မင်္ဂလာသက်တမ်း ၁၃နှစ်ပြည့်ပြီ ဖြစ်တဲ့ လူမင်း နဲ့ ခင်စပယ်ဦး တို့ ဇနီးမောင်နှံ

0
477

လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီး မောင်နှံ နှစ်ဦးရဲ့ မင်္ဂလာသက်တမ်းက တော့ ၁၃ နှစ်ဆိုတဲ့ အချိန် အတိုင်းအတာကို ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ တယ်။ ၁၃ နှစ်တာ ကာလအတွင်းမှာ ဇနီးသည်နဲ့ အတူနက်ရှိုင်းတဲ့ နားလည်မှု တစ်ခုကိုလည်း တည်ဆောက်ထားပြီး သားသမီးတွေ အတွက်လည်း နေ့စဉ်မပျက် အချိန်ပေး ဖြစ်တယ်လို့ လူမင်း ကဆိုပါတယ်။ လူမင်း အလေးအနက် ထား အချိန်ပေးတဲ့ မိသားစု ဘဝကလေးက… “အိမ်ထောင်တစ်ခု ဒီလိုနှစ်ရှည် လများ တည်တံ့ဖို့ဆိုတာ လူတစ်ဦး တစ်ယောက်တည်းနဲ့ မပြည့်စုံပါဘူး။ အကြောင်းအရာ တစ်ခုတည်း နဲ့မပြည့်စုံပါဘူး။အားလုံး ခြုံကြည့်ရင် အများတကာ ပြောနေတာက “နားလည်မှု” လို့ ပြောကြတာပေါ့။ နားလည်မှု ဆိုတဲ့ စကားလုံး ၃ လုံးလေးရဲ့ အတိုင်းအတာက အင်မတန် ကျယ် ပြန့်နက်ရှိုင်းပါတယ်။ ကိုယ်တိုင် သိရှိ ခံစား နားလည်ပြီး တကယ်ကို နားလည်ပေးနိုင်မှ ဒီအိမ်ထောင်သက် တမ်း မိသားစု သက်တမ်းဆိုတာ ရှည်ကြာတာပါ။ အစ်ကိုတို့လည်း ဒီလိုပါပဲ။ နောက်ပြီး မိသားစုကို အလုပ်ဘယ်လောက်ပဲ များများ အလေးနက်ထားပြီးကို အချိန်ပေးပါတယ်။ အလုပ်ကနေ အလုပ်ဘယ်လောက်ပဲ ညနက်ပြီး ပြန်ရောက် ပြန်ရောက် ကလေး တွေကိုလည်း မနက် ကျောင်းပို့ပေးတဲ့ ဂျူတီကို မပျက်မကွက် တာဝန်ထမ်း ဆောင်ပေးတယ်။ မနက် ၆နာရီခွဲ ဆိုရင် ကလေးတွေ နဲ့အတူ အိပ်ရာနိုးတယ်။ က လေးတွေကို ကျောင်းပို့ပြီးမှပဲ ကိုယ့်အလုပ် သွားမယ့် ကိစ္စတွေကို လုပ်တယ်။ အလုပ် များများ မများများပါ။ အခုခေတ် ကလေးတွေ ကလည်း သူတို့ကို အလေးနက်ထားပြီး စောင့်ရှောက်တာ၊ ဂရုစိုက်တာမျိုးကို  ဂရုစိုက်ပြီး လုပ်တယ်။ သားသမီးတွေ အပေါ်မှာ တကယ်အလေးအနက် ထားပြီး အချိန်ပေးရင် မိသားစုဆိုတာ နွေးထွေးတာပါပဲ” လို့ လူမင်းက ပြောပြပါတယ်။

ခင်ပွန်းဖြစ်သူက ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌလုပ်တဲ့ ကာလမှာ ခင် ပွန်းအတွက် စိတ်ပူခဲ့တယ် ဆိုတဲ့ ခင်စံပယ်ဦးရဲ့ စကားသံက… “ကိုလူမင်း ဥက္ကဋ္ဌလုပ်တဲ့ အချိန်တုန်းက အစ်မ စိတ်ပူခဲ့ရတယ်။ သူတအားလည်း ပင်ပန်းတယ်။ ဝေဖန်မှုတွေရော၊ ပင်ပန်းမှုတွေရော များတဲ့အတွက် အစ်မကတော့ မလုပ်စေချင်ဘူး။ အခုက ကိုလူမင်း က ဥက္ကဋ္ဌလည်း မလုပ်တော့ဘူးဆိုတော့ မိသားစုနဲ့ ပိုပြီးလည်း အချိန် ပေးဖြစ်တယ်။ အဲဒီအတွက် တအားပျော်ပါတယ်” လို့ ပြောပြပါ တယ်။ လက်ရှိလူမင်းရဲ့ အနုပညာ လှုပ်ရှားမှုကတော့ ဗီဒီယို ဇာတ် ကားတွေ ရိုက်ကူးပေးနေတယ် လို့ သိရပါတယ်။ ဗီဒီယို ဈေးကွက် ပျက် သွားခဲ့ပေမယ့် ဗီဒီယို ပရိသတ်တွေ များစွာ ရှိသေးတယ် ဆိုတဲ့ လူမင်း က… “အစ်ကိုက ဗီဒီယိုကို သတိထားပြီး အချိန်သတ်သတ် မှတ်မှတ် ချန်ထားတယ်။ အခုဆိုလည်း ဗီဒီယိုဇာတ်ကားတွေ လက်ရှိရိုက်ကူးပေး နေတယ်။ ဗီဒီယိုဈေးကွက်ကလည်း အစ်ကို့တို့ တိုင်းပြည်မှာ မရှိမဖြစ် လိုအပ် နေသေးတယ်။ သန်း ပေါင်း ၅ဝကျော်ရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၁ဝဝ ကျော် လောက်ပဲ ရှိသေးတယ်။ ဒါကြောင့် ပရိသတ်အတွက် ဗီဒီယို ဆိုတာလို အပ်တယ်။ ဗီဒီယိုကို အားပေးတဲ့ ပရိသတ်တွေ အတွက် ဒါဟာ လိုအပ် တဲ့အတွက် အစ်ကို ကိုယ်တိုင်လည်း ရိုက်ကူးပေး နေတာပါ” လို့ ပြောပြ ပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here