here