အသက်၎ဝ မကျော်ခင်တော့ ရင်သွေးလိုချင်တယ်ဆိုတဲ့ တင်ဇာမိုးဝင်း

0
267

ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ ကိုဖြိုးဝေလှိုင်နဲ့ တင်ဇာမိုးဝင်းတို့ရဲ့ အိမ်ထောင်ရေးက သိပ်ကို ပျော်ရွှင်ကြည်နူးစရာကောင်းပါတယ်။ တစ်ယောက်တစ်နိုင်ငံဆီဖြစ်နေတဲ့အတွက် အလွမ်းတွေနဲ့ ကိုယ်စီဖြစ်နေကြပေမယ့် Video chat ကနေ နေ့စဉ်တိုင်း စကားတွေပြောဖြစ်ကြတယ်လို့သိရပါတယ်။ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ကိုဖြိုးဝေလှိုင်က ၂ဝ၁၈ ခု နှစ်လောက်မှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပြီး ဒီနိုင်ငံမှာပဲ အပြီးတိုင် နေထိုင်ဖြစ်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

”သူကတော့ ဒီမှာလုပ်ငန်းတစ် ခုစကြည့်မယ်လို့ပြောတယ်။ စားသောက်ကုန်တွေရောင်းတာ သူလုပ် ချင်တယ်တဲ့။ အဲဒီ့လုပ်ငန်းစဖို့အတွက် သူပြန်လာမယ်လို့ပြောပါတယ်။ သူကတော့ အပြီးနေချင်တာ။ ဒါပေမဲ့ သူစမ်းကြည့်မယ်လို့ပြောတယ်။ အဆင်မပြေရင် သူပြန်သွားမယ်လည်းပြောတယ်။ ဒါပေမဲ့ အစ်မ ကတော့သူ့ကို ဒီမှာပဲထားမယ်။ ထားမယ်ဆိုတာက ဒီမှာကမိဘတွေရယ် မောင်နှစ်မတွေရယ်နဲ့လေ။ သူပြောပြတယ်။ ဟိုမှာဆိုရင် ကထိန်တို့ သီတင်းကျွတ်တို့မရှိဘူးပေါ့။ အဲဒီလိုမျိုးမရှိတဲ့နေရာမှာ သူမနေချင်ဘူးတဲ့။ ဒါကြောင့်မို့ အစ်မကတော့ သူ့ကို ဒီမှာပဲထားချင်တယ်”လို့ ခင်ပွန်းဖြစ်သူနဲ့ပတ်သက်လို့ တင်ဇာမိုးဝင်းက ပြောပါတယ်။

ရန်ကုန်နဲ့ ဂျပန်အလွမ်းတွေ ဘယ်လို ဖြေကြလဲလို့ မေးတော့. . .”အခုခေတ်ကြီးမှာတော့ တအား ကိုအဆင်ပြေပါတယ်။ ဖေ့ဘွတ်ခ်တွေကော Viber တွေကော Skype တွေကောရှိတဲ့အတွက်ကြောင့် အဆင်ပြေပါတယ်။ အရင်ခေတ်တွေတုန်းက အဆင်မပြေဘူး စာတွေရေးရတာလေ။ အစ်မနဲ့ သူနဲ့စတွေ့တုန်းကွ အေူု နဲ့လေ။ အခုခေတ်ကတော့ Video chat တွေ လည်းရပြီဆိုတော့ အသံလည်းကြားရတယ်၊ မျက်နှာလည်းမြင် ရတယ်လေ။ အဲဒီတော့အများကြီး အဆင်ပြေပါတယ်”လို့ တင်ဇာမိုးဝင်းက ပြောပါတယ်။

ကိုဖြိုးဝေလှိုင်နဲ့ တင်ဇာမိုးဝင်းတို့ကလည်း သူတို့ရဲ့မျိုးဆက်ကိုလိုချင်နေကြပြီဖြစ်ပြီး ဘုရားပေးတဲ့ အချိန်ပါပဲလို့ ဆိုကြပါတယ်။

”အသက် တအားမကြီးခင် ယူချင်တယ်။ အသက် ၄ဝ မကျော်ခင်တော့ လိုချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အသက်ကြီးတဲ့ အခါကျရင် ကလေးတစ်ယောက်ကို ထိန်းသိမ်းဖို့ မလွယ်ဘူး။ ဒါပေမဲ့ ဘုရားပေးတဲ့ အတိုင်းပါပဲ။ ကိုယ်နဲ့ ပဌာန်းဆက်ရှိပြီး ရေစက်ရှိတဲ့ ကလေးဆိုရင် သူ့ဘာသာသူ အချိန်တန်ရင် ရောက်လာမယ်လို့ ယုံကြည်ပြီးတော့ နေပါတယ်”လို့ တင်ဇာမိုးဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here