အနုပညာကို ဘောင်ခတ်ထားရင် သိပ်မကြိုက်ဘူးဆိုတဲ့ အဂ္ဂါမိုးဝင်း

0
247

ကျွန်တော့်အနေနဲ့ကတော့ အနုပညာကိုဘောင်ခတ်ရင် သိပ်အဆင်မပြေ ဘူးထင်တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အနုပညာလို့ပဲ သတ်မှတ်တယ်။ မင်းသားလို့လည်းမသတ်မှတ်ဘူး”လို့ အနုပညာနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို စံပြသဘင်မှ အဂ္ဂါမိုးဝင်းက ပြောပြပါတယ်။

အဂ္ဂါမိုးဝင်းအနေနဲ့ကတော့ အနုပညာနဲ့ပတ်သက်ပြီး ဆန်းသစ်တီထွင် မှုကို အားပေးသလိုလိုက်ဖက်ခြင်း၊ မလိုက်ဖက်ခြင်း၊ ကြည့်လို့ကောင်းခြင်း၊ မကောင်းခြင်းကတော့ရှိမှာပဲဖြစ်ကြောင်း အနုပညာကို ဘောင်ခတ်တာကတော့ အဆင်မပြေဘူးလို့ထင်ကြောင်း သူကဆက် ပြောပါတယ်။

”အဲဒီ့တော့ လုပ်ရကိုင်ရတာလည်း ကြပ်တယ်။ ဒီပုံစံကြီးပဲသွားနေတာ လေ။ ကြည့်လိုက်ရင် အသစ်တွေသိပ်မရှိသလိုပဲ။ ဆန်းသစ်တီထွင်မှုတွေမှာ လည်း အကန့်အသတ်တွေရှိနေတာပေါ့။ အနုပညာဆိုတာ တီထွင်ကြံဆမှုပေါ့။ အဲဒီလိုတော့ခံယူထားတယ်။ ဘောင်တွေ ဘာတွေခတ်ရင် ကျွန်တော်ကသိပ် မကြိုက်ဘူး။ အဲဒီတော့ အသစ်တွေလည်း ထွက်လာမှာ မဟုတ်ဘူး”လို့ အဂ္ဂါ မိုးဝင်းက အနုပညာနဲ့ပတ်သက်လို့ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်စွာ အမြင်ကို ပြောပြပါတယ်။

သူက အခုလက်ရှိမှာလည်း မြန် မာနိုင်ငံရဲ့ရိုးရာနဲ့ ဂျပန်နိုင်ငံရဲ့ ရိုးရာ နှစ်ခုကို ပေါင်းစပ်ပြီ Sakura Cover Song & Tradional Dance Contemporary Art ကို တင်ဆက်ထားပါတယ်။

”ကျွန်တော်က ရိုးရာဖလှယ်ရတာကိုကြိုက်တယ်။ ဥရောပမှာဆိုရင်လည်း ဘဲလေးပေါ့။ သူ့ကိုအော်ခက်စထရာတွေနဲ့ ပေါင်းဖို့ပေါ့။လိုက်လားမလိုက်လား ဆိုတာကိုတော့ ကြည့်ရဦးမယ်။ တင်ဆက်မှုတော့မလုပ်ရသေးဘူး။ နှစ်ပါးသွား ထဲမှာကို မကတော့ဘူး။ သက်သက်ကဏ္ဍတစ်ခုအနေနဲ့ ကပြမယ်” လို့ သူလုပ် ချင်တဲ့ အနုပညာတွေနဲ့ ပတ်သက်လို့ အဂ္ဂါမိုးဝင်းက ပြောပါတယ်။ အဂ္ဂါ မိုးဝင်းက အေးဆေးတည်ငြိမ်စွာ နေတတ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတရံမှာ ပရိသတ်တွေရဲ့အမြင်မှာ မာနကြီးတာလား လို့လည်း ထင်စရာမျိုးတွေဖြစ်တတ်ပါတယ်။ တကယ်တော့ သူဟာတကယ်ကို ခင်ချင်စရာကောင်းတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

”ကျွန်တော့်ကို မာနကြီးတယ်လို့ မထင်ပါနဲ့။ ကျွန်တော်က အေးဆေးပဲ နေတတ်လို့ပါ။ ကျွန်တော့်သူငယ်ချင်းတွေဆိုရင်သိတယ်။ ကျွန်တော်အပြင်မှာ မုန့်သွားစားရင် ကျွန်တော်က ဒီအတိုင်းပဲ ထိုင်နေတာ။ သူတို့ ပြောတာတွေပဲ နားထောင်တာများတယ်။ သူငယ်ချင်းတွေဘက်က လူအသစ်ခေါ်လာရင် ကျွန်တော်က စကားမပြောတော့ဘူး။ တွေတာခဏခဏဆိုရင်တော့ စကား စပြောပါတယ်။ကျွန်တော်က သိပ်မပြောတတ်ဘူး။ ပြောတာမှားသွားမှာတို့ ပေါ့။ ဒါကြောင့် အေးဆေးပဲနေတာပါ”လို့ ပရိသတ်တွေကို သူ့ရဲ့နေထိုင်မှု ပုံစံနဲ့ပတ်သက်လို့လည်း အဂ္ဂါမိုးဝင်းက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here