မငြိမ်သေးသော ခိုးကူးခွေဂယက်

0
280

အောင်သူဟိဏ်း
(တတိယနှစ် ဘူမိ ဗေဒကျောင်းသား)

ခိုးကူးခွေတွေ ဝယ်ဖြစ်ပါတယ်။သူငယ်ချင်းတွေလည်း ခိုးကူးခွေ (ကော်ပီခွေ)ပေါ့ ဝယ်ကြတာဘဲ။ အော်ရီဂျင်နယ် ခွေတွေဝယ်ဖို့မှ အ ဆင်မပြေတာ။ မပြေဘူးဆိုတာက ကော်ပီခွေက လမ်းဘေးမှာ လိုချင်တဲ့ အခွေကို မေးလိုက်ရှာပြီး ဝယ်လို့ရ တယ်။ အော်ရီဂျင်နယ်ခွေက မလွယ် ဘူး၊ စူပါမားကတ်တွေ၊ စတိုးဆိုင်ကြီး တွေမှာဘဲ ဝယ်ရတယ်။ တစ်ခါတလေ လိုချင်တဲ့ မူရင်းခွေ ရှားရှားပါးပါး ရှိလို့ ဝယ်ချင်ရင်တောင် မနည်းလိုက်ရှာရ တယ်လေ။ ရန်ကုန်၊ မန္တလေးမဟုတ် တဲ့ နယ်မြို့တွေမှာဆို ကိုလိုချင်တဲ့ မူရင်းခွေကို ရှာလို့ကိုမလွယ်ဘူး။ အဲ တော့ ကြာပါတယ်ကွာ ကော်ပီဘဲဝယ် မယ်ဆိုပြီး သုံးရာ့ငါးဆယ်လောက်နဲ့ အိုကေသွားတယ်။ ဒါကြောင့် ခိုးကူး တွေက ဆက်ပြီးရှိနေအုံးမှာပါ။ ဖမ်း နေလည်း ကျနော်တို့လို လူငယ်တွေ အတွက် ရတဲ့ပိုက်ဆံနဲ့ သုံးထောင် ကျော်တန် မူရင်းနားထောင်မလားသုံး ရာကျော်တန်ကော်ပီ နားထောင် မလားဆို ကော်ပီဘဲ ဝယ်ရတာပေါ့။ကိုယ်ရတာနဲ့ ချိန်ရသေးတယ်လေ။နောက် အရေးကြီးဆုံးကတော့ ဘယ်ခွေဝယ်ဝယ် လူငယ်မို့လားတော့ မသိဘူး တစ်နှစ်လောက်ပဲ ကောင်း ကောင်းကြိုက်တယ်။ ဒါတောင်အ တော် ကြိုက်မှမဟုတ်လို့ကတော့ ခဏဘဲ နားထောင်ရတာ ရိုးသွားတာ ချင်းအတူတူ ကော်ပီဘဲ ဝယ်ဖြစ်ပါ တယ်။ တစ်ခုဘဲ မူရင်းခွေတွေက ဈေးတဝက်လောက်လျှော့ပြီး တစ် ထောင် ကျော်လောက်နဲ့ ရရင်တော့ ကျနော်တို့လည်း ကော်ပီမဝယ်ဘဲ မူ ရင်းပဲဝယ်မိမှာပါ။

ရှိုင်းကိုကို
(Site Engineer)

ခိုးကူးခွေကို ကိုယ်တိုင် အတွက် တော့ မဟုတ်ပေမယ့် သူငယ်ချင်းတွေ မှာတာတို့၊ အိမ်က မှာတာတို့ဆို ဝယ် ဖြစ်ပါတယ်။ မြန်မာဇာတ်ကားတွေရှိ မယ်၊သီချင်းတွေကို ပေါင်းပြီးထုတ် တာတွေ ရှိတယ်။ နိုင်ငံခြားဇာတ်ကား တွေလည်းရှိတယ်လေ။ နယ်ဘက်ကျ တော့ ဒီအခွေတွေကို ပဲကြည့်နေကြ တာလေ။ အများဆုံး ဝယ်ဖြစ်တာက နိုင်ငံခြား ဇာတ်လမ်းတွဲတွေ၊သီချင်းတွေ နဲ့ တရားခွေတွေပေါ့။ ကော်ပီခွေ တွေကို ပျောက်ချင်ရင်နှိမ်နင်းမှဘဲ ရမယ်လေ။ အဆိုးနဲ့ အကောင်းနဲ့ ဒွန် တွဲနေတာပါဘဲ။သီချင်းတွေ ဆိုနေတဲ့ သူတွေဘက်ကကြည့်ရင်လည်း ဒီခိုးကူး တွေက အတော်အန္တရာယ်ကြီးပါ တယ်။ သူတို့က မူရင်းခွေရောင်းရ ရမှ အဆင်ပြေနိုင်တာကို ခိုးကူးတွေ ပဲရောင်းနေရတော့ အရင်းတောင် ပြန်မရတဲ့ ထုတ်လုပ်သူတွေကြောင့် ကြာရင် သူတို့ခက်ခဲလာမှာပါ။ ဝယ်တဲ့သူဘက်က ကြည့်တော့လည်း ဈေးက အရမ်းကွာပါတယ်။ နောက် ရတဲ့ ဝင်ငွေနဲ့ ချိန်ရမှာပါ။ တစ်နေ့ ကို ငါးထောင်လောက် ရတဲ့မိသားစု အတွက် သီချင်းလေး နားထောင်ချင် လို့ အခွေဝယ်မယ် တစ်ခွေသုံးလေး ထောင်ဆိုတော့ ခိုးကူးသုံးရာတန်ပဲ ဝယ်တော့မှာပေါ့။ ကြည့်ရတာချင်း ကအတူတူဘဲလေ။ ခဏပဲကြာတော့ ရိုးတာဆိုတော့။ နောက်မူရင်းက ရုပ်သံ အရည်အသွေး ကွာပေမယ့် ဒီအခြေခံ လူတန်းစားတွေအတွက် က ရုပ်သံကွာလတီ ဆိုတာ ဘဲဥချဉ် ဟင်း လောက်တောင်အရေး မပါပါ ဘူး။ ကျွန်တော့်အမြင်ပါ။ ဒါကြောင့် အသံထွက်မယ်၊ ကြည့်လို့ရမယ်၊ဈေး သက်သာမယ် ဒါဆိုလုံလောက် ပြီ လေ။ ဒါကြောင့်ခိုးကူးတွေက ရှိနေ တာ ပါခုထိကို။ သူငယ်ချင်းတွေထဲက (IC) ကြိုက်တဲ့သူတွေ ရှိတော့ သူတို့ တော့ မူရင်းဝယ်ကြပါတယ်။ နှစ်မျိုးရှိ နေမှတော့ လူတွေအကုန်လုံးက ပေါ ချောင်ကောင်းပဲ အားပေးမှာပဲ လေ။ တော်တော်များများ ဘောစိ ကျတဲ့ သူတွေလောက်ပဲ။ ခရေဇီ အနုပညာ ရှင်တွေကိုလောက်ပဲ ဝယ်သိမ်းဖို့ ဝယ်ကြမှာပေါ့။

ခင်လေး
(Commerce Agent)

ကော်ပီ ခိုးကူးခွေတွေ မဝယ် ဖြစ်တာ အတော်ကြာပြီ။ ကြာပြီ ဆိုတာ မူရင်းဝယ်လို့ တော့မဟုတ်ပါ ဘူး။ အင်တာနက်ကနေ ဒေါင်းကြည့် နေလို့ပါ။ ဟိုးအရင်က သီချင်းဆိုဖို့ တော့ ကော်ပီတွေဝယ်ဖြစ်တယ်။ ခု တော့ Snap Tube လို့ခေါ်တဲ့ အက် ပလီကေးရှင်းလေး ဖုန်းထဲရှိတာနဲ့ ကိုယ်ကြိုက်တဲ့သီချင်း ရှာဒေါင်းလို့ ရနေတော့ ခိုးကူးကို မဝယ်ဖြစ်တော့ ပါဘူး။ မူရင်းခွေထဲမှာ ဆိုရင် လေးဖြူ သီချင်းတွေလောက်ပဲ ဝယ်နား ထောင်ဖူးတယ်ကြာပါပြီ။ ခုထိလည်း မရိုးဘူးလေ။ ကျန်တာတွေက ကြား နေရသလောက် ပေါက်တဲ့သီချင်းလဲ ခဏဘဲ။ ဒီတော့ လူတွေက မူရင်းဝယ် ဖို့ တွန့်ကုန်တာပေါ့။ ပြောရမှာနှစ် ပိုင်းရှိပါတယ်။ လူတွေရဲ့ ဝင်ငွေမှာ မူတည်ပြီး အင်တာတိန်းမန့်ကို ခွဲဝေသုံးကြတဲ့အခါမှာ မူရင်းပဲ ဝယ်ချင် ကြပေမယ့် မတတ်နိုင်ကြပါဘူး။ ဒီအခါမှာတော့ ကော်ပီနဲ့ပဲ စခန်း သွားကြတာပေါ့။ ဖမ်းနေဆီးနေလို့ ကော်ပီတွေ ပျောက်မယ်ဆိုရင် ခုချိန် မူရင်းတွေပဲ ရှိတော့မှာပေါ့။ ဘာလို့ မပျောက်လဲ။ ကော်ပီတွေ ရှိနေလည်း ရှင်းပါတယ်။ ဝယ်တဲ့သူတွေရှိလို့၊ ဘာလို့ဝယ်လဲ။ ဈေးသက်သာလို့။ ဒါဆို ဘယ်လိုလုပ်နိုင်မလဲ။ မူရင်း ဝယ်အောင်ဈေးကို ကော်ပီနဲ့ မတိမ်း မယိမ်းရောင်း။ ဟိုလေ ပညာရှင်မ ဟုတ်လို့ ကုန်ကျစာရိတ် ဘာညာနည်း ပညာတွေမသိဘူးနော် ထင်သလိုဖြေ ပေးတာ။ မှားချင်မှားနိုင်မယ် လက် တွေ့မှာတော့ ကော်ပီ ဈေးနီးပါး မတိမ်းမယိမ်း ရောင်းမူရင်းခွေတွေကို ဥပမာ ကော်ပီကငါးရာဆို မူရင်းခွေ ကိုရှစ်ရာ တစ်ထောင်လောက်အထိ ရောင်းပေးပေါ့။ ဒါဆိုဝယ်တဲ့ သူဖက် ကလည်း မူရင်းဝယ်မှာပါ။ နောက် ကော်ပီခွေတွေမှာ အရောင်းရဆုံးက မူရင်းစီးရီး လိုက် ပြန်ကူးတာထက် ပေါက်တဲ့ သီချင်းတွေစုပြီး ကူးတဲ့ အ ခွေတွေပါ။ နားထောင်တဲ့ သူက ဒီ တစ်ခွေက တစ်ပုဒ်၊ ဟိုတစ်ခွေက တစ်ပုဒ်ထက် တစ်ခွေလုံးကို ပေါက် တာ၊ ကောင်းတာတွေပဲ စုထားတော့ ဝယ်ကြပြီလေ။ မူရင်းမှာက တစ်ခွေ လုံးကောင်းတယ် ဆိုတာ ရှားတာကိုး။ကော်ပီ ခိုးကူးခွေတွေ မဝယ် ဖြစ်တာ အတော်ကြာပြီ။ ကြာပြီ ဆိုတာ မူရင်းဝယ်လို့ တော့မဟုတ်ပါ ဘူး။ အင်တာနက်ကနေ ဒေါင်းကြည့် နေလို့ပါ။ ဟိုးအရင်က သီချင်းဆိုဖို့ တော့ ကော်ပီတွေဝယ်ဖြစ်တယ်။ ခု တော့ Snap Tube လို့ခေါ်တဲ့ အက် ပလီကေးရှင်းလေး ဖုန်းထဲရှိတာနဲ့ ကိုယ်ကြိုက်တဲ့သီချင်း ရှာဒေါင်းလို့ ရနေတော့ ခိုးကူးကို မဝယ်ဖြစ်တော့ ပါဘူး။ မူရင်းခွေထဲမှာ ဆိုရင် လေးဖြူ သီချင်းတွေလောက်ပဲ ဝယ်နား ထောင်ဖူးတယ်ကြာပါပြီ။ ခုထိလည်း မရိုးဘူးလေ။ ကျန်တာတွေက ကြား နေရသလောက် ပေါက်တဲ့သီချင်းလဲ ခဏဘဲ။ ဒီတော့ လူတွေက မူရင်းဝယ် ဖို့ တွန့်ကုန်တာပေါ့။ ပြောရမှာနှစ် ပိုင်းရှိပါတယ်။ လူတွေရဲ့ ဝင်ငွေမှာ မူတည်ပြီး အင်တာတိန်းမန့်ကို ခွဲဝေသုံးကြတဲ့အခါမှာ မူရင်းပဲ ဝယ်ချင် ကြပေမယ့် မတတ်နိုင်ကြပါဘူး။ ဒီအခါမှာတော့ ကော်ပီနဲ့ပဲ စခန်း သွားကြတာပေါ့။ ဖမ်းနေဆီးနေလို့ ကော်ပီတွေ ပျောက်မယ်ဆိုရင် ခုချိန် မူရင်းတွေပဲ ရှိတော့မှာပေါ့။ ဘာလို့ မပျောက်လဲ။ ကော်ပီတွေ ရှိနေလည်း ရှင်းပါတယ်။ ဝယ်တဲ့သူတွေရှိလို့၊ ဘာလို့ဝယ်လဲ။ ဈေးသက်သာလို့။ ဒါဆို ဘယ်လိုလုပ်နိုင်မလဲ။ မူရင်း ဝယ်အောင်ဈေးကို ကော်ပီနဲ့ မတိမ်း မယိမ်းရောင်း။ ဟိုလေ ပညာရှင်မ ဟုတ်လို့ ကုန်ကျစာရိတ် ဘာညာနည်း ပညာတွေမသိဘူးနော် ထင်သလိုဖြေ ပေးတာ။ မှားချင်မှားနိုင်မယ် လက် တွေ့မှာတော့ ကော်ပီ ဈေးနီးပါး မတိမ်းမယိမ်း ရောင်းမူရင်းခွေတွေကို ဥပမာ ကော်ပီကငါးရာဆို မူရင်းခွေ ကိုရှစ်ရာ တစ်ထောင်လောက်အထိ ရောင်းပေးပေါ့။ ဒါဆိုဝယ်တဲ့ သူဖက် ကလည်း မူရင်းဝယ်မှာပါ။ နောက် ကော်ပီခွေတွေမှာ အရောင်းရဆုံးက မူရင်းစီးရီး လိုက် ပြန်ကူးတာထက် ပေါက်တဲ့ သီချင်းတွေစုပြီး ကူးတဲ့ အ ခွေတွေပါ။ နားထောင်တဲ့ သူက ဒီ တစ်ခွေက တစ်ပုဒ်၊ ဟိုတစ်ခွေက တစ်ပုဒ်ထက် တစ်ခွေလုံးကို ပေါက် တာ၊ ကောင်းတာတွေပဲ စုထားတော့ ဝယ်ကြပြီလေ။ မူရင်းမှာက တစ်ခွေ လုံးကောင်းတယ် ဆိုတာ ရှားတာကိုး။

နန္ဒာအောင် (ကျောင်းဆရာမ)

ရှိလည်းကောင်းတယ်။ မရှိတာ လည်း ကောင်းတယ်ပေါ့။ ရှိရင်ဝယ် ရတာ အဆင်ပြေတယ်။ ဈေးသက် သာတယ်။ မရှိတော့ဘဲရွေးပြီးဝယ်ကြ မယ် မဝယ်ဖြစ်တော့ ဖို့လဲများတယ်။ ခုနောက်ပိုင်းမှာ အခွေဝယ်တာထက် online ကနေ down ပြီးနားထောင် တာများကြတယ်။ အခွေတွေ ဘယ် လိုရှိရှိ စိတ်ထဲသိပ်မဝင်စားကြတော့ ဘူး။ သူတို့သီချင်းအသစ် ထွက်မယ်၊ အခွေထွက်မယ်၊ ပွဲလုပ်ရင်သွားကြည့် မယ်။ အခွေ အဲ့ဒီမှာပဲဝယ်ကြမယ်။ ပြီး နောက်ဆုံးတော့ အခွေထက် Phone နဲ့ နားထောင်ကြရတာပဲလေ။ အဲ့ဒီတော့ စိတ်ဝင်စားတာ နည်းလာ ကြတယ်။ ခိုးကူးကိုရော Orginal အခွေ ဆိုပိုဆိုးပေါ့။ အခွေတွေ ဈေးလျော့ လည်း ဝယ်ဖို့က အရမ်းကြိုက်တဲ့   အဆိုတော်လောက်ပဲ အားပေးဖြစ် တော့မာ။ တစ်ခွေမာ၃ ၄ပုဒ်လောက် ကောင်းရုံနဲ့တော့ အခွေကမဝယ်ကြ လောက်တော့ဘူး။ Down ပြီးနား ထောင်ရုံပဲလေ အခွေက ဝယ်ဖို့အ ဆင် မပြေတာတွေနဲ့ ခုနောက်ပိုင်း Down ပြီးပဲနားထောင်နေပါတယ်။

ဖူးဖူးအောင် (တတိယနှစ် ဥပဒေကျောင်းသူ)

ခိုးကူးပြောပြော ကော်ပီပြော ပြော ဈေးသက်သာတဲ့ အခါကျတော့ ရှိသင့်တယ်လို့ ပြောချင်တာ။ အပြည့် အဝထောက်ခံတယ်။ ဘာလို့ဆို အဆိုတော်တွေ အတွက်မတရားဘူး ပြောပြော ဈေးကဒီလောက် ကွာနေ တာ ခိုးကူးပဲဝယ်မှာ။ ဒါပေမဲ့ အခု နောက်ပိုင်းတော့ သီချင်းတွေကို ဖုန်းနဲ့နားထောင်တော့ အင်တာနက် က နေ ဒေါင်းကြည့်နေတော့ ခိုးကူးကော၊  မူရင်းကောဘာမှကို မဝယ်ဖြစ်တော့ ပါဘူး။ မူရင်းခွေက ဈေးသက်သာရင် တော့ မူရင်းဝယ်မှာပေါ့။ ခိုးကူးနဲ့ အ ရမ်း ကွာနေရင်တော့ နောက်လည်း ကော်ပီပဲ ဝယ်မှာ။ ကိုယ်ရတဲ့ မုန့်ဖိုးနဲ့ မူရင်းဝယ်လောက်အောင် မချမ်းသာ ဘူးလေ။ ခိုးကူးကြောင့် ပြည်တွင်းက အဆိုတော်တွေ အခွေမထွက်နိုင်လို့ နားမထောင်ရရင်လည့်း သကအကဘန ကနေ နိုင်ငံခြားသီချင်းတွေ ဒေါင်း ကြည့်ရုံပေါ့။ ဘယ်တတ်နိုင်မလဲ။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here