အရင်ထက် အခု ပိုရင့်ကျက်သွားပြီလို့ ကိုယ့်ကိုယ်ကိုယ် ယူဆပါတယ်… ရွှေမှုံရတီ

0
201

ရွှေမှုံရတီ ပါဝင်ထားတဲ့ ဖေ့စ် ဘုတ် ဘုရင်မ ဇာတ်ကားက ထွေ လာ ပြသချိန်မှာပဲ အွန်လိုင်းပေါ်က ပရိသတ်တွေ အကြားမှာ အထူး ရေ ပန်းစားခဲ့ပါတယ်။ ပရိ သတ်တွေ မြင်သလို ဟာသ ဇာတ်ကား သက် သက်ကြီး မဟုတ်ဘဲ လက်ရှိဖေ့စ် ဘုတ်ခ်ရဲ့အကျိုးဆက် တွေ အကြောင်းပါ လို့ ရွှေမှုံရတီက ဆိုပါတယ်။ ရွှေမှုံရတီ ပါဝင်ထားတဲ့ ဖေ့စ် ဘုတ် ဘုရင်မ ဇာတ်ကားက ထွေ လာ ပြသချိန်မှာပဲ အွန်လိုင်းပေါ်က ပရိသတ်တွေ အကြားမှာ အထူး ရေ ပန်းစားခဲ့ပါတယ်။ ပရိ သတ်တွေ မြင်သလို ဟာသ ဇာတ်ကား သက် သက်ကြီး မဟုတ်ဘဲ လက်ရှိဖေ့စ် ဘုတ်ခ်ရဲ့အကျိုးဆက် တွေ အကြောင်းပါ လို့ ရွှေမှုံရတီက ဆိုပါတယ်။

ရွှေမှုံရတီ ကိုယ် တိုင်လည်း လက်ရှိ အပြင် လောကမှာ သူ့ရဲ့ ဖေ့စ်ဘုတ်ခ် သုံးစွဲမှုပုံစံ က…. “ဒီဇာတ်ကားကလေးက အခု ခေတ် လူငယ် တွေ Selfie  ရိုက်ပြီး ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဓာတ်ပုံတွေ တင်တဲ့ အကြောင်းအရာလေးပါပဲ။ ဖေ့စ်ဘုတ်ခ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး လေးတွေကိုဖော်ပြတဲ့ သဘော ပါ။ တအားကြီး ဟာသတော့ မဟုတ်ပါဘူး။ ညီမလည်း အပြင်မှာ ဖေ့စ် ဘုတ်ခ် သုံးတာက ညီမရဲ့ We Love  တွေကြောင့်ပါပဲ။ ဖေ့စ်ဘုတ်ခ်နဲ့ ပတ်သက်ပြီး ညီမ အစွဲအလန်း သိပ်မရှိပါဘူး။ ပရိသတ်တွေ အတွက် ညီမ ဖေ့စ်ဘုတ်ခ် သုံးတာလို့ ပြောလို့ရ ပါတယ်။ ကိုယ့်ဘာသာ ကိုယ်ဆိုရင် ညီမက အင်တာနက်နဲ့ ပတ် သက်တာ ဘာမှသုံးဖြစ်တာ မဟုတ်ပါဘူး။ အခုခေတ် ဖေ့စ်ဘုတ်ခ်မှာ လူတွေက ကိုယ့်ရဲ့ခံစားချက်နဲ့ ပတ် သက်ပြီး တင်ကြတာရှိတယ်။ ညီမ တို့လို့ အနုပညာရှင် တွေလည်း ကိုယ့်ရဲ့ စိတ်ခံစားချက်၊ ကိုယ့်ရဲ့ လှုပ်ရှားမှု အားလုံးကို ပရိသတ်တွေ သိစေချင် လို့ ထင်တယ်။ သာမာန်ပရိသတ် တွေကလည်း သူတို့ ရဲ့ ခံစားချက်တွေကို သူငယ်ချင်းတွေ နဲ့အတူ ဝေမျှ တဲ့သဘောပေါ့” လို့ ပြောပြပါတယ်။ “ဖေ့စ်ဘုတ်ခ် ဘုရင်မ” ရုပ်ရှင် ဇာတ်ကားကတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က စတင်ရုံတင် ပြသခဲ့ပါ တယ်။

လတ်တလောမှာ ရွှေမှုံ ရတီ ကိုယ်တိုင်ဒါရိုက်တာ အဖြစ် ပြု လုပ် ရိုက်ကူးပြီး ကိုယ်တိုင် သရုပ် ဆောင်ထားတဲ့ ရေကူးဝတ်စုံလေးနဲ့ ဗီဒီယိုလေးက ရွှေမှုံရဲ့ ကိုယ်ပိုင် အ ကောင့်မှာ တင်ထားပြီး ဝင်ရောက် ကြည့်ရှုသူများလည်း အလွန်များပြား တာကို တွေ့ရပါတယ်။ ရွှေမှုံရတီရဲ့ နေထိုင်မှုပုံစံမှာ ပရိသတ်တွေ က ချေတယ်လို့ ပြောကြတဲ့အပေါ် ရွှေမှုံရတီရဲ့ တုန့်ပြန်မှု က…     “အဓိက ကတော့ ကင်မရာမင်း ကိုအာ ကာတို့နဲ့ ပေါင်းပြီး ဖန်တီး ထားတာပါ။ သူက အကြံပေး တာနဲ့ ညီမတို့ ပူးပေါင်းပြီး လုပ်ဖြစ်သွားတာပါ။ ပရိ သတ်တွေရဲ့ ဝေဖန်မှု ကောင်းတာလေးတွေလည်း တွေ့ရ တော့ ညီမကျေးဇူးတင်တယ်။ နောက်ထပ်လည်း ညီမပိုပြီး ကြိုးစားသွားပါမယ်။ အရင်က ရွှေမှုံရတီ ထက်လည်း တအား ရင့်ကျက်သွားပြီလို့ ညီမကိုယ် ညီမ ယူဆပါတယ်။ ပရိသတ်တွေ ချေတယ်၊ ချေတယ်လို့ ပြောကြတဲ့ “ချေစိန်” ဆိုတဲ့  Nick Name  တစ်ခုလို့တောင် ပြောလို့ရ တယ်။ ဘယ် လိုပဲဖြစ်ဖြစ်၊ ပရိသတ်ဘယ်လိုပဲခေါ်ခေါ် ပရိသတ် ကြီးကို ညီမက ချစ်ပါတယ်” လို့ ပြောပြပါတယ်။

ရွှေမှုံရတီက လက်ရှိမှာတော့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးနေတဲ့ “စိတ်ကြီးဝင်နေတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးကို မြတ်သူ ကျော်၊ တက္ကသိုလ်ဂွမ်းပုံ တို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here