ပထမဆုံး ထွက်ရှိမယ့် ‘အိပ်မက်ကလေး အတွက်’ သီချင်းခွေ အတွက် ရတနာဖြူဖြူအောင် ဘာတွေပြင်ဆင်နေလဲ

0
277

ရတနာဖြူဖြူအောင်က သရုပ်ဆောင်ပိုင်း အပြင် အဆိုပိုင်းကိုလည်း ပူးတွဲ လုပ် ကိုင်နေတယ်လို့ သိရပါတယ်။ “အိပ်မက်ကလေးအတွက်” လို့ အမည်ပေး ထားတဲ့ သီချင်းခွေကိုလည်း ထွက်ရှိနိုင်အောင် ပြင်ဆင်နေပြီး ပရိသတ် လက်ထဲ အမြန်ဆုံး ထည့် နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ရတနာဖြူဖြူအောင် တစ်ယောက် ဘာကြောင့်အဆိုပိုင်းကို လုပ်ဖြစ်သလဲ၊ နောက်ပိုင်းရော အဆိုတော် အနေနဲ့ ရပ်တည်သွားမလား ဆိုတာ မေးမြန်းတော့… “ညီမ ပထမဆုံး “ငါ့ဘဝ” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို Bo Bo Entertainment  မှာ ဆိုဖြစ်တယ်။ ဒီသီချင်း နဲ့လည်း ပရိသတ်တွေက ကိုယ့်ကို သီချင်းဆိုဖို့ အသိအမှတ်ပြုတယ်။ အသံလေးလည်း ကြားချင်လှပြီလို့ ပြောကြ တယ်။ ညီမကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက အဆို ပိုင်းကို ဝါသနာပါတဲ့အတွက် သရုပ်ဆောင်ပိုင်းထက် ဆိုတာကို နည်းနည်းပိုပြီး ဦးစားပေးဖြစ်နေပါတယ်။ ညီမရဲ့ တစ် ကိုယ်တော် အခွေလေး အတွက်လည်း ကြိုးစားပြီး လုပ်နေတယ်။ ပြီးတော့မှာပါ။ အစက ဒီနှစ် ၂ဝ၁၇ ခုနှစ်ထဲမှာပဲ ထွက်ဖို့ စိတ်ကူးထားတာပါ။ Mixing  ပိုင်းက ဘယ်လိုမှ မပြီးသေးတဲ့အတွက် ကြံ့ကြာနေတယ်။ Tittle လေးကို လည်း “အိမ်မက်လေးအတွက်” လို့ ယာယီပေးထားတယ်။ ကိုဇော်ပိုင်နဲ့လည်း ဆို ထားတာလေး ပါပါတယ်” လို့ ပြောပြပါတယ်။

 မြတ်မိုးပွင့်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here