နေတိုး နဲ့ သရုပ်ဆောင်မယ့် အိန္ဒိယမင်းသမီး Riya-Ray -ရီယာရေး

0
268

7th Sense Film Production မှ လူငယ်ဒါရိုက်တာ ပြည့်ဇော်ဖြိုး ရိုက်ကူးမယ့် မဟူရာရုပ်ရှင်ရုံ ရုပ်ရှင် ဇာတ်ကားမှာ နေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ဖို့ အတွက် အိန္ဒိယမင်းသမီး ရီယာရေး (Riya Ray) ကိုရွေးချယ်ထားကြောင်း သိရပါ တယ်။

ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ အိန္ဒိယ မင်း သမီးကို ရွေးချယ်ဖြစ်ခဲ့ပုံ ကိုတော့7th Sense Film Production မှ ကိုဝေမင်းမောင်က …. “လူငယ် ဒါရိုက်တာ ပြည့်ဇော်ဖြိုးက အိန္ဒိယမှာ ကျောင်းတက်ပြီးတော့ ဒါရိုက်တာ အတတ်ပညာကို လုပ် လာတဲ့သူပေါ့။ သူက ဇာတ်လမ်း တစ်ပုဒ်လာပြတယ်။ အဲဒီဇာတ်လမ်းမှာ အိန္ဒိယမင်းသမီး တစ်ဦးပါတယ်။ မြန်မာနိုင်ငံကို ရောက်လာတဲ့ အိန္ဒိယ လူမျိုးပေါ့။ အဲဒီလို ဇာတ်လမ်းမျိုး ဖြစ်တဲ့ အတွက် အိန္ဒိယမင်းသမီး တစ် ဦးလိုတယ်။ ကျွန်တော်တို့ အိန္ဒိယ အေဂျင်စီတွေနဲ့ ချိတ် ဆက်ပြီး စကားပြောတော့ ဒီမင်းသမီးကို တွေ့တယ်။ ဒီမင်းသမီးက အိန္ဒိယ ဘောလိဝုဒ်ထဲ မှာလည်း အနုပညာ လှုပ်ရှားမှုတွေရှိတယ်။ သူ့ရဲ့အဓိက အသက် မွေးဝမ်းကြောင်းက international model  ပဲ။ ကြော်ငြာတွေ တအား ရိုက်ကူးရ တယ်။ အလှကုန်တွေ ဖက်ရှင်တွေ တောက် လျှောက် ရိုက်လာတဲ့ မော်ဒယ်ပေါ့။ တချို့ အိန္ဒိယဇာတ် ကားတွေထဲမှာ လည်း ဝင်ပြီး သရုပ်ဆောင်နေတာတွေ ရှိတယ်။ ပြည့် ဇော်ဖြိုးနဲ့လည်း ဆက်သွယ်ပြီး စကားပြော လိုက်တဲ့ အချိန်မှာလည်း ကောင်းတော့ သူ့ကိုရွေးချယ်လိုက်တာပါ”  လို့ ပြော ပါတယ်။

ဒီ့နောက်မှာ ဇာတ်ကား၊ ဇာတ် လမ်းအကြောင်း အတိုချုံးပြီးတော့… “မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေ တိုး တက်နေတဲ့ ခေတ်ဖြစ်နေတယ်။ တချို့ နယ်တွေ၊ ရွာတွေမှာ ရုပ်ရှင်ရုံ အ ဟောင်း အပျက်တွေရှိတယ်။ ကုမ္ပဏီ တစ်ခုကနေ ရုပ်ရှင်ရုံတွေ အဆင့် မြှင့်တင်ပေး ဖို့ ပရောဂျက်တစ်ခု လုပ်လိုက်တယ်။ အိန္ဒိယက ရုပ် ရှင် ရုံလုပ်တဲ့ ကုမ္ပဏီ တစ်ခုက လွှတ်လိုက်တဲ့ကောင်မလေး က အိန္ဒိယမင်း သမီးပေါ့။ မြို့တစ်မြို့ရဲ့ ရုပ်ရှင်ရုံပျက်ကြီးထဲ ရောက်သွားပြီးတော့ အဲဒီ မှာသူတို့ရဲ့လွဲမှားမှု တစ်ခုပေါ့။ သရဲကားလည်းဖြစ်မယ်။ adventure  လည်းဖြစ်မယ်” လို့ သူကဆက်ပြောခဲ့ပါတယ်။

ရီယာရေးဟာ အိန္ဒိယနွယ်ဖွား International supermodel နဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး နာမည်ကျော် Brand တွေအတွက် Poster နဲ့ Commercial  ကြော်ငြာများ ရိုက်ကူးနေတဲ့သူ  တစ်ယောက်ဖြစ် ပါတယ်။

ရီယာရေးဟာ အခုလက်ရှိမှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ နေထိုင်လျက် ရှိပြီး အရင်က တော့ အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်ခဲ့ သူဖြစ်ပါတယ်။  ရုပ်ရှင်ဇာတ်ကားတွေ အနေနဲ့ ဘောလီးဝုဒ် နာမည်ကျော်မင်းသား Aamir Khan ရဲ့ Dhoom 3 ရုပ်ရှင် ဇာတ်ကားမှာ Chicago သတင်း ထောက်မလေး ဇာတ်ကောင် အနေနဲ့ ပါဝင်ခဲ့ပြီး ၂ဝ၁၄ ခုနစ်မှာ ပြသခဲ့တဲ့ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား Loaded မှာ အဓိကဇာတ် ကောင်တွေထဲက တစ်ယောက် အနေနဲ့ ပါဝင်ရိုက်ကူးခဲ့ ပါတယ်။ “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားမှာ နေတိုးနဲ့ မင်းသားနှစ်ဦး၊ မြန်မာမင်းသမီး တစ် ဦး နဲ့ အိန္ဒိယ မင်းသမီး ရီယာရေးတို့ အဓိက ပါဝင် သရုပ်ဆောင် မှာဖြစ်ပြီး မင်းသားနှစ် ဦးနဲ့ မင်းသမီးတစ်ဦး တို့ကို မရွေး ချယ် ရသေးဘူးလို့ ကိုဝေမင်းမောင်က ပြောပါတယ်။ ဒီဇာတ်ကားကို ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင် ရိုက်ကူးသွားမှာ ဖြစ် ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here