တစ်ကိုယ်တော်ခွေ နဲ့ပက်သက်ရင် ကြာလာတော့ စိတ်ဓာတ်တောင် ကျလာတယ်… ချစ်သုဝေ

0
202

လင်းလင်းနဲ့ချစ်သုဝေ တို့ရဲ့ အမြွှာသမီးလေး နှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် တို့က အခုဆိုရင် ဆယ်လအရွယ် ကိုရောက် ရှိလာပြီဖြစ်ပါတယ်။  ချစ်သုဝေ အနေနဲ့လည်း အနုပညာလှုပ်ရှားမှုအချို့ကို ပြန်လည် လုပ်ကိုင်လာတာတွေ့ရပြီး အမြွှာသမီးလေး နှစ်ယောက်နဲ့လည်း ကြော်ငြာရိုက်ကူးတာကို တွေ့ရပါတယ်။

ဒါကြောင့် ကလေးတွေအတွက်  လင်းလင်းနဲ့ချစ်သုဝေ ဘယ်လို တာဝန်တွေခွဲယူပြီး ထိန်းသိမ်းလဲ ဆိုတာ မေးမြန်းတော့… “ခေတ်လေးနဲ့ သစ်လေးက အခုဆိုရင် ဆယ်လပြည့်ပါပြီ။ ကလေးတွေကတော့ သူ့အရွယ် အပိုင်းအခြားအလိုက် စိတ်ပူရ တာတွေမရိုးပါဘူး။ ကလေးတွေကို ထိန်းဖိုလည်း မမနဲ့ ကိုလင်း က သီးသန့်ကြီးတာဝန်တွေ ခွဲထားတာမျိုးတော့ မရှိပါဘူး။ နောက်ပြီး မထရီဇာတို့က အမေနဲ့ နေတာဆိုတော့ မမမေမေတို့၊ မမရဲ့အစ်မတို့ကဘုရားပေးတဲ့ဆုပါပဲ။ မမတို့ လင်မယားနှစ်ယောက် လုံးက အနုပညာ သမားတွေ ဖြစ်တဲ့အတွက် အလုပ်က ကန့်သတ်လို့ မရပါဘူး။ စနေ၊ တနင်္ဂနွေဆိုရင် ပွဲတွေများတယ်။ မထရီဇာလည်း စတိတ်ရှိုးတွေ သွားဆိုရတာမျိုးတွေ ရှိရင် အပြင်ထွက်ရတာပေါ့။ အဲဒီလိုနေ့မျိုး ဆိုရင် ကိုလင်းနဲ့ လင်မယားနှစ်ယောက် ညှိပြီး အပြင် ထွက်ရတာပေါ့။ သူအားတဲ့ရက် ကိုယ်အလုပ်ရှိလို့ အပြင်ထွက်တဲ့ နေ့ကျရင် မထရီဇာ  Jealous ဖြစ်အောင်ဆိုပြီး ကလေးတွေနဲ့ ပျော်တယ်။ ပုံတွေ၊ ဗီဒီယိုတွေတင်တယ်။ ရန်စတာပေါ့။(ရယ် လျက်)”လို့ ချစ်သုဝေ ကပြောပြပါတယ်။

ချစ်သုဝေရဲ့ အနုပညာလှုပ်ရှားမှု အသစ်တွေကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြပြီး တစ်ကိုယ်တော် အခွေထွက်ရှိဖို့ အတွက်လည်း ကြန့်ကြာမှုတွေ ရှိနေပါတယ်။ ဒီစီးရီးခွေနဲ့ ပက် သက်ရင် ကြာလာတော့ စိတ်ဓာတ်တောင် ကျလာတယ် ဆိုတဲ့ မေမေချစ်သုဝေရဲ့ အခက်အခဲတွေက… “အမှန်အတိုင်းပြောရရင် မထရီဇာအခု ကြော်ငြာတွေရိုက်တယ်။ ရှိုးပွဲလေးတွေဆိုတယ်။ ကလေးတွေကိုထိန်းဖို့ ဆရာမတွေ ခေါ်ထားပေ မယ့်လည်း ဆရာမတွေက သူတို့လည်း personal တွေရှိတာကြောင့် ခွင့်တွေယူ ကြတယ်။ ကလေးတွေလည်း ကိုယ့်လက်က နေ မလွတ်သေးတဲ့ အရွယ်ဖြစ်တော့ မထရီဇာအတွက် အချိန်တအား အခက် အခဲဖြစ်တယ်။ အခုဆိုရင် တစ်လကို တစ်ခါတော့ မထရီဇာ နေမကောင်းဖြစ် တယ်။ အိပ်ချိန်မမှန် စားချိန်မမှန်တာ တွေ ရှိတဲ့အတွက် ကိုယ်ခံအားနည်း တာလည်း ပါတာပေါ့။ အခွေအတွက် ကလည်း  ကျန်တာတွေ အားလုံးပြီး နေပြီ။ မထရီဇာ ဆိုဖို့ပဲကျန်တော့ တယ်။ အမှားအယွင်း နည်းအောင် လုပ်ရင်းနဲ့ ကြာနေရတာပါ။ ပရိ သတ်ကိုလည်း အားနာတော့ အခွေ ထွက်ခါနီး အားလုံးအဆင်သင့် ဖြစ် မှပဲ ကြေညာပါတော့မယ်။ အခွေနဲ့ ပက်သက်ရင် ကြာလာတော့ စိတ်ဓာတ် တောင် ကျလာတယ်”ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here