အသက် ၂၅ နှစ် ပြည့်မွေးနေ့ အလှူအဖြစ် ဘုရားကျောင်းဆောင်တွေ လှူဒါန်းသွားမယ့် ရတနာဗို

0
118

သရုပ်ဆောင် ရတနာဗိုက နိုဝင်ဘာလ ၁၅ရက်နေ့က အသက် ၂၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။မွေးနေ့မှာ ဘုရား သွား ကုသိုလ်ယူတာကလွဲလို့ တခြားအလှူအတန်းတွေ မလုပ်လိုက် ရဘူးဆိုတဲ့ ရတနာဗိုက မွေးနေ့အလှူအတွက် တကယ်လိုအပ်နေတဲ့ ကျေးရွာတွေမှာ ဘုရားဆင်းတုတော်၊ ဘုရားကျောင်းဆောင်တွေလှူဒါန်း သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“မွေးနေ့ကတော့ ခါတိုင်းနှစ်ဆိုရင် ရှုတင်မှာပဲ အချိန်ကုန်တာများ တယ်။ နယ်မှာ ရောက်နေရတာနဲ့အလုပ်လုပ်နေရတာက တစ်မျိုး၊ ဘာမှ မလုပ်ဖြစ်ဘူးပေါ့နော်။ ဒီနှစ်တော့ အလုပ် မလုပ် ချင်ဘူး။ မွေးနေ့ပြီးမှပဲ အလုပ်လုပ်မယ် ဆိုပြီးတော့ အလုပ် ၂ ရက်လောက်တော့ နားထားတယ်။ ဒါပေ မဲ့လည်း ဘုရားသွားတာလောက်ပဲ လုပ်ဖြစ်တယ်။ တခြား အလှူအတန်းတော့ မလုပ်ဖြစ်ဘူးပေါ့ နော်။ အလှူအတန်း လုပ်ဖို့ရှိပါတယ်။ ဘုရား လေးတွေ လှူဖို့ရှိပါတယ်။ တကယ်လိုအပ် နေတဲ့ နေရာ၊ တကယ် လိုအပ်နေတဲ့ ရွာ လေးတွေမှာ သွားပြီးတော့ ပြီးခဲ့တဲ့ တစ်နှစ် ကလိုပဲ ဘုရားဆင်းတုတော်လေးတွေ ဘုရားကျောင်းဆောင်လေးတွေ လှူ ဖို့ရှိပါတယ်။ တကယ်လိုအပ်တဲ့ ကျေး ရွာလေးတွေ ရှိရင်လည်း ညီမကို ဆက်သွယ်နိုင်ပါတယ်”လို့ ရတနာဗိုက ပြောပါတယ်။

အသက်ကြီးလာတာနဲ့ အမျှ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လာ တယ်လို့ခံစားရပြီး ကျေးဇူးရှင်မိဘ ၂ပါး ကို ကျေးဇူးဆပ်နိုင်တဲ့ သူတစ် ယောက် ဖြစ်အောင် ကြိုးစားနေကြောင်း ရတနာဗိုက ပြောပါတယ်။ “အသက်ကြီးလာတာနဲ့ အမျှ ရင့်ကျက် လာတယ်။ ဘာတွေလုပ်ရမလဲ၊ ဘာတွေ လိုအပ် နေသေးလဲ ဆိုတာတွေရော ဒီထက်ပိုသိလာတယ်။ပြီးတော့ ညီမက အကြီးဆိုတော့ မိဘတွေက ကိုယ့်ကို စိတ်ဓာတ်ခွန် အားရော လူအင်အား ရော ပံ့ပိုးပေးပြီး ကိုယ့်အပေါ်မှာ အကောင်းဆုံးက ဒီမိဘ ၂ပါးပဲပေါ့။ ဒီမိဘတွေရဲ့ ပံ့ပိုးပေးမှု ကြောင့်ပဲ ထိလောက်ထိ ကြိုးစားပြီး ဒီလောက်ထိပဲ ရောက်ခဲ့တာပေါ့နော်။ အဲဒီ့အတွက် ညီမဘက်က တော့ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက်တော့ ကိုယ့်မိဘ ကျေးဇူးကို အများကြီး ကျေးဇူးဆပ်နိုင်တဲ့ သူဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ ညီမက ချစ်တယ်ဆိုတဲ့ ဟာကိုလေး ထုတ်ပြတတ်တဲ့ လူမျိုး မဟုတ်တော့လေ။ တစ်ခါတလေကျ “နင်က အသည်း နှလုံးမရှိဘူး။ သူစိမ်းဆန်တယ်” လို့ အမေက ပြော တယ်။ အဲဒီလိုမျိုး ကိုယ့်ဘာသာကိုယ်ပဲ နေတတ်တော့ ထုတ်မပြတတ်တာပဲ ရှိပါတယ်။ အားလုံးကို ချစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here