၂ဝ၁၈ နှစ်ဦးပိုင်းမှာ ပရိသတ်တွေ နားဆင်ရမယ့် ပိုးမီ ရဲ့ တစ်ကိုယ်တော် အခွေ

0
142

Myanmar Idol အဆိုတော် ပိုးမီရဲ့ တစ်ကိုယ်တော် အခွေက ၂ဝ၁၈ခုနှစ် နှစ်ဦးပိုင်း မှာ ထွက်တော့မယ်လို့ သိရတဲ့ အတွက် အခွေ နဲ့ပတ်သက်ပြီး ပရိသတ်တွေက ဘယ်လို မျိုးသီချင်းတွေ နားထောင်ချင်ကြလဲ၊ တစ်ကိုယ်တော် အခွေအပေါ် ဘာတွေမျှော် လင့်ထားကြလဲ ဆိုတဲ့မေးခွန်းကို မေးတဲ့အခါ…”Fan တွေ၊ We Love Group  တွေကတော့ ကိုယ်ဘာလုပ်လုပ်ကို ကြိုက်နေတာပဲ။ အဓိကက ပိုးမီ စဉ်းစားတာက တော့ အလိုက်တသိလို သီချင်းမျိုးကို ပြန်ထည့်ထားတယ်။ နောက်ကိုယ်ကြိုက်တာ Rockဘက် ကိုသွားတာဆိုတော့ Slow Rock ဘက်သွားတဲ့ပုံစံလေးတွေ နည်းနည်း ပြန်ထည့်ထားတယ်။ နောက်အန်တီ မေသော်ရဲ့ သီချင်းလေး တွေလည်း ပါမယ်။ ဒီနှစ်ထဲမှာ မမီလောက်တော့ ဘူးလို့ ပိုးမီထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုပိုင်းက အခုမှပြီးတာလေ။ Mixing  ပိုင်းတို့ဘာတို့က မလုပ်ရသေးဘူး ဆိုတော့လေ။ ၂ဝ၁၈ နှစ်ဦးပိုင်းလောက်မှာ ဖြစ်မှာပါ” လို့ပြောပါတယ်။

Myanmar Idol  နောက်ထပ်ရာ သီသစ်က လာတော့မှာ ဆိုတော့ ပြိုင် ပွဲဝင်သစ်တွေ အပေါ် ပိုးမီအနေနဲ့ ဘာများ မှတ်ချက်ပေးချင် ပါသလဲလို့ မေးတဲ့အခါ… “ဘာပဲပြောပြော Myanmar Idol ရယ်မှ မဟုတ်ပါဘူး။ ဘယ်ပြိုင် ပွဲပဲ ဝင်ပြိုင်ဝင်ပြိုင် အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ထား ပါ။ မဆုတ်မနစ် ဇွဲလုံ့လနဲ့ ကြိုးစားပါ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ စိတ်လေးမွေးပါ။ ပြီးတော့ စူးစမ်း လေ့လာတဲ့ စိတ်ကို အမြဲတမ်း တံခါး ဖွင့်ထားပါ” လို့ သူမကဆိုပါတယ်။

အရင်တုန်းက ပိုးမီနဲ့ Myanmar Idol  ပြိုင်ပွဲပြီးသွားတဲ့ ပိုးမီ ကွာခြားမှုတွေ ရှိသွားပြီလားလို့မေးတဲ့အခါ… “အရမ်းကွာခြားပါတယ်။ ဒီလိုပဲ အရင်က ပိုးမီဆိုတာ ကိုယ် လုပ်ချင်တာ ကိုယ်လုပ်တယ်။ သွားချင်တာ သွားတယ်။ ဘယ်သူမှ မသိဘူး။ အခုအချိန်မှာ အားလုံးက သိကြတယ်။ ပြိုင်ပွဲတုန်းက တအားအားပေးခဲ့ရတာလို့ ပြောကြတဲ့အခါကျတော့ စိတ်ထဲမှာ တအားလည်းကြည်နူးတယ်။ သူတို့တောင် ငါ့ကို ဒီလောက်အား ပေးတာ။ ငါကဘာဖြစ်လို့ မကြိုးစားနိုင်ရမှာလဲ၊ ကြိုးစားရမယ်ဆိုတဲ့ စိတ်တစ်ခုက အမြဲတမ်းထည့်ထားတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here