ကိုယ်ဝန် လွယ်ထားရပြီ ဖြစ်တဲ့ စူပါမော်ဒယ် Miranda Kerr

0
271

စူပါမော်ဒယ် Miranda Kerr ဟာ ကိုယ်ဝန် လွယ်ထားရတယ်လို့ သိရှိရပါတယ်။ သူမဟာ လက်ထပ်ပြီး ကတည်း Snapchat CEO Evan Spiegel နဲ့ ကလေးရဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ကလေး ကတော့ သူမရဲ့ ဒုတိယ မြောက် ရင်သွေးလေးပါ။ ပထမဆုံး သားလေးကတော့ အသက် ၆ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး Flynn Christopher Bloom နဲ့ ရရှိခဲ့တာပါ။ သားလေးက အခုသူမနဲ့အတူတူ နေနေပြီး ကလေး အသစ်ကို တစ်မိသားစုလုံး မျှော်လင့်နေပါတယ်။ Miranda နဲ့ Evanတို့နှစ်ဦးဟာ မေလကမှ မိသားစုဝင်ရှေ့မှာ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပြီး ကလေးကို မျှော်လင့်နေကြတာပါ။ သူတို့ မင်္ဂလာ ဆောင်မှာ စူပါမော်ဒယ်က Dior ရဲ့ သတိုးသမီးဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။

“Evan ဟာ အလွန်ကို ကြင်နာတတ်ပြီး သဘောထားပြည့်ဝတဲ့ အမျိုးသား တစ်ဦးပါ။ သူနဲ့အတူ လက်တွဲခွင့် ရတဲ့ အတွက်လည်း တအား ကို ဂုဏ်ယူပါတယ်”လို့ သြစတြေးလျ မော် ဒယ်က E! News ကိုပြောပြခဲ့ ပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here