ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးမယ့် ဧငြိမ်းဖြူ

0
198

ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ် ဆောင်တွေထဲမှာ ပရိသတ် သတိထားအမှတ်တရရှိကြတဲ့ ကောင်မလေး ၂ယောက်ရှိပါတယ်။ သူမတို့ကတော့ ဒါရိုက်တာ သီတာလင်းရဲ့ သမီး တွေဖြစ်ကြတဲ့ စောယုနန္ဒာနဲ့ ဧငြိမ်းဖြူတို့ပါ။ စောယုနန္ဒာနဲ့ ဧငြိမ်းဖြူ တို့ ညီအစ်မ ၂ယောက်ရဲ့ သံယောဇဉ်တွေ၊ အတွဲ အဖက်တွေအ ကြောင်းကို ဧငြိမ်းဖြူနဲ့ တွေ့ဆုံစဉ် မေးဖြစ်တဲ့အခါ….. “သူက အစ်မဆိုတော့ ညီမရဲ့ လိုအပ်တာတွေဖြည့်ဆည်း ပေးတယ်။ ကက်ဆက်ခွေ ဇာတ်လမ်းထဲမှာ လည်းအတူတူ သရုပ် ဆောင်ရတဲ့ အတွက် အစ်မက လိုအပ်တာတွေကို ဝေမျှပေးတယ်။ Laurel Art Academy  မှာလည်း ညီမတို့အတူတူ ကျောင်းတက် ခဲ့ကြတယ်။ တချို့ ဇာတ်ကားတွေမှာ ညီအစ်မ၂ယောက် အတူတူ သရုပ် ဆောင် ရတာတွေရှိ တယ်။ သူက အမေလုပ်ရတယ်။ အဲဒီလို အခန်းတွေမှာ ပိုပြီးတော့ အမှတ်တရဖြစ်တာပေါ့” လို့ ပြောပြပါတယ်။

သူမတို့ သရုပ်ဆောင် ခဲ့တဲ့ ကက်ဆက် ဇာတ်လမ်းတွဲတွေ အကြောင်းတွေက ပရိသတ်တွေ အားပေးမှုရှိခဲ့သလို ကက်ဆက်ဇာတ်လမ်းတွဲတွေကြောင့်လည်း ဧငြိမ်းဖြူ ဆိုတာ ပရိသတ်သိ ရှိခဲ့တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး။ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ် ဆောင်တွေထဲမှာ ပရိသတ် သတိထားအမှတ်တရရှိကြတဲ့ ကောင်မလေး ၂ယောက်ရှိပါတယ်။ သူမတို့ကတော့ ဒါရိုက်တာ သီတာလင်းရဲ့ သမီး တွေဖြစ်ကြတဲ့ စောယုနန္ဒာနဲ့ ဧငြိမ်းဖြူတို့ပါ။ စောယုနန္ဒာနဲ့ ဧငြိမ်းဖြူ တို့ ညီအစ်မ ၂ယောက်ရဲ့ သံယောဇဉ်တွေ၊ အတွဲ အဖက်တွေအ ကြောင်းကို ဧငြိမ်းဖြူနဲ့ တွေ့ဆုံစဉ် မေးဖြစ်တဲ့အခါ….. “သူက အစ်မဆိုတော့ ညီမရဲ့ လိုအပ်တာတွေဖြည့်ဆည်း ပေးတယ်။ ကက်ဆက်ခွေ ဇာတ်လမ်းထဲမှာ လည်းအတူတူ သရုပ် ဆောင်ရတဲ့ အတွက် အစ်မက လိုအပ်တာတွေကို ဝေမျှပေးတယ်။ Laurel Art Academy  မှာလည်း ညီမတို့အတူတူ ကျောင်းတက် ခဲ့ကြတယ်။ တချို့ ဇာတ်ကားတွေမှာ ညီအစ်မ၂ယောက် အတူတူ သရုပ် ဆောင် ရတာတွေရှိ တယ်။ သူက အမေလုပ်ရတယ်။ အဲဒီလို အခန်းတွေမှာ ပိုပြီးတော့ အမှတ်တရဖြစ်တာပေါ့” လို့ ပြောပြပါတယ်။ သူမတို့ သရုပ်ဆောင် ခဲ့တဲ့ ကက်ဆက် ဇာတ်လမ်းတွဲတွေ အကြောင်းတွေက ပရိသတ်တွေ အားပေးမှုရှိခဲ့သလို ကက်ဆက်ဇာတ်လမ်းတွဲတွေကြောင့်လည်း ဧငြိမ်းဖြူ ဆိုတာ ပရိသတ်သိ ရှိခဲ့တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး။ “ညီမဝမ်းသာပါတယ်။ ကက်ဆက်ခွေ ဇာတ်လမ်းကလည်း ပြီး တော့မှာ။ ရိုက်ခဲ့တာ ၃နှစ် လောက်ရှိပြီ ဆိုတော့လေ။ ကက် ဆက်ခွေဇာတ် လမ်းတွဲတွေနဲ့ ပတ်သက်ပြီး ပရိ သတ်တွေ အား ပေးမှုကို အများကြီးခံခဲ့ရတယ်။ ကက်ဆက်ခွေဇာတ်လမ်းကြ တော့ ညီမတို့က သူများအသံနဲ့ သရုပ်ဆောင်ရတယ်ပေါ့နော်။ ညီမတို့ အသံကို ပရိသတ်တွေက ကြားဖူးချင်တယ်ဆိုတဲ့ ပရိ သတ်တွေအတွက် အခု “ဘာတဲ့လဲဟေ့ လာ” ရုပ်ရှင် ဇာတ် ကားကြီးကို ရုံတင်တော့မှာပါ။ အဲဒါကြောင့် လာရောက် အားပေးကြပါဦး” လို့ ဧငြိမ်းဖြူကပြောပါတယ်။

  မြန်မာဆန်ဆန် ဝတ်ရတာကို သဘောကျတဲ့ ဧငြိမ်းဖြူက သူမ ရိုက်ကူးထားတဲ့၊ ရိုက်ကူးဖို့ရှိသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို လည်း ….  “ညီမက မြန်မာဝတ်စုံဝတ်ရတာကို သဘော ကျတယ်။ ခေတ်နဲ့ လိုက်လျောညီထွေစွာ အရောင်တွေနဲ့ ဒီဘက်ခေတ် စတိုင်မျိုးတွေပေါင်းဝတ်ရတာကို သဘော ကျပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ရိုက်ကူးထားတဲ့ “ဘာတဲ့လဲဟေ့ လာ” ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ညီမက မြန်မာဆန်ဆန်နဲ့ အငြိမ့်မင်းသမီးပုံစံသရုပ်ဆောင်ထား တယ်။ အဲဒီမှာ ထူးထူးခြားခြား အနေနဲ့ အနောက်တိုင်း အက ရော၊ အငြိမ့်မင်းသမီး ဆိုတော့ မြန်မာအကကိုရော ၂မျိုးတွေ့ ရမှာပါ။ နောက်ပြီးတော့ “မိရိုးဖလာ” ဆိုတဲ့ ညီမရဲ့ ဒုတိယ မြောက် ရုပ်ရှင်ကားကြီးကို ရိုက်ထားပါတယ်။ အခု ဒါရိုက် တာ ကိုဝိုင်းနဲ့လည်း အကကားကြီး ရိုက်ကူးဖို့ ရှိပါတယ်။ တက္ကသိုလ် ဇာတ်လမ်းတွဲလည်း ရိုက်ကူးဖို့ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ 

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here