‘ပန်းရိုင်းမျက်ရည်’ ရုပ်ရှင်ဇာတ်ကားကို အမြန်ဆုံး ထွက်စေချင်နေတဲ့ ခိုင်နှင်းဝေ

0
199

သက်ငယ်မုဒိန်းနဲ့ ပတ်သက်လို့ ရိုက်ကူးဖော်ပြ တင် ဆက်ထားတဲ့ ‘ပန်းရိုင်းမျက်ရည်’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဆင်ဆာကြောင့် အနည်းကြန့်ကြာနေပေမယ့် ထွက်ရှိလာခဲ့ ရင်ရရှိတဲ့အကျိုးအမြတ်တွေကို ‘ခိုင်နှင်းဝေပရဟိတ ဂေဟာ’ ဆောက်လုပ်လှူဒါန်းသွားမှာပါလို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

”ပန်းရိုင်းမျက်ရည်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ အစ်မရဲ့သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေနဲ့ ရင်းခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားကြီးကို စတင်ရိုက်ကူး တဲ့အချိန်မှာ အစ်မမှာ ပိုက်ဆံမရှိဘူး။ အခက်အခဲတွေ အများကြီး၊ အတိုက်အခံတွေ အများကြီးကြောင့် ငိုခဲ့ရတဲ့ နေ့ရက်တွေလည်း အများကြီးပဲ။ အဲဒီအတွက်ကြောင့် အစ်မရဲ့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတဲ့ ပန်းရိုင်းမျက်ရည်ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးကို လာရောက်အားပေးကြပါလို့။ ဒီကားကြီးကို လာရောက်အားပေးလို့ရှိရင် မိဘမဲ့ကလေးငယ် တွေရဲ့ကျောင်းကို ဆောက်ပေးကြတဲ့အလှူ့ရှင်တွေ ဖြစ်သွားမှာပါ။ ကုသိုလ်တွေ အများကြီးရပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

လှည်းကူးမြို့နယ်၊ ဘားလိုင်းကျေးရွာမှာ ဆောက်လုပ်နေတဲ့ ‘ခိုင်နှင်းဝေ ပရဟိတဂေဟာ’မှာ မိဘမဲ့ကလေးငယ် အယောက် ၅ဝ ကျော်ရှိပြီဖြစ်ပြီး ဆရာမ ၆ယောက်၊ ဆရာတော် တစ်ပါးရှိကြောင်းလည်း သိရပါတယ်။

”ကျောင်းဆောက်ပြီးသွားလို့ရှိရင်တော့ အစ်မရှုတင် မရှိရင်ကျောင်းမှာပဲ သွားနေမှာ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေနဲ့ အားရင်သွားဆော့ကစားမယ်။ သူတို့ကို မုန့်တွေ လုပ်ကျွေးမယ်။ သူတို့လေးတွေ ပျော်ရွှင်ဖို့အတွက် သူတို့နဲ့ သွားနေမယ်လို့ စိတ်ကူးထားပါတယ်”လို့ သူမရဲ့ အစီအစဉ်တွေကို ခိုင်နှင်းဝေက ပြောပြပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here