ဒီဇင်ဘာလအတွင်း ကျင်းပမည့် မြန်မာနိုင်ငံဂီတအစည်းအရုံး ရွေးကောက်ပွဲ

0
222

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အမှုဆောင်အဖွဲ့ပြန်လည်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်မှ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ နိုဝင်ဘာ ၂၃ရက်၊ မနက်ပိုင်းက တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) တွင်ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ရွေးကောက်ပွဲကော်မရှင် ကြေငြာချက် အမှတ် (၂/၂၀၁၇) ၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလကွယ် (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်) ၁၇.၁၁.၂၀၁၇ ခုနှစ်၊ သောကြာနေ့၊ ၁၃:၀၀ နာရီတွင် ကျင်းပသော မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) နာယကကြီးများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အကြံပေးအဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးကြပြီး အောက်ပါဆုံးဖြတ်ချက်များကို ဂီတလောက သားများ သိရှိနိုင်ရန် ကြေငြာလိုက်ကြောင်း သိရသည်။

(၁)အစည်းအရုံးဝင်ခွင့်ကဒ်အသစ်ပြုလုပ်ခြင်းနှင့် အစည်းအရုံးကဒ် သက်တမ်းတိုးမြှင့်ခြင်း များကို ၃၀.၁၁.၂၀၁၇ နေ့ရက်အထိ လက်ခံပြုလုပ်ပေးမည်။
(၂)အမှုဆောင်လောင်းအဖြစ် အဆိုပြုလွှာများကို ၂၅.၁၁.၂၀၁၇ နေ့ရက်အထိ လက်ခံပြုလုပ်ပေးမည်။
(၃)မိမိကိုယ်ကို Professional ဂီတသမားဟု ခံယူပြီး အစည်းအရုံးဝင်ကဒ်လက်ဝယ်ရှိသော ဂီတသမားများအားလုံး မဲပေးပိုင်ခွင့် ရှိသည်၊
(၄)အမှုဆောင်လောင်းများအဖြစ် အဆိုပြုသူ၏ စံနှုန်းသတ်မှတ်ချက်များ ၊
(က) မဟာဂီတအလွှာ။ ။အနည်းဆုံး သီချင်း (၃)ပုဒ်ဆို၊တီးခဲ့သူ (သို့) မြန်မာ့အသံဓာတ်ပြား (၃)ချပ် ရခဲ့ဖူးသူ (သို့) တေးစီးရီးထုတ်လုပ်ဖူးခဲ့သူ (သို့) မဟာဂီတကို အမှန်တကယ်တတ်ကျွမ်းသူဟု အများကလက်ခံသူ (သို့) ဆိုကရေးတီးပြိုင်ပွဲများတွင် မဟာဂီတဖြင့် ဆုရရှိခဲ့သူများ၊
(ခ)ကာလပေါ်အလွှာ။ ။ကာလပေါ်တေးဂီတလောကတွင် အသက်မွေးဝမ်းကြောင်းအဆင့်ထိ လှုပ်ရှားလာခဲ့ပြီး အများမှ အသိအမှတ်ပြုခံရသော ကျော်ဇောသတင်း ရရှိထားသူ ကာလပေါ် ရေး/ဆို/တီး ဂီတပညာရှင်များ၊
(ဂ)စတီရီယိုအလွှာနှင့် ခေတ်သစ်အလွှာ။ ။ စတီရီယိုနှင့် ခေတ်သစ်အလွှာတွင် အသက် မွေးဝမ်းကြောင်းအဆင့်ထိ လှုပ်ရှားလာခဲ့ပြီး အများမှ အသိအမှတ်ပြုခံရသော ကျော်ဇော သတင်း ရရှိထားသူ စတီရီယိုနှင့် ခေတ်သစ်အလွှာ ရေး/ဆို/တီး ဂီတပညာရှင်များ၊
(ဃ)ထုတ်လုပ်/ဖြန့်ချိ အလွှာ။ ။ထုတ်လုပ်/ဖြန့်ချိအလွှာ အတွက် တေးစီးရီးနှင့် ကာရာအိုကေအခွေများ ထုတ်လုပ်ခဲ့ဖူးသူ၊ ထင်ရှားသောတေးဂီတ စင်တင်ပွဲများ စီစဉ်ခဲ့ဖူးသူများ၊
(င)စက်မှုအလွှာ။ ။စက်မှုအလွှာအတွက် အသံဖမ်းအင်ဂျင်နီယာများ၊ စင်တင်တေးဂီတ ပွဲများတွင် အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာ တာဝန်ယူရသည့် အင်ဂျင်နီယာများ၊ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ် ကားများတွင် အသံပိုင်းဆိုင်ရာကို အသက်မွေးဝမ်းကြောင်းအဆင့်ထိ လုပ်ကိုင်နေသူများ၊
(၅)အမှုဆောင်လောင်းအဖြစ် အဆိုပြုလွှာများကို ၂၅.၁၁.၂၀၁၇ နေ့အထိ လက်ခံသွားမည် ဖြစ်ပြီး ၄င်းအမည်စာရင်းများကို ၃၀.၁၁.၂၀၁၇ နေ့ရက်တွင် ကော်မရှင်မှ ထုတ်ပြန်ကြေငြာသွားမည်။
(၆) ဆန္ဒမဲထည့်ရမည့် နေ့ရက်များမှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း
(က)မဟာဂီတအလွှာ ၁၉.၁၂.၂၀၁၇
(ခ)ကာလပေါ်အလွှာ ၂၀.၁၂.၂၀၁၇
(ဂ)စတီရီယိုနှင့် ခေတ်သစ်အလွှာ ၂၁.၁၂.၂၀၁၇
(ဃ)စက်မှုအလွှာနှင့် ထုတ်လုပ်/ဖြန့်ချိအလွှာ ၂၂.၁၂.၂၀၁၇ တို့ဖြစ်ကြောင်း သိရပါတယ်။

(၇)၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ အသစ်၏ အမည်စာရင်းများကို ၁.၁.၂၀၁၈ နေ့ရက်တွင် ကော်မရှင်မှ ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here