သင်းလုံးကျွတ်ညီလာခံနှင့်အတူ ရုပ်ရှင်အစည်းအရုံး မှ ကိုင်တွယ်ဆောင်ရွက်နေရသည့် ကိစ္စရပ်များအား ဦးဇင်ဝိုင်း ပြောကြား

0
244

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ၏ ဖွဲ့စည်းပုံ ရွေး ကောက်ပွဲစည်းမျဉ်းများ၊ အခြားအချက်များနှင့် ပတ် သက်၍ ပြုပြင်ပြောင်းလဲသင့်သည် များကို အကြံပြု တင်ပြလိုသော အစည်းအရုံးဝင် များအနေဖြင့် အလွှာ ကိုယ်စားလှယ်များမှတစ်ဆင့် ဒီဇင်ဘာ ၇ ရက်နေ့ နောက် ဆုံးထား၍ စုစည်းတင်ပြကြရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ နှိုးဆော်ထားသည်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ သင်းလုံးကျွတ်ညီလာခံကျင်းပတော့မည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက…”ဆယ်စုနှစ်ပေါင်း များစွာ မကျင်းပနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ရဲ့ သင်းလုံးကျွတ် ညီလာခံပေါ့လေ။ ဒါကို လည်း ကျင်းပဖို့အတွက်ကို အလွှာ အသီးသီးကနေ ပြင် ဆင်နေကြပါပြီ။ ကျွန်တော်တို့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပပါမယ်။ အဲဒီအတွက်ကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပါ တယ်”ဟု ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး သင်းလုံးကျွတ် ညီလာခံ ကျင်းပရေး ဗဟိုကော်မတီအားလည်း နာယကကြီးများ၊ အလုပ်အမှုဆောင်များ၊ လောကသားများဖြင့် ဖွဲ့စည်း ထားပြီး ဦးဇင်ဝိုင်းအနေဖြင့် သင်းလုံးကျွတ် ညီလာခံကျင်း ပရေး ဗဟိုကော်မတီတွင် တွဲဖက်အတွင်းရေးမှူး တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ဦးဇင်ဝိုင်း ဦးဆောင်သည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင်သစ် ၏ သက်တမ်းမှာ ကာလအားဖြင့် တစ်လကျော် နှစ်လအတွင်းသို့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အဆိုပါကာလ အတွင်း ရုပ်ရှင်လောကသားများမှ မည်ကဲ့သို့ တောင်းဆိုမှုများ ပြုလုပ် ကြသနည်း၊ မည်သည့်ကိစ္စများအား ကိုင်တွယ် လုပ်ဆောင်နေရသနည်း စသည်များအား မေးမြန်းဖြစ်ခဲ့ရာ…ကျွန်တော်တို့မှာ တိုးလို့တန်း လန်း ကျန်နေတဲ့ ကိစ္စတွေရှိပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ မြန်မာ နိုင်ငံမှာရှိနေတဲ့ ရုပ်ရှင်ရုံအရေ အတွက်နဲ့ ကျွန်တော်တို့ ရိုက်ကူး ပြီး ရုံတင်ဖို့ စောင့်ဆိုင်းနေတဲ့ ကားပေါင်းအရေအတွက်က ၂၄ဝ ရှိပါတယ်။ ဒီကိစ္စကြီးကလည်း အလွန်ကို ကြီးမားတဲ့ပြဿနာပါ။ ဇာတ်ကားများ ရုံတင်နိုင်ဖို့အရေး အကြပ်အတည်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီအကြပ်အတည်း ကိုသာ မှန်မှန် ကန်ကန် မဖြေရှင်းနိုင်ဘူး ဆိုလို့ရှိရင် ရုပ်ရှင်လောက တစ်ခုလုံး ရပ်ဆိုင်းသွားပြီးတော့မှ နိုင်ငံတော် အထိပါ ရိုက်ခတ်သွားနိုင်တဲ့ စီးပွားရေး အကြပ်အတည်း တစ်ခုပါ။ ဒါကိုလည်း လက်ရှိဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ခရီး တစ်ဝက်တော့ ရောက်နေပါပြီ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ကနေပြီး တော့မှ တင်ထားတဲ့ရုပ်ရှင်ဥပဒေကိစ္စပါ။ ဒီရုပ်ရှင် ဥပဒေကလည်း ၂ဝ၁၂ လောက်ကတည်းက စတင်လာတာ ၂ဝ၁၇ အထိရှိပြီ။ ၅နှစ်တာကာလ မပြတ်သေးပါဘူး။ ဒါကိုလည်း ကျွန် တော်တို့က လက်ရှိကိုင်တွယ်နေပြီး တော့မှ လုပ်ကိုင်နေရပါတယ်”ဟု ပြောပြသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးလူမင်းလက်ထက်တွင် ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့်တွေ့ဆုံပြီး ဆင်ဆာနှင့် ပတ်သက်၍ ညှိနှိုင်း တိုင် ပင်ခဲ့ကြသည့်ကိစ္စများလည်းရှိခဲ့သလို ဦးဇင်ဝိုင်း လက် ထက်တွင်ကော ဆင်ဆာနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက် သွားမလဲဆိုသည် ကိုလည်း မေးမြန်းဖြစ်သည့် အခါ…ဆင်ဆာကိစ္စ ကလည်း ကျွန်တော်တို့ ဦးဆုံး ဖြေရှင်းပေးရတဲ့ အထဲမှာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လောကသားများရဲ့ အသံဟာ ဆင်ဆာ တင်းကြပ်မှုကို သိပ်ပြီးတော့ မလိုချင်တော့ပါဘူး။ ဆင်ဆာ ကို ကျွန်တော်တို့ဘယ်လောက်ထိ လျှော့ပေါ့မလဲ၊ ကျွန် တော်တို့ဖန်တီးသူများ ဘက်က ဘယ်လောက်အထိ တာဝန်ယူကြမလဲပေါ့နော်။ ဒီဟာတွေကို ညှိနှိုင်းနိုင်ကြဖို့ အတွက် ပြန်ကြားရေး ဝန်ကြီးဌာနရယ်၊ သက်ဆိုင်ရာ လွှတ်တော် အသီးသီးက ကိုယ်စားလှယ်တွေရယ်၊ ကျွန် တော်တို့မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရယ်၊ ရုပ်ရှင် လောကသား များပါဝင်တဲ့ ဆင်ဆာနဲ့ပတ်သက်တဲ့ Workshop တစ်ခုကို ကျွန်တော်တို့ မကြာခင်မှာ ကျင်းပနိုင်ဖို့ စတင်ပြီးတော့ စိုင်းပြင်းနေပြီ ဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here