ဒုတိယမြောက် ကိုယ်ဝန် လွယ်ထားတာ ငါးလရှိပြီဆိုတဲ့ ချောရတနာ

0
165

အခုလက်ရှိမှာ ချောရတနာက ဒုတိယရင်သွေးငယ် ကိုယ်ဝန်ကို လွယ်ထားရပြီ ဖြစ်ပါတယ်။ ဒုတိယမြောက် ကိုယ်ဝန်ကတော့ ၅ လရှိပြီ ဖြစ်ပြိး သမီးလေး ဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒုတိယ ကိုယ်ဝန်မှာတော့ ပထမ ကိုယ်ဝန်နဲ့ မတူဘဲ ကျန်းမာရေး အနည်းငယ်ချူချာတယ် ဆိုတဲ့ ချောရတနာက… “အစ်မက မိခင်စိတ်ပဲ ပြောရမလားမသိဘူး။ သားလေးပဲဖြစ်ဖြစ် သမီးလေးပဲ ဖြစ်ဖြစ် ကလေးကျန်းမာဖို့ပဲ အဓိကထားပါတယ်။ ကလေးက မိန်းကလေးဆိုတော့ အစ်မအတွက် အဖော်ရတာပေါ့။ အစ်မ အမျိုးသားကလည်း မိန်းကလေးလိုချင်တော့ သူ့ဆန္ဒပြည့်သွားတာပါပဲ။ အခုတစ်ခေါက် ကိုယ်ဝန်မှာ အစ်မ ကျန်းမာရေး ညံ့တယ်လို့ ဆိုရမှာပါ။ ဒီတစ်ခေါက်တော့ သွားရလာရတာ တော်တော်ကြီး လေးလံတယ်။ ကိုယ်ခန္ဓာ ပေါင်ချိန်တွေတောင် ကျသွားတယ်။ ဒါကြောင့် ပေါင်ချိန်တတ်အောင် အစားတွေ စားပြီး Fit ဖြစ်အောင် လုပ်ထားတယ်။ အစားအသောက်ကိုလည်း စားချင်ချင် မစားချင်ချင် ကလေး အတွက်စားတယ်။ နွားနို့လည်း နေ့တိုင်း မသောက်နိုင်ဘူး။ ဒါပေမဲ့ ကြိတ်မှိတ်ပြီး မြိုချရတယ်” လို့ ပြောပြပါတယ်။

ဒုတိယ ကိုယ်ဝန်ကိုလည်း ဝိတိုရိယ ဆေးရုံမှာပဲ ဆရာမ ဒေါ်ခင်လေးကြွယ်နဲ့ မွေးဖွားသွားမယ်လို့ သိရပါတယ်။ ချောရတနာက အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်တွေ တော်တော်ကျဲပါးသွားတာ တွေ့ရပါတယ်။ အခွင့်ရရင် အနုပညာအလုပ်တွေ ပြန်လုပ်ဦးမယ်ဆိုတဲ့ ချောရတနာက…

”အစ်မက အနုပညာသမား ဆိုတော့ အနုပညာအလုပ်ကို တအားလုပ်ချင်တယ်။ ဝါသနာလည်းပါတယ်။ ကလေးမွေးပြီးသွားတော့ မိသားစုကို ဦးစားပေးရတာမျိုးတွေ ရှိတယ်။ သားလေးကို အစ်မက လာကြည့်ပေး တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ သန္တာဗိုနောက် လိုက်ပေးတာမျိုးရှိတော့ မအားဘူး။ ဒါကြောင့် အစ်မက ကလေးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက် ပေးနေရတယ်။ သားသား ကြီးလာတော့လည်း ရုပ်ရှင်ရိုက်ဖို့ သူငယ်ချင်းတွေကရော လာကမ်းလှမ်း တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အခု ဒုတိယကိုယ်ဝန်ရသွားတယ်။ မိသားစု အတွက်ပဲ အချိန်ပိုပေးနေရတယ်။ အရင်ကလို အနုပညာအလုပ်တွေ အများကြီး မလုပ်နိုင်တော့ပေမယ့် ကိုယ်လုပ်နိုင်သလောက်တော့ ကြိုးစားသွားပါဦးမယ်” လို့ ချောရတနာက ပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here