သရဲခြောက်ခံရဖူးတဲ့ သွန်းဆက်

0
323

သရဲ ကြောက်တတ်တဲ့အတွက် သရဲဇာတ်ကား တော်တော်များများ လက်ခံရိုက် ကူးလေ့ မရှိဘူးဆိုတဲ့ သွန်းဆက်က…  အခု လတ်တလောမှာတော့ ဒါရိုက် တာ မောင်မောင်မြင့်လွင် ရိုက်ကူးနေတဲ့  ဗီဒီယို ဇာတ်ကားမှာ ခန့်စည်သူ နဲ့ အတူပါဝင် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားက သရဲတွေ ဝိဥာဉ်တွေ ကို မြင်ရတဲ့ ဇာတ်လမ်းပုံစံ မျိုးလေး ဖြစ်တယ်လို့ သိရပါတယ်။

သရဲ ကြောက်တတ်တဲ့အတွက် သရဲဇာတ်ကား တော်တော်များများ လက်ခံရိုက် ကူးလေ့ မရှိဘူးဆိုတဲ့ သွန်းဆက်က…   “ကြောက်တယ်။ တအားကြောက်တယ်။ အဲဒါကြောင့် သရဲဇာတ်ကား တော်တော်များများ ချိတ်ရင်မရိုက်ဖြစ်တာ များ ပါတယ်။ တကယ့်သရဲကား စစ်စစ်ကြီးတွေဆိုရင် သိပ်မရိုက်ဘူး ရှောင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ကံက နိမ့်လား မြင့်လား ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် မသိရဘူးလေ။ ကံနိမ့်နေတဲ့အချိန် ဝင်ပူးမှာတွေဘာတွေ ဖြစ်မှာကိုလည်း ကြောက်တယ်လေ။ အဲဒီ လိုဖြစ်တဲ့ သူတွေလည်းမကြည့်ရဲဘူး။ ရင်တွေတုန်တယ်။ အဲဒီလိုဖြစ် တာမျိုးတွေ ဖေ့စ်ဘုတ်ခ်မှာတက်လာရင်လည်း မကြည့်ဘူး။ ကျော်ပစ် တာ။ ရင်ထဲမကောင်းလို့လေ။ အဲဒီလိုမျိုးဆိုတော့ ညီမသိပ်မရိုက်ဖြစ်ဘူး။ သရဲကား ပြူးတူးပြဲတဲတွေ တကယ်ကြောက်ဖို့ ကောင်းတဲ့ ဇာတ်ကားတွေ ဆိုရှောင်ဖြစ်ပါတယ်။ ဒီဇာတ်ကားကျတော့ သရဲခန်းကနည်းနည်း ပဲပါတယ်။ တစ်ကားလုံး သရဲကား မဟုတ်ဘူး။ ဝိဥာဉ်တွေကို မြင်ရတယ်၊ စကားပြောလို့ရတယ်။ ညီမနဲ့ဆုံတဲ့ အခန်းက နည်းနည်းပဲပါလို့ ရိုက်ဖြစ်တာပါ” လို့ ပြောပါတယ်။ သရဲကြောက်တတ်တဲ့ သူမ ဇာတ်ကားရိုက် သွား ရင်းနဲ့ သရဲ အခြောက်ခံခဲ့ ရဖူးကြောင်းကို သွန်းဆက် က အခုလိုပြောပြခဲ့ပါတယ်။

“အသံတော့ ကြားဖူးတာတော့ ရှိတယ်။ အသံဆိုတာက သရဲလို အသံတော့ မဟုတ်ဘူး။ ဘယ်သူမှ မရှိဘဲငြိမ်နေ ရင်းကနေ ရေသန့် ဘူး ရိုက်ချတာလိုမျိုး။ အဲဒါကလည်း ထူး ခြားပါတယ်။ညီမပြင်ဦးလွင်မှာ ဇာတ် ကားရိုက်ကူးအောင်သွားနေတဲ့ အချိန် အမေနဲ့ ပဌာန်းရွတ်နေ ရင်း နဲ့ အမြဲတမ်းအသံတွေက ကျယ်ကျယ် လာတယ်လေ။ အဲဒီမှာ ဟိုတယ်နာမည် တော့ မပြောတော့ပါဘူး။ ဟိုတယ်ရဲ့ ရေချိုးခန်းထဲ ကနေ ရေသန့်ဘူးတစ်ဘူးက ရိုက်ချ လိုက် သလိုမျိုး ပေါ့နော်။ အကျယ်ကြီးပဲ၊ လုံးဝကြားလိုက်ရ တာ။ အဲဒါနဲ့ သား မိနှစ်ယောက် သွားကြည့်တော့ ရေဘူးက လေ လည်း မတိုက်ဘူး။ ပြီးတော့ အစပ် မှာတင်ထားတာ မဟုတ်ဘူး။ အလယ် လောက်မှာ တင်ထားတာဆိုတော့ လွတ်လွတ် ကျွတ်ကျွတ်ကြီး ပေါ့နော်။ အဲဒီလိုမျိုးဖြစ်ဖူး တယ်။ ဒါပေမဲ့ ညီမ အရင်က သရဲကား ပုံစံမျိုးတွေ ၁ကား ၂ ကားလောက် တော့ ရိုက်ဖူးတယ်။ အဲဒီ တုန်းက တော့ သင်္ချိုင်း ကုန်းမှာ ဘာတွေမှာ ရိုက်ကူးတာ တောင် ကြောက် လန့်တာမျိုးတွေ မရှိပါ ဘူး။ မရိုက်ကူးခင် မေတ္တာတွေ ပို့ပေး တော့ ဘာမှတော့ မဖြစ်ဘူး။ အသံလေး ကြားဖူးတာတော့ အဲဒီတစ်ခါတော့ ကြုံဖူးပါတယ်” လို့ သွန်းဆက်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here