အဆိုတော် ညီမင်းခိုင် ရဲ့ ‘အနောက်ဘက်က ထွက်တဲ့နေ ‘

0
194

အဆိုတော် ညီမင်းခိုင်ရဲ့ “အ နောက်ဘက်ကထွက်တဲ့နေ” တေးစီးရီး MTV ကိုအောက်တိုဘာလ ၂၈ ရက်နေ့က Orchid Hotel မှာ စတင်မိတ် ဆက်လိုက်ပြီ ဖြစ်ပါတယ်။ သူကတော့ ပထမဆုံး တေးစီးရီး ဖြစ်တဲ့ “လက်ခံ မလား” တေးစီးရီး ထွက်ရှိခဲ့ပြီး အခု ဒုတိယမြောက် တေးစီးရီး ထွက်ဖြစ်တာ လည်းဖြစ်ပါတယ်။ ဒီတေးစီးရီးမှာပါဝင်တဲ့ သီချင်းများမှာ လပြည့်၊ နေခ၊ Marga စတဲ့ တေးရေးဆရာများက ရေးစပ်ပေးထားပြီး အဆိုတော် ညီမင်းခိုင် ကိုယ် တိုင် ရေးစပ်ထားတဲ့ သီချင်းများလည်း ပါဝင်ကြောင်း သိရပါတယ်။

သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးနဲ့ ပတ်သက်ပြီး အဆိုတော် ညီမင်းခိုင်က…”ဒီတေးစီးရီးကတော့ ကျွန်တော်ရဲ့ ဒုတိယမြောက် တစ် ကိုယ်တော် တေးစီးရီးပါ။ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ဖြစ်တဲ့ “လက်ခံ မလား” တေးစီးရီးထွက်တာနဲ့တော့ အချိန် လေးနှစ်ကျော်လောက် ကွာသွားပါ တယ်။ သီချင်းအားလုံး ၁၁ ပုဒ်ပါတယ်။ ကိုယ်တိုင်ရေးထားတဲ့ သီချင်း ၈ပုဒ် ပါဝင်ပါတယ်။ သီချင်း အမျိုးအစားတွေ ကတော့ တစ်ခွေလုံးကို ခြုံပြီးပြောရင် Rock အခွေ ဖြစ်ပါတယ်။ ဒါပေမဲ့ Pop သီချင်းလေးတွေလည်းပါတယ်။ Rock နဲ့ Pop နှစ်ခုပေါင်းထားတဲ့ အခွေလေးပေါ့။ “အနောက်ဘက် ကထွက် တဲ့နေ” ဆိုပြီး နာမည်ပေး ဖြစ်တာကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားမယ် ဆိုပြီး ကိုယ်ကိုယ်ကိုယ် အာပေးထားတဲ့ သီချင်းလေးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုက နေအရှေ့ ဘက်ကထွက်နေတယ် တကယ်လို့ နေက အနောက်ဘက်က ထွက်မယ် ဆိုရင်တောင်မှ ကိုယ်ရဲ့ ကြိုးစား မှုကို မရပ်ဘဲနဲ့ ဆက်ကြိုးစားသွားမယ် ဆိုတဲ့သဘောပါ” လို့ ပြာပြခဲ့ပါတယ်။

ဒီတေးစီးရီး MTV ကို နိုဝင်ဘာလ ၃ ရက်နေ့က The Sun Music ကနေတစ်နိုင်ငံလုံးကို ဖြန့်ချိခဲ့ကြောင်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here