‘မောင်ခေါ်ရာလိုက်မှာလား ‘ အမ်တီဗီထွက် ရှိခဲ့တဲ့ မင်းရတုပိုင်

0
278

အဆိုတော်မင်းရတုပိုင်ရဲ့ ‘မောင်ခေါ်ရာလိုက်မှာလား’ တေးစီးရီး MTV ကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ သူကတော့ ‘မောင်ခေါ်ရာလိုက်မှာလား’ တေးစီးရီးဟာ သူ့ရဲ့ စတုတ္ထ အကြိမ်မြောက် တေးစီးရီးဖြစ်ကြောင်းကို…” ကျွန်တော် Single အနေနဲ့ အရှေ့မှာ ၃ ခွေထွက်ထားပါတယ်။ အခုထွက်ရှိမယ့် MTV ထဲမှာ အရင်အရှေ့မှာ ထွက်သမျှအခွေတွေ ထက်ပိုပြီး ဒီအခွေလေးကို အားစိုက်ထားပါတယ်။ စိတ်ကောလူကော အကုန်အပင်ပန်းခံပြီး ရိုက်ကူးထားပါတယ်။ အားပေးကြပါဦး” လို့ ပြောခဲ့ပါတယ်။

တေးရေးဆရာတွေ အနေနဲ့လည်း ဆရာမင်းချစ်သူ၊ ဆရာလူမော်၊ ဆရာဒီနေ့ပုဏ္ဏက ၊ ကိုညိုဝင်းသန်း၊ ထက်မွန်၊ ပီတိ၊ ကိုဝေကြီး တို့ပါဝင်ပြီး ကူညီပေးထားပါတယ်။ သူ့ရဲ့ မောင်ခေါ်ရာလိုက်မှာလား MTV အတွက် ပရိုမိုးရှင်းများ ပြုလုပ်ပေးမည်ကိုလည်း…

”ကျွန်တော့်ရဲ့ MTV အခွေလေး ကို ၁၂လပိုင်း ၁ဝရက်နေ့မှာ လှည်း တန်းစင်တာမှာ နေ့လည် ၂နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်ပေး မှာဖြစ်ပါတယ်။ ၁၁ ရက်နဲ့ ၁၂ရက် နေ့တွေကိုတော့ မန္တလေးမြို့နဲ့ ပျော်ဘွယ်မြို့တို့မှာ ပရိုမိုးရှင်းလေး ပြုလုပ်သွားပါမယ်”လို့ ပြောပါတယ်။ ဒီတေး စီးရီးကို Bo Bo Entertainment ကနေ တစ်နိုင်ငံလုံးဖြန့်ချိမှာဖြစ်ပြီး တီးခတ်ပေးတဲ့ Band ကတော့ Ko Zay Htoo Aung ၊ မိုက်ကယ်ချမ်း Version 8 နဲ့ ကိုရှမ်းဟိန်းကျော်တို့က ပါဝင်ပြီး တီးခတ်ပေးထားပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here