မနေ့ကဖြစ်သည် (Season 2) မှာ ဂျစ်ကန်ကန် ကောင်လေး တစ်ယောက်အနေနဲ့ မြင်တွေ့ရမယ့် အောင်မင်းခန့်

0
221

ဇာတ်လမ်းတွဲတွေ အရိုက်များတဲ့ အောင်မင်းခန့်က ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးမယ့် “မနေ့က ဖြစ်သည်(Season 2)” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရဦး မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ကျော်ကျော်ဗို၊ တိုင်ရွန်၊ ဆုပန်ထွာ၊ အေးမြတ်သူတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးရမှာဖြစ်ပြီး အောင်မင်းခန့်က ဘယ်အရာမှ အလေးမထားတဲ့ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်း ကာရိုက်တာအတွက် သူ့ရဲ့ ကြိုတင်ပြင်ဆင်မှုကို အောင်မင်းခန့်က…ဇာတ်လမ်းတွဲတွေ အရိုက်များတဲ့ အောင်မင်းခန့်က ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးမယ့် “မနေ့က ဖြစ်သည်(Season 2)” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရဦး မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ကျော်ကျော်ဗို၊ တိုင်ရွန်၊ ဆုပန်ထွာ၊ အေးမြတ်သူတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးရမှာဖြစ်ပြီး အောင်မင်းခန့်က ဘယ်အရာမှ အလေးမထားတဲ့ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်း ကာရိုက်တာအတွက် သူ့ရဲ့ ကြိုတင်ပြင်ဆင်မှုကို အောင်မင်းခန့်က… “ဒီဇာတ်ကားက ၂၂ ရက်နေ့ မှာ ရိုက်မှာပါ။ နေပြည်တော်မှာ ၂ လ၊ ၃လလောက်ကြာမယ်။ ပြီးရင် ရန်ကုန်မှာ ပြန်ရိုက်ပါ့မယ်။ ဒီဇာတ်လမ်းအတွက် ၁၁ လပိုင်း တစ်ပတ်အလိုကတည်းက ကျွန်တော် အဝတ်အစားတွေ ထိုင်စုနေ တာ။ ဂျစ်ကန်ကန်ကောင်လေး။ ပေါ့ပေါ့နေပြီး ဆိုးသွမ်းနေတဲ့ ကောင်လေးဆိုတော့ အဝတ် စားပိုင်းက လမ်းသရဲလို ပုံစံမျိုး ကျွန်တော်ဝတ်ဖြစ်မယ်။ ကာရိုက်တာနဲ့ လိုက်အောင်ပေါ့နော်။ ကိုယ့်သရုပ် ဆောင်ရတဲ့နေရာနဲ့ ကိုယ့်အဝတ်စား နဲ့က လိုက်ဖက်မှုရှိမှလည်း ပီပြင်တဲ့ ဇာတ်ကောင် ဖြစ်မှာပေါ့နော်။ အိုက်တင်ပိုင်းက တော့ ဒါရိုက်တာရဲ့ သွန်သင်ညွှန်ပြမှုတွေနဲ့ အကောင်းဆုံး သရုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။    “မနေ့ကဖြစ်သည်(Season 1)”က ပရိသတ် အားပေးမှု ရရှိခဲ့ပြီး  အင်မတန်မှ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ခဲ့ပါတယ်။

ပထမ ဇာတ်လမ်းတွဲ အောင်မြင်ခဲ့တဲ့ အတွက် ဇာတ်လမ်းတွဲ၂ အောင်မြင် ဖို့ အတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်းကိုလည်း အောင်မင်းခန့်က…      “ကျွန်တော်တို့ ၂ဆိုတာဖြစ်ဖို့အတွက် ၁ ဆိုတာ အရေးကြီးတယ်လေ။ ၁ ကလည်း အရေးကြီးသလို ၁ထက်ကောင်းဖို့ကလည်း ၂ မှာ တာ ဝန်ရှိလာပြန်ရော။ ဘာလို့လည်း ဆိုတော့ ၁ကိုကျော်နိုင်မှ ဖြစ်မှာလေ။ ၁ ကကောင်းပြီး ၂ ကမကောင်းဘူးဆို ရင် ဂွမ်းမှာလေ။ အဲဒီတော့ ကျွန်တော် တို့ကတော့ ဘယ်အခန်းကပဲ ရိုက်ကူး ရရိုက်ကူးရ ဘာတစ်ခုကိုမှတော့ ပေါ့ သေးသေး မလုပ်ပါဘူး။ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှတော့ အစွမ်းကုန် ကြိုးစားမှာပါ။ ပရိသတ်တွေ အား ပေးရကြိုးနပ်တဲ့ တန်တဲ့ ဇာတ်လမ်း ကောင်းတစ်ခု ဖြစ်စေရပါ့မယ်”လို့ ထပ်မံပြောပြပါတယ်။   ရိုက်ကူးရတဲ့ ဇာတ်လမ်းတိုင်း တာဝန်ကြီးပါတယ်လို့ အောင်မင်းခန့်က ဆိုပါတယ်။  “ကျွန်တော့်အတွက်ကတော့ဇာတ် ကားတိုင်း ဇာတ်ကားတိုင်း ကတော့ တာဝန် ကြီးပါတယ်။ ကျွန်တော် ရိုက်ကူးတိုင်းလည်း ပရိ သတ်က အားပေး ကြည့်ရှုကြတယ်လေ။ ကြည့်တော့ ကျွန်တော့် အတွက်က တစ်ခုမှ မပေါ့ရဲဘူး။ ဘယ်အခန်းကဏ္ဍကပဲ ဖြစ် ဖြစ်ကျွန်တော့် အတွက်ကတော့ တအား တာဝန်ကြီးပါတယ်။ ဇာတ်လမ်းတွဲ အရိုက်များနေတယ် ဆိုပေမယ့်လည်း ဘယ်ဟာပဲ ရိုက်ရိုက် လွယ်ကူတာတော့ အမှန်ပဲ။ ကကြီးက အထိ စီစဉ်ရတာ များတယ်ဆိုတော့ ကားတစ်ကားရိုက်ရင် တော့ ဦးနှောက်က တော်တော်ခြောက် ရပါ တယ်။ လွယ်တော့မလွယ်ကူပါဘူး” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း 


LEAVE A REPLY

Please enter your comment!
Please enter your name here