၂၈နှစ်ပြည့်မွေး နေ့မှာ ဒုတိယ တစ်ကိုယ်တော် အခွေထွက်ရှိခဲ့တဲ့ အဆိုတော် ထန်ခေး

0
234

  “ဒုတိယအနမ်း၊ ဒုတိယအလွမ်း” ဆိုတဲ့ တစ်ကိုယ်တော်အခွေ Audio CD ကို အဆိုတော် ထန်ခေးကသူ့ အသက်၂၈နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ လ ၈ရက်နေ့မှာ ထွက်ရှိခဲ့ ပြီဖြစ်ပါတယ်။ အခွေတချို့ကိုLimited Edition အနေနဲ့ ထုတ်ထားတဲ့ ထန်ခေးက Limited Edition ရဲ့ ရောင်းရငွေတွေကို နွမ်းပါးကလေးတွေ အတွက် လှူဒါန်းသွားဖို့ ရည်ရွယ်ထားပါတယ်။

“ရိုးသားခြင်း ရလဒ်”ဆိုတဲ့ ပထမတစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ ထန်ခေး အနေနဲ့ အခုထွက်တဲ့ ဒုတိယမြောက် တေးစီးရီးကို ပိုပြီး အားရကြောင်းလည်းပြော ပါတယ်။ သူ Limited Edition ထုတ်ဖြစ်တဲ့ အကြောင်းကိုလည်း… “ရှုံးတော့လည်း ရှုံးမှာပဲလေ၊ဘယ်တတ်နိုင်မလဲ။ အဲဒီတော့ ၃ဝဝဝ တန် တစ်တန်းထုတ်လိုက်မယ်။ Limited Edition ကျတော့  လက်ဆောင်လေးတွေ ထည့်လိုက်တယ်။ အခွေထွက်တယ်ပေါ့။ ပရိသတ်ပံ့ပိုးမှုရှိလို့ ကျွန်တော်ဒီ အခွေ ထွက်နိုင်တာလေ။ အဲဒီတော့ ကျွန်တော်ကြိုးစား သွားမှာပါ။ အခွေသစ် လည်း ကျွန်တော်ဆက်လုပ် သွားမှာပါ။ ကျွန်တော့် ရိုက်ကူးရေးတွေ လည်း ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

 Limited Edition ထဲမှာပါမယ့် လက်ဆောင်တွေက ဘာတွေလဲလို့ ထန်ခေး ကိုမေးတော့…”လက်ဆောင်ပစ္စည်း ဆိုတာ ဖောက်ကြည့်မှ သိရတဲ့ အရာမျိုးဆို တော့ ဖောက်ကြည့်ပြီးမှ သိစေချင်တယ်။ အထဲမှာ လက်ဆောင် ၄ မျိုး လောက် စီစဉ်ထားတယ်။ သေချာတာကတော့ ဒီဇင်ဘာလမှာ လုပ်မယ့် ကျွန်တော့်ရဲ့ ရှိုးပွဲလက်မှတ်ပါတယ်။ ရှိုးပွဲက ကျွန်တော့်သီချင်းတွေနဲ့ အ ခွေဝယ်တဲ့ ပရိသတ်တွေကို ဖျော်ဖြေမယ့်ရှိုးပွဲပါ။ အဲဒီရှိုးပွဲမှာ ကျွန်တော်  နဲ့အတူဆိုမယ့် အမျိုးသမီး အဆိုတော် ၄ ယောက်ကိုလည်း ကျွန်တော်ဖိတ် ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ 

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here