KIRA KIRA Japan ခရီးသွားအစီအစဉ်ကို ဇန်နဝါရီ ၆ရက်နေ့မှာ ထုတ်လွှင့်ပြသသွားတော့မည်

0
278

အလှမယ်မိုးစက်ဝိုင် ပါဝင်တင်ဆက်မယ့်KIRA KIRA Japan (၂) အစီအစဉ်ကို MWD Documentary channel မှာ ပြသသွားတော့မယ်ဖြစ်ကြောင်း မိတ်ဆက်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၁ဝ နာရီက တပ်မတော် ခန်းမမှာပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်က ပြည်ထဲရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ ရွေးချယ်ထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး BEJA (Broadcast Program Export Association of Japan) အဖွဲ့အစည်းနဲ့ ပေါင်းစည်းထားတာ ဖြစ်ကြောင်း သိရပါတယ်။ ဒီအစီအစဉ်တင်ဆက်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ရန်၊ ဂျပန်ပြည်တွင်းထုတ် လူသုံးကုန်နှင့် ထုတ်ကုန်ပစ္စည်းများကို ရောင်းအားမြှင့်တင်ပေးနိုင်ရန်နဲ့ ဂျပန်နိုင်ငံတွင် စားသုံးမှုချဲ့ထွင်ရန်အတွက် အထောက်အကူပြုရန်ဖြစ်ပြီး မြန်မာလူမျိုးတို့ရဲ့ ပုံမှန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ထားတဲ့ အလှမယ်မိုးစက်ဝိုင်က…

”ကီရာကီရာဂျပန်ဆိုတဲ့ အဓိပ္ပာယ်က လင်းလက်တာပါ။ လင်းလက်တဲ့ ဂျပန်နိုင်ငံအကြောင်းကို ပြောပြချင်တာပါ။ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ သူတို့ရဲ့နေပုံ ထိုင်ပုံ၊ အစားအသောက်တွေကို အဓိကထားပြီး လေ့လာရတဲ့ ပရိုဂရမ်ပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြားမှာ ဂျပန်နိုင်ငံရဲ့ သဘာဝဓလေ့ကို ပိုပြီး နားလည်စေချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ထူးခြားမှုတွေ အများကြီး ရှိပါတယ်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံလိုပဲ ယဉ်ကျေးမှုကို ထိန်းသိမ်းထား တုန်းပဲ။ နိုင်ငံတိုင်းမှာ ယဉ်ကျေးမှုက ရှိတဲ့နိုင်ငံမှာရှိတယ်။ ရှိတဲ့ နိုင်ငံတွေ မှာလည်း ထိန်းသိမ်းချင်စိတ်ရှိဖို့က တော်တော်လေးကို ခက်ခဲတဲ့အရာပေါ့။ မိုးစက်တို့အနေနဲ့ နိုင်ငံတိုးတက်လာတာတဲ့အမျှ ဆက်ပြီးဒါတွေကို ဖြစ်စေချင်တယ်။ တချို့ဆိုရင် နိုင်ငံအရမ်းတိုးတက်တဲ့အခါမှာ ယဉ်ကျေး မှုပျောက်သွားတယ်။ Traditional အစားအစာတွေ လျော့နည်းသွားတယ်။ ဒါမျိုး မိုးစက်အနေနဲ့ မဖြစ်စေချင်ဘူး။ ဂျပန်နိုင်ငံလိုပဲ နှစ်ခုလုံးတည်ရှိနေစေချင်တယ်” လို့ ပြောပါတယ်။

ဒီအစီအစဉ်ကို ဇန်နဝါရီ ၆ ရက်နေ့မှာ စတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး အပတ်စဉ်စနေနေ့ညနေ ၆ နာရီခွဲ မှ ည ၇ နာရီထိ MWD Documentary မှာ ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

P-060
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here