သနပ်ခါး Mask ထုတ်လုပ်လိုက်တဲ့ မိုးစက်ဝိုင်

0
203

မိုးစက်ဝိုင်က သူ့ရဲ့နာမည်နဲ့ သနပ်ခါး Mask ကို နိုဝင်ဘာလကုန် မှာ ထုတ်လုပ်သွား မှာဖြစ်ပါတယ်။ သနပ်ခါး Mask ထုတ်လုပ် ဖြစ်ပုံကို တော့ မိုးစက်ဝိုင်က … “မိုးစက် Skin Care တစ် ခုထုတ်လုပ်ထားပါတယ်။အဲဒါက မျက် နှာပေါင်းတင်တဲ့ အရာပါ။ သနပ်ခါးနံ့ လေးပါမယ်။ တစ်နေတာမှာ လူတစ် ယောက်က ပင်ပန်းနေတယ်။ ရာသီ ဥတုပူတယ်။ ဆိုရင် အိမ်ပြန် ရောက် ရင် အနားယူချင်တယ်။ စိတ်ကို Relax ဖြစ်စေချင်တယ်။ မျက်နှာဖုံး လေး အုပ်ထားလို့ရှိရင် သနပ်ခါးနံ့ တင်မကဘူး။ အေးမြတဲ့ ဖီလင်ကို ရရှိမယ်။ မျက်နှာလေးက ကြည်လင် ပြီး သန့်ရှင်းနေမယ်။ အဲဒီဖီလင်ကို ပေးချင်လို့ ဒီ Mask ကိုထုတ်လုပ်ဖြစ် တာပါ။ မိုးစက်က ငယ်ငယ်ကတည်း က သနပ်ခါးလိမ်းတယ်။ မိုးစက် သနပ်ခါးလိမ်းတာ ဘာကိုကြိုက်လို့ လိမ်းတာလဲဆိုပြီး ကိုယ့်ကိုယ် ကိုယ် ပြန်မေးတယ်။ မိုးစက်ကြိုက်တာ သ နပ်ခါး အနံ့ကိုကြိုက်တာ။ နိုင်ငံခြား မှာ ကျောင်းတက်တဲ့ လူအနေနဲ့ နေ ရာတကာ လိမ်းလို့မရဘူး။ ဒါပေမဲ့ သနပ်ခါး အနံ့ကို ကြိုက်တယ်။ အဲဒါ ကြောင့် Mask  ထုတ်လုပ်တဲ့အခါ မှာ တခြားပန်းအနံ့တွေ ထက်စာရင် သနပ်ခါးနံ့လေးရှိရင် ပိုကောင်းတယ် ဆိုပြီးထုတ်ဖြစ်တာပါ”လို့ ပြောပါတယ်။
သူ့ရဲ့နာ မည်နဲ့ ထုတ်လုပ် တာ ဖြစ်တဲ့အ တွက် ကွာလတီ ပိုင်းကိုလည်း သေချာဂရုစိုက် ထုတ်လုပ်ထားပါ တယ်ဆိုတဲ့ မိုး စက်ဝိုင်က… “မိုးစက် ကွာလတီပိုင်း အတွက် ကိုရီးယားကို ခဏခဏ သွားဖြစ်တယ်။ မျက်နှာဖုံး ပိတ်သားက အစသေချာ ရွေးတယ်။ တအားလည်း မထူချင်ဘူး။ တအားလည်း မပါးချင်ဘူး။ ဆွဲလိုက် ရင်ပြဲသွားတာမျိုး မဖြစ်ချင်ဘူး။ ဒီဇိုင်းပိုင်းကိုလည်း ဂရုစိုက်တယ်။ မိုးစက်ကိုယ့်တိုင်က သုံးစွဲသူထဲမှာ ဒီ ဇိုင်းပိုင်းကိုလည်း ကြည့်တဲ့သူ ဖြစ်လို့ ပါ။ကိုရီးယားနိုင်ငံမှာပဲထုတ်ပြီး ကိုရီးယားနိုင်ငံမှာပဲ ပြန်တင်သွင်း ထား တာပါ။ ကိုရီးယားရဲ့ Standard ကွာ လတီကိုမီတယ်။ မြန်မာပြည်ရဲ့ DA  လည်း ရပြီးပါပြီ” လို့ပြောပါတယ်။  မကြာမီရုံတင်ပြသတော့မှာ ဖြစ်တဲ့ မိုးစက်ဝိုင်ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကား “ပက်ပက်စက် စက် ညှို့” ရုပ်ရှင်ဇာတ်ကား အတွက် ရင် ခုန်နေတဲ့ မိုးစက်ဝိုင်ကဒီဇာတ် ကား ထဲကအခက်အခဲတွေနဲ့ ပတ်သက် ပြီး… “ငိုတာတော့ အရမ်းအခက် အခဲဖြစ်ပါတယ်။ မိုးစက်ငိုရတဲ့ အခန်းကို ၂ရက်လောက်ရိုက်ရတယ်။ ကိုသားညီရော ကိုနေတိုးရော ကူငို ပေးတယ်။ သူတို့ အရမ်းကြိုးစားပေး တယ်။ မိုးစက်က ပထမတော့ ငိုလို့ကို မရဘူး။ ငိုတာနဲ့ ပတ်သက်ရင် အပြင်လောကမှာ ကျင့်ထားတာက မငိုအောင် ကျင့်ထားတော့ အခုငိုဆို တော့ အခက်အခဲဖြစ်တယ်။ နောက်ပိုင်း အဆင်ပြေ သွားပါတယ်။ မိုးစက် သေချာ ကြိုးစားထား ပါတယ်။ ဒီဇာတ် ကားကအရမ်းကောင်း မယ်လို့ယုံကြည်ပါ တယ်” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here