ပခုက္ကူမြို့ သမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး နှစ် ၉ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်မှာ ဟိန်းဝေယံနှင့် စိုးပြည့်သဇင်တို့ ပါဝင်ဆင်နွှဲပူဇော်

0
363

ပခုက္ကူမြို့သမိုင်းဝင်သီဟိုဠ် ရှင်မြဘုရားကြီးနှစ် ၉ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့မလမ်းမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားကို ဆရာတော်ကြီးများ ကြွရောက်ခြင်း တိုင်းခရိုင်မြို့နယ်မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဖိတ်ကြားထားသူများ စုံညီစွာတက်ရောက်ကြသည်။ ပုဂံဝန်းရာဇာဝန်းအပြင် ဆားလင်းကြီးမြို့နယ်မှ အောင်စည်တော် အလှအက အဖွဲ့ကလည်း ပါဝင်ဆင်နွှဲပူဇော်ခဲ့ကြသည်။ တန်ဆောင်မုန်းလပြည့်ကျော်မှ လကွယ်နေ့ထိ သီဟိုဠ်ရှင်နယုန်ပွဲတော်ကဲ့သို့ ခင်းကျင်းလျက် တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့ညတွင် စွန်းလွန်းရိပ်သာ ဆရာတော်ဘဒ္ဒန္တဒုန္ဒရ၊ တန်ဆောင်မုန်း လပြည့်ကျော် ၅ ရက်နေ့ညတွင် သီတဂူဆရာတော်ကြီးတို့မှ တရားဓမ္မချီးမြှင့်ဟောကြားခဲ့သည်။

တန်ဆောင်မုန်းလပြည့်ကျော် ၈၊ ၉၊ ၁ဝ ရက်နေ့များက မြန်မာ့ရိုးရာ ခြင်းအလှများ၊ လပြည့်ကျော် ၁၂ ရက်နေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၈ နာရီအချိန် မြို့မလမ်းမှ အလက(၁) သီတာလမ်းဆုံအထိ သီတာလမ်းမှ ဗိုလ်ချုပ်လမ်းအတိုင်း သီဟိုဠ်ရှင်ဘုရားကြီးအထိ လှည့်လည်အပူဇော်ခံရာ ပခုက္ကူဒေသတစ်ခုလုံးရှိ ဒေသခံများ လာရောက်ကြည့်ရှုပူဇော်ကြ သည်ဟု သိရသည်။ ရုပ်ရှင်သရုပ်ဆောင် အောင်ခိုင်၊ ဝါဝါအောင်၊ ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ အဆိုတော်ဇွဲပြည့်၊ ဂေးဂေးမှ အသင်ရာမတို့လည်း လိုက်ပါပူဇော်ကာ ကရဝိတ်ဖောင်တော်၊ ရဲလှေတော်၊ ဒေဝါဝန်း၊ ပုဂံဝန်းများလည်း လိုက်ပါပူဇော်ကြသည်။ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့လည် ၁ နာရီအချိန်က ရဟန်းသာမဏေ သီလရှင်အပါး ၉ဝဝ ကိုဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပြီး ကုသိုလ်ယူခဲ့ကြကြောင်းကို အကျိုးတော်ဆောင် တစ်ဦးက ပြောသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here