Myanmar Idol Season – 2 သီချင်းဆိုပြိုင်ပွဲ မှတစ်ဆင့် ပရိသတ် အားပေးမှု ရှိလာတဲ့ အဆိုတော် ရဲနောင် ကတော့ လတ်တလော မှာ Show ပွဲတွေ ဆက်တိုက် ဆိုဖြစ်နေပြီး သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီး အခွေထွက် ဖြစ်ဖို့လည်း စီစဉ်နေပြီဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးနဲ့ ပတ်သက်ပြီး “တေးစီးရီးအတွက် သီချင်းတွေ စတီးနေပါပြီ။ သီချင်းတွေ စပြီး သွင်းနေပါပြီ။ ပရိသတ်တွေ ကတော့ ကျွန်တော်ကို ကျွန်တော် ဆိုနေကျ သီချင်း ပုံစံတွေ ကိုတောင်းဆိုကြပါတယ်။ သီချင်းတွေကိုလည်း ကျွန်တော် အနေနဲ့ တမူ ထူးခြားအောင် ဖန်တီးသွားမှာပါ။ ကျွန်တော်ကတော့ အရမ်းကြီး အော်ရ၊ ဟစ်ရ တဲ့သီချင်း တွေကတော့ ကျွန်တော်ဆိုလို့ သိပ် အဆင်မပြေပါဘူး။ ပြိုင်ပွဲဝင်က တည်းက ဆိုနေကြပုံစံလေးတွေပဲ ဖန်းတီးသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။
Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာ လူမသတ်ဘဲ လူသတ်တရားခံ ဖြစ်ရတဲ့ ခံစားချက် တစ်ခု ရှိခဲ့တယ်လို့ ပြောလာတဲ့ ရဲနောင်က…
“Myanmar Idol ကတော့ က ကျွန်တော်တို့ လိုရာကိုဖန်ဆင်းပေး နေပါ တယ်။ ကျွန်တော်ကတော့ Myanmar Idol ဝင်ပြိုင်ပြီး ကတည်းက အများကြီး ပြောင်းလဲသွားတယ်။ Show ပွဲတွေ ဆက်တိုက် ဆိုရတယ်။ အရင်တုန်းက အိပ်မက်တောင် မမက်ဖူးတဲ့ ပရိသတ် ကွင်းလုံးပြည်နဲ့ စင်တွေမှာ သီချင်း ဆိုခွင့်ရတယ်။ အိပ်မက် မက်နေသလိုပါပဲ။ တအား ပျော်စရာကောင်းပါတယ်။ Myanmar Idol ပြိုင်ပွဲဝင်ကာလ တစ် လျှောက်လုံးမှာလည်း အမှတ် တရတွေကတော့ အများကြီးပါပဲ။ အဲ့ ဒီအထဲကမှ အမှတ်တရတစ်ခုဆိုရင် ပရိသတ် Voting အရ ကျွန်တော် က Save ဖြစ်သွားပြီး မပိုးမီက ကောင်း ပြီး ဖြုတ်သွားတဲ့ ညပါပဲ” လို့ ပြောပြခဲ့ပါတယ်။
Myanmar Idol ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ အဆိုတော် ပိုးမီနဲ့ ပတ် သက်ပြီး ပရိသတ်များ အကြား ဝေဖန် မှုတစ်ချို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည် “မပိုးမီနဲ့ ကျွန်တော်နဲ့ က Show ပွဲတွေ လည်း တော်တော်များများ အတူဆိုဖြစ်တယ်။ ပြိုင်ပွဲဝင် တုန်းကလည်း Group Sound ကတည်းက Top 10 အထိ တစ်ပူးပူး တစ်တွဲတွဲဆိုတော့ တစ်ချို့အမြင် မှားကြတာပါ။ အကယ်တော့ အနုပညာ မောင်နှမတွေပါ” လို့ ပြောခဲ့ပါတယ်။
ဇော်ဝင်းအောင်