အကယ်ဒမီ မေသန်းနု မရိုက်ချင်တဲ့ ကာရိုက်တာက ဘာလဲ…

0
212

အကယ်ဒမီ မေသန်းနုက အခု လတ်တလောမှာတော့ ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးနေတဲ့ “ရန် ကုန်မြို့ရဲ့ ည” ရုပ်ရှင်ဇာတ်ကားကို အောင်ရဲလင်း ၊ ပတ် ထရစ်ရှာ၊ ရန် အောင်တို့နဲ့အတူ ပါဝင် သရုပ်ဆောင် ရိုက်ကူးနေပါတယ်။ ဒီရုပ် ရှင်ဇာတ်ကားက ကလပ်မှာ ကျက်စားနေတဲ့ လူငယ်လေးတွေရဲ့ အဖြစ် အပျက် တချို့ကို သရုပ်ဖော်ကာ ရိုက်ကူးပြတဲ့ ပညာပေးဇာတ်ကား တစ်ကား ဖြစ် ကြောင်း သိရပါတယ်။ ကလပ်က မိန်းမ တစ်ယောက် အဖြစ် ပါဝင် ရိုက်ကူးနေ ရတဲ့ အကယ်ဒမီ မေသန်းနုကတော့ ဒီကာရိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြပါတယ်။ “ရှင်းရှင်းပြောရရင် မဆင့် ဒီကာရိုက်တာကို မရိုက်ချင်ဘူး။ မရိုက်ချင် ဘူးဆိုတာက ဒီကာရိုက် တာက မဆင့် တို့နဲ့လည်း သိမ် မလိုက်ဖက်ဘူးပေါ့နော်။ အဓိက ကတော့ နောက်တစ်ကား ရိုက်ကူး မယ့် ဇာတ်ကားကို မဆင့်ကို လာ ကမ်းလှမ်းရင်းနဲ့  ဒီဇာတ်ကားလေးလည်း မဆင့်ရိုက်ပေးပါဦး ဆို တာနဲ့ ကိုယ့်လူရင်းတွေလည်း ဖြစ်နေတော့ မဆင့် ရိုက်ကူးပေးဖြစ် တာပါ။ အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီးတော့ ကလပ်ဆိုတော့ ကလပ်မှာဝတ်နေတဲ့ ပုံစံအတိုင်း လန်းလန်းဟော့ဟော့လေး တွေတော့ဝတ်ရမှာပေါ့နော်”လို့ မေသန်းနုက ပြောပြပါတယ်။

ဒီလိုဇာတ်ကားမျိုး ဒီကာရိုက် တာမျိုးကို ဟိုးအရင်ကရော ရိုက်ခဲ့ဖူးလားလို့ မေးကြည့်တော့ မေသန်းနုက “နည်းနည်း ပါးပါး အဲဒီဘက် သွားတယ်ဆိုရုံလောက်ပဲ ရိုက်ကူးခဲ့ဖူး တာ။ အခုကတော့ ကလပ်မှာရှိတဲ့ လူငယ်တွေရဲ့ စရိုက်ကို သရုပ်ဖော် ပြီးတော့ မဆင့်ကဘလည်း အဲဒီကလပ်မှာ ရှိ နေတဲ့ မိန်းမတစ်ယောက်အနေနဲ့ ကလေးတွေကို ဘယ်လို ဂိုက်လိုင်းပေးတယ်။ ကလေးတွေကို ဘယ်သူတွေနဲ့ ချိတ် ပေးတယ်။ အဲလိုမျိုးရိုက်တာ။ အရင် ရိုက်ကူးခဲ့တဲ့ဇာတ် ကားနဲ့တော့မတူဘူးပေါ့နော်”လို့ ပြောပြပါတယ်။

ကိုယ့်အသက်အရွယ်အရ ဒီလို ကာရိုက်တာမျိုးကို မရိုက် ချင်စိတ် ဖြစ်ပေါ်နေပေမယ့်လည်း အနုပညာသမား ဖြစ်တဲ့ အတွက် ကိုယ့်အလုပ်ကို တန်ဖိုးထားကာ ကာရိုက်တာကို ပီပြင် အောင် ရိုက်ကူးသွားရမှာ ဖြစ်ကြောင်းကိုလည်း မေသန်းနုက… “ပရိသတ်ကတော့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေ ကတော့ ကြိုက်မယ်မထင်ဘူး။ ဒါပေမဲ့ မဆင့်တို့ကတော့ အနုပညာသမား တွေဆိုတော့ ဘယ်ကာရိုက်တာမဆို လုပ်ဖို့တော့ ဝန်မ လေးဘူးပေါ့။ ကလပ် ဆိုပေမယ့် ပညာပေး ဇာတ်လမ်းလေးပါ။ ကလပ် မှာရှိတဲ့ ကလေးတွေရဲ့ ဘဝက ဘယ်လို သနားစရာကောင်းတယ်။ ဒါကြောင့် သူတို့ ဘယ်လိုလှုပ်ရှား ရုန်းကန်ရတယ်ဆိုတာ ပညာပေး အနေနဲ့ ရိုက်ပြတာပါ။ အခုရိုက်မယ့် ကာရိုက်တာက ကိုယ့်အတွက်တော့ သိပ်မကောင်းဘူးပေါ့။ ဒါပေမဲ့ ဘယ်ကာရိုက်တာမျိုး မဆို ကိုယ့်လက် ထဲကို ရောက်ရင် ကာရိုက်တာမိဖို့ လိုတယ်။ အလုပ်ပေါ်မှာ စေတနာ ရှိဖို့ လိုတယ်။ တန်ဖိုးထားဖို့ လိုတယ်။ အဲဒီစေတနာ လေးကတော့ ကိုယ့်အတွက် အကျိုးပေးမှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here