ကိုယ့်ရဲ့ အရပ်ကြောင့် တခြားသူတွေကို စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး သန္တာဗို

0
262

သန္တာဗိုက လတ်တလောမှာတော့ ကြက်ဖ၊ တိုင်ရွန်၊ ဆုမြတ်နိုးဦး တို့နဲ့ အတူ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဟာသဇာတ်လမ်း အမျိုးအစားမှာမှ သန္တာဗို ကြက်ဖနဲ့ တွဲဖက်သရုပ်ဆောင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ သန္တာဗိုကသူ့ရဲ့ အရပ်ကြောင့် ဇာတ်ကားတွေ ရိုက်ကူးရင် ဖိနပ်အထူ ဘယ်တော့မှ မစီးဘူးလို့ဆိုပါတယ်။

ဇာတ်ကားတွေ ရိုက်ကူးရင် သန္တာဗိုရဲ့ အရပ်ကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေက…သန္တာဗိုက လတ်တလောမှာတော့ ကြက်ဖ၊ တိုင်ရွန်၊ ဆုမြတ်နိုးဦး တို့နဲ့ အတူ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဟာသဇာတ်လမ်း အမျိုးအစားမှာမှ သန္တာဗို ကြက်ဖနဲ့ တွဲဖက်သရုပ်ဆောင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ သန္တာဗိုကသူ့ရဲ့ အရပ်ကြောင့် ဇာတ်ကားတွေ ရိုက်ကူးရင် ဖိနပ်အထူ ဘယ်တော့မှ မစီးဘူးလို့ဆိုပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးရင် သန္တာဗိုရဲ့ အရပ်ကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေက… “ညီမအတွက် ဇာတ်လမ်းတွဲ ရိုက်ကူးတာက ပထမဆုံး ဖြစ်ပြီး တော့ ကိုကြက်ဖနဲ့ တွဲပြီးသရုပ်ဆောင် ရတာလည်း ပထမဆုံးပါပဲ။ ဒီဇာတ်လမ်းတွဲ လေးက နောက်နှစ် ၂ဝ၁၈ လောက်မှာ ပြသမှာပါ။ အပိုင်းကတော့ ၁၄ ပိုင်းလောက် ရှိပါတယ်။

ညီမက ဇာတ်ကားရိုက်ကူးရင်တော့ ဖိနပ်အပါး စီးရပါတယ်။ တကယ်ဆို ညီမလည်း တခြားလူတွေကို အားနာတယ်လေ။ ဒါကြောင့် ဖိနပ် အပါးလေး တွေပဲ ရွေးစီးတယ်။ ရှိုးတွေလျှောက်မှပဲ ဒေါက်ဖိနပ်စီးဖြစ်တာပါ။ တစ်ခါ တလေ ပွဲဆိုရင် လည်း ကိုယ့်အရပ်ကြောင့် သူများကို စိတ်အနှောက်အယှက် မဖြစ်စေချင် ဘူး။ တစ်ချို့ဆို ငါ့ အနားမလာ နဲ့…. ဆိုပြီး စကြတာတွေ၊ ပြောကြတာတွေ ရှိတော့ တအား အားနာတယ်။ တစ်ခါတလေ ပွဲတွေ သွားရင် ဒေါက်တအား စီးချင်တာမျိုး ရှိတယ်။ အရပ်ရှည်တော့လည်း မော်ဒယ်အနေနဲ့ လာငှားကြတာများတယ်။ ပိုသုံးကြတာပေါ့နော်”လို့ သန္တာဗိုက ပြောပြပါတယ်။

သန္တာဗိုကို ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်ထက် မော်ဒယ် တစ်ယောက် အနေနဲ့ မြင်တွေ့ရတာ ပိုများတာကို တွေ့ရပါတယ်။ ရှိုးပွဲတွေ အများကြီး လျှောက်ဖူးပေမယ့် အခုအချိန်ထိ ရှိုးမ လျှောက်ခင် စိုးရိမ်မှုတွေ ရှိနေဆဲပဲလို့ သန္တာဗိုက ဆိုပါတယ်။ စင်နောက်ကွယ်က သန္တာဗိုရဲ့ အခက်အခဲ တွေက… “ညီမရှိုးတွေလျှောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ ထက်၊ ရှိုးမလျှောက်ခင် လက်တုန်ခြေတုန် အမြဲဖြစ်တယ်။ အဝတ်အစားပေါ်မှာ တအားစိုးရိမ်တယ်။ ခြေလဲ မှာတို့ ဘာတို့ကို ပွဲတိုင်းစိုးရိမ်မိတယ်။ Confident  ရှိတဲ့ ပွဲဆိုတာ ရှားပါတယ်။ တအားကြိုးစားပြီး ယုံကြည်မှု ရှိရှိနဲ့ ပရိသတ်တွေ ရှေ့မှာ လျှောက်ရတာပေါ့။ ရှိုးလျှောက်နေရင်း အ ဝတ်က ခြေထောက်ကြားညှပ် သွားတာတို့၊ ဘာတို့ ဆိုရင် လုံးဝ မျက်နှာ ပျက်သွားပြီ။ ဟန်ဆောင်ပြီး မနေ တတ်ဘူး။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် အများကြီး ကြိုးစားဖို့ လို သေးတယ်လို့ ထင်တယ်” လို့ ပြော ပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here