နေတိုးပေးတဲ့ လည်ဆွဲလေးကို ပရိသတ်တွေကို ကံစမ်းမဲဖောက်ပြီး လက်ဆောင် ပြန်ပေးသွားမယ် မိုးစက်ဝိုင်

0
241

မိုးစက်ဝိုင်နဲ့ သူ့ရဲ့ပရိသတ်များ တွေ့ဆုံတဲ့ပွဲကို နိုဝင်ဘာလ ၁၄ရက်နေ့ ညနေ ၆နာရီက နတ်မောက် လမ်း ရှိ VIP KTV မှာ ပြုလုပ်ခဲ့ပါတယ်။ မိုးစက်ဝိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ် ကား ရုံတင်ပြသတော့မှာ ဖြစ် တဲ့အ တွက် ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး၊ ပျော်ပျော်ပါးပါး တွေ့ဆုံခဲ့ကြ တာဖြစ် ပါတယ်။

ဒီပွဲမှာ မိုးစက်ဝိုင်က ပရိ သတ် တွေနဲ့အတူ သီချင်းတွေ သီဆိုခဲ့သလို ပက်ပက်စက်စက် ညှို့ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းများထဲက အတိုင်း သရုပ်ဆောင် ပြခဲ့တာတွေ့ရပါတယ်။ မိုးစက်ဝိုင်နဲ့ သူ့ရဲ့ပရိသတ်များ တွေ့ဆုံတဲ့ပွဲကို နိုဝင်ဘာလ ၁၄ရက်နေ့ ညနေ ၆နာရီက နတ်မောက် လမ်း ရှိ VIP KTV မှာ ပြုလုပ်ခဲ့ပါတယ်။ မိုးစက်ဝိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ် ကား ရုံတင်ပြသတော့မှာ ဖြစ် တဲ့အ တွက် ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး၊ ပျော်ပျော်ပါးပါး တွေ့ဆုံခဲ့ကြ တာဖြစ် ပါတယ်။

ဒီပွဲမှာ မိုးစက်ဝိုင်က ပရိ သတ် တွေနဲ့အတူ သီချင်းတွေ သီဆိုခဲ့သလို ပက်ပက်စက်စက် ညှို့ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းများထဲက အတိုင်း သရုပ်ဆောင် ပြခဲ့တာတွေ့ရပါတယ်။ “ဒီနေ့ Fan Meeting က ပရိသတ်တွေက မိုးစက်ကို စီစဉ်ပေးတာပါ။ သူတို့ မိုးစက်ကို တော့ အသိပေးပါတယ်။ မိုးစက် ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိတဲ့အချိန်မှာ သူတို့တအားပျော် ကြတယ်။ အဲဒါကြောင့် တစ်ခုခုလုပ် ချင်တယ်။ Fan Meeting လေးပဲ ဖြစ်ဖြစ်ပေါ့။ ဒီထဲမှာပါတဲ့ အများစုကတော့ မိုးစက်ကိုပြီးခဲ့တဲ့ လေးနှစ်လောက် ကတည်းက အားပေးလာတာပေါ့။ သူတို့ဆိုရင် မိုးစက်ကို အမြဲ တမ်းပြောတယ်။ တစ်ခုခုလုပ်ပါ။ ရုပ်ရှင်ရိုက်ပါ။ MTV  တစ်ခုထွက်ရင်လည်း ပျော်နေ တာပေါ့။ လေးနှစ် လောက်နေမှ ရုပ်ရှင်ဇာတ်ကားကြီး ထွက်လာတော့ သူတို့တအား စိတ် လှုပ်ရှားနေကြတာပေါ့။ မိုးစက်နဲ့ သူတို့နဲ့က ရင်းနှီးပြီးသား လူတွေလို ခံစားရတယ်။ တစ်ခါတလေ  တစ်ချို့ဆို Active မဖြစ်တော့ဘူး။ သူတို့နဲ့လည်း ကိုယ်နဲ့ အဆက်အသွယ် မရှိတော့ဘူး။ အရင်တုန်းကဆို ထားပါတော့ Moeset Wine Vote တို့ဘာတို့ Page ကဆို မိုးစက်ကို vote ရအောင်တောင်းပေးတဲ့ Page တွေရှိတယ်လေ။ သူတို့ရဲ့ Admin တွေဆို သူတို့ကလာမိတ်ဆက်ကြတယ်။ Moeset Wine Vote  ရဲ့ Admin ပါဆိုရင် မိုးစက်ချက်ချင်း သိပြီးသားပေါ့။ ကိုယ့်ရဲ့ မိတ်ဆွေတွေလို Auto ဖြစ်နေတာပေါ့” လို့ မိုး စက်ဝိုင်က ပရိသတ်တွေနဲ့ ပတ်သက် ပြီး ပြောပြပါတယ်။

မိုးစက်ဝိုင်က ဒီဇာတ်ကားထဲမှာ နေတိုးကပေးတဲ့ လည်ဆွဲလေးကို ပရိ သတ်တွေကို မဲဖောက်ပေးဖို့ အစီအ စဉ်ရှိတယ်လို့ ပြောပါတယ်။  “ကိုနေတိုး ခေါ် ကိုပိုင်စိုးနိုင်က နှင်းပွင့်ဧကရီ ကိုပေးတဲ့ လက်ဆောင် ပစ္စည်းလေးတစ်ခု ရှိပါတယ်။ အဲဒီ လက်ဆောင် ပစ္စည်းလေးကို ရုပ်ရှင် ကြည့် ပရိသတ်တွေက စိတ်ဝင်စား မယ်ထင်ပါတယ်။ လိုချင်ကြတဲ့လူတွေလည်း ရှိမှာပေါ့။ ကိုနေတိုး ပေးလို့ပဲဖြစ်ဖြစ် အဲဒါလေးကို ကံစမ်းမဲဖောက်ပြီးတော့ လက်ဆောင်ပေး သွားမှာဖြစ်ပါတယ်။ အဲဒါကို မိုးစက်ရဲ့ Page ကနေ ကြေညာပေးပါမယ်။  Game အစီအစဉ်ကိုသေချာတော့ မဆွဲရသေးပါဘူး။ ရုပ်ရှင်အကြောင်း မေးတာပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ ကံ ထူးသူ ၁ဝယောက်ကနေ ၁၅ယောက်ထိ ရွေးချယ်ပြီး ပေးသွားဖို့ ရှိပါတယ်။ မိုးစက် ငယ်ငယ်တုန်းက ရုပ်ရှင်တစ် ကားကြည့်ဖူးတယ်။ အဲဒီထဲမှာ မင်းသားက မင်းသမီးကို ပေးလိုက်တဲ့လည်ဆွဲကို တအားသဘောကျတယ်။ တ အားလိုချင်ခဲ့တယ်။ အဲဒါကို မှတ်မိနေလို့ ဒီဇာတ်ကားကို ကြည့်တဲ့ ပရိသတ်တွေဆိုရင် လိုချင်မှာပဲဆိုပြီး စီစဉ်လိုက်တာပါ” လို့ ပြောပါတယ်။

မိုးစက်ဝိုင်က ဒီရုပ်ရှင်ဇာတ် ကားထဲမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး ပရိသတ်တွေအနေနဲ့ ကြည့်ရှုပြီး သွားတဲ့အခါ ဝေဖန်ပေးစေလို ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here