လူရွှင်တော်ကနေ ပြဇာတ်ရေးဆရာ ဖြစ်လာသူ ကိုမိုးပွင့်

0
155

လူရွှင်တော် မိုးပွင့်က စံပြသဘင် မှာ လူရွှင်တော် ခေါင်းဆောင် အနေ နဲ့ရော ပြဇာတ်ရေးဆရာ အနေနဲ့ပါ လုပ်ဆောင်နေလျက် ရှိပါတယ်။ သူ့ ရဲ့ လူရွှင်တော် သက်တမ်းကတော့ ၂၈ နှစ် ရှိပြီဖြစ်ပြီး လူရွှင်တော် အနေ နဲ့ကတော့ အတွေ့အကြုံစုံပြီ လည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက လည်း လူရွှင်တော်ကြီး တစ်ဦး ဖြစ်တဲ့ အတွက်သူလည်း ငယ်စဉ်ကတည်း က ဖခင်ဖြစ်သူကိုအားကျကာ လူရွှင် တော်ပဲ ဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။

သူဟာ လူရွှင်တော်တစ်ဦး အပြင် ပြ ဇာတ်တွေကိုပါ စံပြ သဘင်မှာ ရေး သားနေလျက် ရှိတဲ့အတွက်   ပြဇာတ် ရေးသားမှု အကြောင်းကိုလည်း မေး မြန်းဖြစ်တဲ့အခါ… “ပြဇာတ်ကိုတော့ ကျွန်တော် ရေးဖြစ်တာ ၄၊ ၅ နှစ်လောက်တော့ ရှိပြီ။ ဝါသနာပေါ့လေ။ ကျွန်တော်က အရင်ကတည်းက စာတွေ ဖတ်တယ်။ ပြဇာတ် ရေးရတာကြတော့ခက်တယ်။ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ်ဖွဲ့ စည်းရတာရယ်၊ ဒီအထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အားသာချက် တွေပေါ့။ သူတို့ဘယ်လို အနေအထား မျိုး သရုပ်ဆောင်နိုင်မလဲ၊ ငိုနိုင်သလား ပေါ့။ ဟာသဘက်မှ သရုပ်ဆောင်တာ အားသာသလား ဆိုတာလေးတွေကို ကြည့်ပြီးတော့ ရေးပေးရတာမျိုးတွေ ရှိတယ်။ သူ သန်ရာသန်ရာလေးတွေ ကြည့်ပြီးတော့ ရေးပေးရပါတယ်” လို့ ပြော ပြပါတယ်။

ပြဇာတ် ရေးသားခြင်းအတွက် ကုန်ကြမ်းကတော့ သူကျင်လည်နေ တဲ့ ပတ်ဝန်းကျင်မှာပဲရေးဖို့ ကုန်ကြမ်း ရှာရတာဖြစ်ပြီး သူက စာရေးဆရာ အစစ်မဟုတ်တဲ့အတွက် ရေးတဲ့နေရာ မှာ နည်းနည်းလေး အားစိုက်ရတာ မျိုးတွေ ရှိတယ်”လို့ ကိုမိုးပွင့်က ပြော ပါတယ်။

သူ့အနေနဲ့ စံပြသဘင်မှာ ပြ ဇာတ် ၇ထုပ်လောက် ရေးပြီးပြီ ဖြစ် တယ်လို့လည်း သိရပါတယ်။ “ကျွန်တော့်စိတ်ကူးကတော့ လူ ရွှင်တော်ကို ကျွန်တော်ကနိုင်သလောက် အထိတော့ ကျွန်တော်က နေဦးမှာပါ။ အသက်ကြီးသွားရင်တော့ ကျွန်တော် ဇာတ်လမ်းလေးတွေ၊ဝတ္ထုလေးတွေ ရေးဖို့ စိတ်ကူးရှိပါတယ်။စာအုပ်တွေ ဘာတွေလည်း ထုတ်ဖို့ စိတ်ကူးရှိပါ တယ်”လို့ ကိုမိုးပွင့်က နောက်ပိုင်း သူ ဆက်သွားမယ့် ပုံစံကို ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here