ဗီလိန်ပုံစံမျိုး သရုပ်ဆောင်ရလည်း ကြိုက်တယ်ဆိုတဲ့ ဆုပန်ထွာ

0
259

အောင်မြင်ပြီးသား ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲရဲ့ Season 2 ရိုက်ကူးမှုမှာတော့ သရုပ်ဆောင်ဆုပန်ထွာလည်း ပါဝင်သရုပ်ဆောင်လာပြီဖြစ်ပါတယ်။ ဆုပန်ထွာအတွက်တော့ ဒုတိယမြောက်ဇာတ်လမ်းတွဲဖြစ်ပြီး ဗီလိန်ကာရိုက်တာအတွက် ကြိုတင်ပြင်ဆင်မှုတွေ များစွာပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကာရိုက်တာကို ကိုယ်တိုင်က သဘောကျနှစ်ခြိုက်လို့ လက်ခံခဲ့တယ်ဆိုတဲ့ ဆုပန်ထွာက… ”အောင်မြင်ပြီးသား ဒီလိုဇာတ်လမ်းတွဲအတွက် မပန်ကိုလာကမ်းလှမ်းတာ။ အစ်မလည်း တအားဝမ်းသာပါတယ်။ Season 2 မှာ Season 1 က လူတွေ သိပ်မပါတော့ဘူး။ မပန်တို့ ပါလာတယ်ပေါ့။ မပန်က ဒီဇာတ်လမ်းတွဲအတွက် အဝတ်အစားပိုင်းကို သေချာပြင်ဆင်နေတယ်။ ဒါရိုက်တာသည် ခေတ်နေနဲ့လည်း တိုင်ပင်ပြီးမေးတော့ ကုမ္ပဏီတစ်ခုရဲ့ ဒုတိယရှယ်ယာအများဆုံး ပိုင်တဲ့ရှယ်ယာရှင်တစ်ယောက်တဲ့။ ကာရိုက်တာနာမည်ကတော့ ဒေါ်သီတာ ပေါ့။ ရိုးရိုးအေးအေးပုံစံမဟုတ်ဘဲ ဂေါ်လီသူဌေးမ ပုံစံမျိုးဆိုတော့ အဝတ်အစားပိုင်းနဲ့ ပက်သက်ပြီး သေချာသတိထား ပြင်ဆင်ရမယ်လို့ မပန်ထင်တယ်။ အဝတ်အစားတွေကိုလည်း ဘန်ကောက် မှာ ဝယ်ဖို့လုပ်ထားတယ်။ နောက်ပြီး ဇာတ်လမ်းတွဲဆိုတော့ အချိန်လည်း သေချာလေးပေးရတယ်။ ၄၆ ရက် လောက်ရိုက်ကြရမယ်။ ဒီကားမှာ မပန်ရယ်၊ ကျော်ကျော်ဗိုရယ်က ပြိုင်ကြမှာပါ။ ဗီလိန်ဆန်တဲ့ ကာရိုက်တာနဲ့ ပရိတ်သတ်တွေ မပန်ကို မြင်တွေ့ကြရမယ်။ ဗီလိန်ဆိုပေမယ့် မပန်ကတော့ ကြိုက်တယ်။ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားတယ်ဆိုတဲ့ ပုံစံလေးနဲ့ ဇာတ်သိမ်းသွားတယ်။ မပန်အတွက် လုပ်ကွက်အများကြီးရှိတယ်။ ဆင်း(န်း)တွေလည်း အများကြီးပါ”လို့ ဆုပန်ထွာက ပြောပြပါတယ်။

ဆုပန်ထွာက ကလေးမွေးဖွားပြီး နောက်ပိုင်းမှာ အနု ပညာအလုပ်တွေလည်း အနည်းငယ်နားလိုက်ပြီး ကိုယ်အလေးချိန်လည်း သိသိသာသာ တက်လာတာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ ခန္ဓာကိုယ်အလေးချိန် ပြန်ထိန်းပြီး ပေါင်ချိန်လည်း ၁၂၃ ပေါင်သာရှိတော့တယ်လို့ ဆိုပါတယ်။ သဘာဝအတိုင်း ပြန်လည်ထိန်းသိမ်းထားတဲ့ ဆုပန်ထွာရဲ့ ခန္ဓာကိုယ် ထိန်းသိမ်းမှုက… မပန်ပိန်ချင်သေးတယ်။ အဝတ်အစားဝတ်ရတာက ဝနေရင်အဆင်မပြေဘူး။ မင်းသမီးဆိုတော့ အဝတ်အစား ဝတ်လိုက်ရင်ဘယ်လိုပဲဖြစ်ဖြစ် လှနေချင်တာပေါ့နော်။ ဝဝလေးနဲ့ လှအောင်ဝတ်လို့ရတယ် ဆိုပေမယ့်လည်း ကားရိုက်တွေ၊ ဓါတ်ပုံရိုက်တာတွေမှာ ဝနေရင်မလှဘူးဆိုတာ စိတ်ကိုက သေချာသိနေတယ်။ ဇာတ်ကားတွေရိုက်ဖို့ အတွက်လည်း မပန်ပိန်ချင်သေးတယ်။ မပန်က ထွေထွေထူးထူး ဝိတ်ချတာမျိုး မဟုတ်ဘူး။ ညနေ ၆ နာရီကျော်ပြီဆိုရင် ထမင်းလုံးဝမစားတော့ဘူး။ အရွက်ကြော်လေး၊ အသီးလေးတွေ၊ မုန့်လေးတွေလောက်ပဲ စားတယ်။ အဆာခံတာလေးတွေ ပဲစားတော့ တော်တော်လေး ပြန်ပိန်သွားတယ်။ အခုလက်ရှိတော့ မပန်ရဲ့ ကိုယ်အလေးချိန်က ၁၂၃ပေါင်ပဲရှိတော့တယ်”လို့ ဆုပန်ထွာက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here