ရွှေထူးနဲ့ နောက်ထပ် ရိုက်မယ့် ဇာတ်ကားအတွက် ကာရိုက်တာ တစ်ခုစဉ်းစားထားတဲ့ …သားညီ

0
276

ရုံတင် ပြသနေပြီ ဖြစ်တဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင် ဇာတ်ကားကြီးမှာ သရုပ်ဆောင် အသစ်တွေ ဖြစ်ကြတဲ့ ရွှေထူးနဲ့ မိုးစက်ဝိုင်တို့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အမှတ် ၄ဝ ဖိုးလောက်သာ မှန်းထားပေမယ့် သူတို့တွေဟာ ဂုဏ်ထူးမှတ် ရအောင် ဖြေဆိုသွားနိုင်ခဲ့ကြောင်း “ပက်ပက်စက်စက် ညှို့” ဖန်တီးသူ ဒါရိုက်တာသားညီက ပြောပါတယ်။ နေတိုးက ပြောစရာမရှိတဲ့ ဝါရင့်သ ရုပ် ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ထားလိုက်။ ပြောချင်တာက ရွှေထူးနဲ့ ပတ်သက်ပြီးပါ။ သူနဲ့ နောက် ထပ်ရိုက်ကူးမယ့် ဇာတ်ကားတွေကျ ရင် ဒါရိုက်တာ တစ်ယောက် အနေနဲ့ စဉ်းစားထားဖြစ်တဲ့ ကာရိုက်တာမျိုးတွေ ရှိလာလို့ သားညီကိုမေးတော့ … “ကျွန်တော် စဉ်းစားထားတာ တစ်ခုရှိပါတယ်။ ကျွန်တော်တို့ 7th Sense ကလည်း ရွှေထူးနဲ့ထပ်ပြီး အလုပ် လုပ်စရာ ရှိသေးတော့ သူ့ကို ကျွန်တော် ပုံစံတစ်ခု စဉ်းစားထားတာ လေး ရှိပါတယ်။ အဲဒါကတော့ အဲဒီ ကျမှပဲပြောချင်ပါတယ်” လို့ ပြောပါတယ်။

“ပက်ပက်စက်စက်ညှို့” သာ အကယ်ဒမီ ရခဲ့ရင်ဆိုတဲ့ မေးခွန်းကိုတော့…..အမှန်အတိုင်း ပြောရရင် ကျွန်တော် အကယ်ဒမီ ဆိုတာကို ရည်ရွယ်ပြီးတော့ ရိုက်ကူးခဲ့တာမရှိ ပါဘူး။ ကျွန်တော်တို့ ပရိသတ်ကို ဘာတွေအ ကောင်းဆုံး လုပ်ပေးနိုင်မလဲပေါ့။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် က တအား အပြောခံရတယ်။ ကျွန်တော်တို့ကားတွေ ကျရင်တော့ အပြော မခံရအောင် ဆိုပြီးတော့ သေသေချာချာ၊ ကြိုးကြိုးစားစားနဲ့ ရိုက်ကူးပါတယ်။ အဲဒါကိုမှ အကယ်ဒမီ ရွေးချယ် ရေးအဖွဲ့ရဲ့ အကြိုက်နဲ့ ပရိသတ် အကြိုက်နဲ့ ကိုက်ညီကြလို့ ဆုရခဲ့ရင်တော့ တစ်မျိုး ပေါ့နော်။ အကယ်ဒမီ ရပါစေဆိုပြီးတော့ ကျွန်တော် ရည်ရွယ်ပြီး ရိုက်ကူးမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ပရိသတ်နဲ့ ပတ်သက် ပြီး “ကျွန်တော့် ကျေးဇူးရှင်တွေကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး” လို့ဆိုတဲ့ သားညီက “ကျွန်တော်ထင်တယ်။ ၂ဝ၁၈၊ ၁လပိုင်းမှာ ကျွန်တော် ရုပ်ရှင်ကားကြီး တစ်ကားစပြီးရိုက်ကူး မယ်။ အဲဒါပြီးရင် ဗီဒီယိုတွေ ရိုက်ကူးဖြစ်မယ်။ ဒီ 7th Sense ကနေ ရုပ်ရှင်ဇာတ်ကားကြီး ၂ ကား ရိုက်ကူးဖို့ရှိပါသေးတယ်” လို့ သူဆက် လုပ်သွားမယ့် အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးလည်း ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here