အနုပညာကို ချစ်လို့ လုပ်နေပေမယ့် ရလဒ်က မသေချာသေးပါဘူး သရုပ်ဆောင် ဇွဲလရောင်

0
159

ခုလို ဗီဒီယိုဈေးကွက် ပျက်နေချိန်မှာ သရုပ်ဆောင် အသစ်တစ်ယောက် အနေနဲ့ ကိုယ်တိုင် ထုတ်လုပ်ပြီး ပရိသတ် လက်ခံနိုင်တဲ့ အနုပညာရှင် တစ် ယောက်ဖြစ်အောင် ကြိုးစားနေတာနဲ့ပတ်သက်ပြီး ခုလိုပြောပြခဲ့ပါတယ်။

သရုပ်ဆောင်သစ်တစ်ယောက် ဖြစ်တဲ့ဇွဲလရောင်ကတော့ လတ်တလော မှာဒါရိုက်တာရာဇဝင်ကို ရိုက်ကူးတဲ့ “နှင်းဆီပန်းတို့ရဲ့ မိုးရာသီ” ဇာတ်ကား မှာ သရုပ်ဆောင် ပိုင်ဖြိုးသု နဲ့အတူ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရပါတယ်။ သူကတော့ ဗီဒီယို ဇာတ်ကား သုံးကားလောက် ရိုက်ကူထားပြီး ဖြစ်ပါတယ်။ ခုလို ဗီဒီယိုဈေးကွက် ပျက်နေချိန်မှာ သရုပ်ဆောင် အသစ်တစ်ယောက် အနေနဲ့ ကိုယ်တိုင် ထုတ်လုပ်ပြီး ပရိသတ် လက်ခံနိုင်တဲ့ အနုပညာရှင် တစ် ယောက်ဖြစ်အောင် ကြိုးစားနေတာနဲ့ပတ်သက်ပြီး ခုလိုပြောပြခဲ့ပါတယ်။ “ကိုယ်က အနုပညာချစ်တဲ့ အတွက် အနစ်နာခံပြီး အနုပညာအလုပ် တွေ လုပ်နေတယ်။ ဒါပေမဲ့ ကိုယ့်အတွက် ရလဒ်ကဘာလဲ ဆို တာတော့ မသေချာသေးပါဘူး။ ဗီဒီယိုဇာတ်ကားတွေ ရိုက်နေတာကလည် အရင်တုန်း ကဆိုရင် ဗီဒီယိုဈေးကွက်ကောင်းတယ်။ ဗီဒီယိုဇာတ်ကားတွေ ကြည့်ကြတယ်။ ခုလက်ရှိက ဗီဒီယို ကြည့်ကြတဲ့ ခေတ်လည်း မဟုတ်ဘူး။ ဗီဒီယို ကြည့်ဖို့ လူတွေလည်း အချိန်မပေးနိုင်ကြတော့ဘူး။ အဲ့ဒီအချိန်မှာ ကိုယ်  ဗီဒီယို ထရိုက်တဲ့ အနေအထားမှာ အခက်အခဲတွေ ကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကြိုးစားရမှာက ကိုယ့်အပိုင်းဆိုတဲ့ စိတ်တစ်ခုတည်း နဲ့ ကျွန်တော် ကြိုးစားနေပါတယ်။ ရိုက်ထားတဲ့ ဇာတ်ကားတွေကလည်း စီနီယာအစ်ကို အစ်မတွေနဲ့ တွဲရိုက်ကူးရတာဖြစ်တဲ့ အတွက် တအား အဆင်ပြေပါတယ်။ လက်တွဲခေါ်ကြတယ်။ ကျွန်တော် ကိုယ်ကလည်း သူတို့ဆီ ကရသလောက် သင်ယူပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။

သရုပ်ဆောင် အသစ်တစ်ယောက် အနေနဲ့ အနု ပညာလောကကို စဝင်တဲ့အချိန်မှာ ကြိုဆိုအားပေးတဲ့ ပရိသတ်ရှိသလို ဝေဖန် တိုက်ခိုက်မှု တွေလည်း ရှိနေ တဲ့သူ့ကို ဆက်လက် ပြီး အတိုက်အခိုက်တွေ ရှိနေတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ . . . “အရင်တုန်းကတော့ ဝေဖန် တိုက်ခိုက် တာတွေကို မြင်ရင် တအား စိတ်ဓာတ်ကျ တယ်။ တော်တော်များများ အပြောအဆို ခံရတဲ့ အထဲမှာ ကျွန်တော်ပါတယ်။ ကျွန် တော်တအားချောလို့လည်း အနုပညာအလုပ် လုပ်တာ မဟုတ်ပါဘူး။ အနုပညာကို သိပ် ချစ်လို့ အနုပညာအလုပ် လုပ်တာပါ။ နောက် ပိုင်းကျတော့ အတိုက်အခိုက်တွေ ကတော့ အဲ့ဒီလောက် စိတ်ဓာတ်မကျတော့ဘူး။ ဘယ် သူပဲဖြစ်ဖြစ် အတိုက်အခိုက် ဆိုတာရှိနေ မှာပဲ။ အဓိကတော့ ကိုယ်ကကြိုးစားရမှာ ပါ။ တိုက်ခိုက်တဲ့ ပရိသတ်တွေလည်း ကိုယ်ကိုတစ်ချိန်ကျရင် ချစ်လာအောင် ကြိုးစားမှာပါ။ အရည်အချင်းရှိတဲ့ မင်း သားတစ်လက်ဖြစ်အောင် ကြိုးစားမှာ ပါ”  လို့ ပြောပြခဲ့ပါတယ်။

သူအနေနဲ့ နောက်ထပ်ဇာတ် ကား များ ဆက်တိုက် ရိုက်ကူးသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

သတင်း၊ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here