ဗီဒီယိုလောက၊ ဗီဒီယိုဈေးကွက်နဲ့ ၃၅ဝ ဂယက်အပေါ် သူတို့အမြင်

0
242

 မြန်မာဗီဒီယိုဈေးကွက်မှာ လူပြောများ၊ ခေတ်စားနေတဲ့ ဗီဒီယိုတစ်ခွေ ၃၅ဝကျပ် နဲ့ရောင်းချမှုအပေါ်  ကောင်းခြင်း၊ ဆိုးခြင်း ဘယ်လိုရှိလေမလဲ။ နောက်ပိုင်းမှာ နာမည်ကြီးသရုပ်ဆောင်တွေအနေနဲ့ ဗီဒီယိုဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့ဘဲ ရုပ်ရှင်တွေကိုသာ အဓိကရိုက်ကူးလာကြတယ်။ ဗီဒီယိုလောကအခြေအနေဟာ အကျဘက်မှာ ရှိနေတာလား။ တကယ်တော့ မြန်မာတစ်နိုင်ငံလုံးအနေအထားအရဆိုရင် မြန်မာဗီဒီယိုဇာတ်ကားလေးတွေကို ပရိသတ်များ ကြည့်ရှုအားပေးနေကြတုန်းပါပဲ။  မြန်မာဗီဒီယိုဈေးကွက်မှာ လူပြောများ၊ ခေတ်စားနေတဲ့ ဗီဒီယိုတစ်ခွေ ၃၅ဝကျပ်နဲ့ရောင်းချမှုအပေါ်  ကောင်းခြင်း၊ ဆိုးခြင်း ဘယ်လိုရှိလေမလဲ။ နောက်ပိုင်းမှာ နာမည်ကြီးသရုပ်ဆောင်တွေအနေနဲ့ ဗီဒီယိုဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့ဘဲ ရုပ်ရှင်တွေကိုသာ အဓိကရိုက်ကူးလာကြတယ်။ ဗီဒီယိုလောကအခြေအနေဟာ အကျဘက်မှာ ရှိနေတာလား။ တကယ်တော့ မြန်မာတစ်နိုင်ငံလုံးအနေအထားအရဆိုရင် မြန်မာဗီဒီယိုဇာတ်ကားလေးတွေကို ပရိသတ်များ ကြည့်ရှုအားပေးနေကြတုန်းပါပဲ။ တစ်နေ့တာ မောပန်းသမျှ၊ အလုပ်လုပ်ခဲ့သမျှ ညအိမ်ပြန်ရောက်တဲ့အချိန်ကျရင် မြန်မာဗီဒီယိုဇာတ်ကားတစ်ကားကြည့်ရှုလိုက်ရမှ အိပ်လို့ပျော်တဲ့ မိသားစုဝင်တွေ အများကြီးရှိနေပါတယ်။ ဒါဆို ဗီဒီယိုဈေးကွက်အခြေအနေကကော ဘယ်လိုရှိမလဲ။ ဘာပဲပြောပြော ဗီဒီယိုထုတ်လုပ်ရေးတစ်ခုကနေ  မြန်မာဗီဒီယိုဇာတ်ကားတစ်ခွေ ၃၅ဝကျပ်နဲ့ ရောင်းချနေခြင်းအပေါ်  အကောင်းမြင်တဲ့သူတွေလည်းရှိမှာဖြစ်သလို အဆိုးမြင်တဲ့သူတွေလည်းရှိမှာပါပဲ။ ၃၅ဝ ဂယက်နဲ့ပတ်သက်လို့ ရုပ်ရှင်အနုပညာရှင်တို့ ဘယ်လိုပြောကြသလဲ၊ သူတို့အမြင်ကို မေးမြန်းစုစည်းတင်ဆက်လိုက်ပါတယ်

ပန်းချီစိုးမိုး 

ဗီဒီယိုဆိုတာက တိုက်မဆောက်နိုင်ခင်မှာ ပျဉ်ထောင်အိမ်လေးနဲ့ နေသလို၊ ပျဉ်ထောင်အိမ် မဆောက်နိုင်ခင်မှာ ဓနိမိုးလေးနဲ့နေသလိုပါပဲ။ ဗီဒီ ယိုကိုတအားကြီး ထွန်းပေါက်အောင်တော့ လုပ်လို့မရဘူး။ သို့သော် ဗီဒီယို ရှင်သန်ခြင်းအားဖြင့် အနုပညာလောကမှာ လူငယ်လေးတွေ၊ ဒါရိုက်တာအသစ် ကလေးတွေ၊ သရုပ်ဆောင်အသစ်ကလေးတွေအတွက် ဈေးကွက်ရှိတဲ့ နေရာ လေးတစ်နေရာပါ။ သူတို့ကို ငွေရေးကြေးရေး နည်းနည်းလေးနဲ့ ပရိသတ် တွေကြည့်နိုင်အောင်၊ ရပ်တည်လို့ရတဲ့ နေရာလေး တစ်နေရာဖြစ်သွားတယ်။ ဗီဒီယိုရိုက်ခြင်းအားဖြင့် မင်းသား၊ မင်းသမီးတွေ အမူအရာ လေ့ကျင့်လို့ရတယ်။ ပြသခွင့်ရတယ်။ ဗီဒီယိုနဲ့ပက်သက်လို့ ပျက်တာတော့ ကျွန်တော် လုံးဝမကြိုက်ဘူး။ ဗီဒီယိုကို ဆက်လက်ရှင်သန်စေချင်တယ်။ တအားကြီး ချွန်တက်ဖို့လည်း မဖြစ်နိုင်ပါဘူး။ အခုချိန်မှာ တီဗီတွေရော၊ အွန်လိုင်တွေရော ပေါ်နေပြီလေ။ အခုလက်ရှိကျပ် ၃၅ဝ နဲ့ ပြသခွင့်ရတဲ့အချိန်အခါမှာ ဆရာတို့ အတွေ့အကြုံနဲ့ပြောရင် အရင်တုန်းက ပြေတီဦးတို့၊ နေတိုးတို့၊ မြင့်မြတ်တို့ လူမင်းတို့ Actor ကြီး တွေရှိကြတဲ့အထဲမှာ အခွေက တစ်သောင်းလောက်ပဲ ထွက်တယ်။ အခုချိန်မှာ အခွေက ရှစ်သောင်း၊ တစ်သိန်းထွက်သွားတယ်။ ဒါကြောင့် ၃၅ဝ ကျပ်နဲ့ပေး ခြင်းအားဖြင့် ဖြန့်ချိတဲ့ သူတွေက သိပ်ပြီးမကိုက်သေးဘူး။ ဒါပေမဲ့ ရေရှည်မှာ တစ်သိန်းခွဲ၊ နှစ်သိန်းဖြစ်လာရင် ကိုက်တယ်။ ဒီလိုဖြစ်လာမှာက တစ်ချက်ပါ။ ဒါကို မူပိုင်သမားတချို့က တိုက်ခိုက်ကြတယ်။ တစ်ကားချင်း၊ နှစ်ကားချင်း ထွက်တဲ့ လူနည်းနည်းလေး အောက်ခြေရှိတဲ့ လူတန်းစားတွေကို လက်မှတ်ထိုး ခိုင်းပြီး တိုက်ခိုက်တယ်လို့သိတယ်။ ဒါသည် မူမမှန်ဘူး။ နောက်ဒုတိယ အချက်က ဥက္ကဋ္ဌ ကိုဇင်ဝိုင်း ခရီးသွားနေတုန်း အချိန်မှာ ဒီလိုလုပ်တယ်။  ဒါဟာ လုပ်ပိုင်ခွင့် မရှိဘူး။ ဥက္ကဋ္ဌရှိ ကိုရှိနေရမယ်။ ဗီဒီယိုဥက္ကဋ္ဌက လုပ်တယ်ဆိုလည်း မှားတယ်။ ဒါတွေဟာ ဆွေးနွေးပြီး လုပ်ရမယ်။ နောက်တစ်ခုက ဒီလို မဖြစ် ခင်မှာ လပတ် အစည်းအဝေးမှာပြောဆိုပြီး လုပ်ရမယ့်ကိစ္စကို မလုပ်ဘဲ အခုမှ ထလုပ်ကြတဲ့အတွက် တော်တော်ရုပ်ပျက်တယ်။ အဖွဲ့အစည်းတစ်ခုကို ယုံကြည် မှုအားနည်းသွားလိမ့်မယ်။ အဖွဲ့အစည်းတစ်ခုမှာ ငါထင်တာ ငါလုပ်မယ်ဆို တာမျိုး မလုပ်သင့်ဘူး။ အရင်က လုပ်ခဲ့တဲ့ မူပိုင်စနစ် ဘာလို့ပျက်သွားလဲဆို တော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အောင်မြင်မှုမရှိလို့ ပျက်သွားရတယ်။ မူပိုင်လုပ် တယ်ဆိုတာက ပိုက်ဆံပေးမှ ကားထုတ်ဖြန့်လိုက်တဲ့အခါမှာ တစ်ဆယ့်ငါးကား ဖိုးလောက် အကြွေးကျတယ်။ အကြွေး ပိုက်ဆံမရတော့ နောက်ထပ်ကား မရိုက်နိုင်ဘူး။ ဒီလိုမရိုက်နိုင်တဲ့ အချိန်မှာ ပရီစနစ် ပေါ်လာတဲ့ အတွက် သူတို့က ပိုက်ဆံပေး ဝယ်လာကြပြီ။ ဒါဟာဘာပဲပြောပြော အထိုက်အလျောက် အောင် မြင်တာပါပဲ။ ဒါကြောင့် စီးပွားရေး လုပ်ငန်းလုပ်တဲ့အခါမှာ သူများကို ဖျက်လို ဖျက်ဆီးလုပ်ပြီး ဒီလုပ်ငန်း အောင်မြင်တယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး။ ဒါသည် အင်မတန်ကို ညံ့ဖျင်းတယ်။ အင်မတန်သေးသိမ်တဲ့ အလုပ်ဖြစ်တဲ့အတွက် မလုပ်ကောင်းပါဘူး။ ဒါကြောင့် ဘယ်စနစ် ကောင်းသလဲလို့ မပြောသေးဘူး။ အဖြေလည်းမထွက်သေးဘူး။ အမှန်ကတော့ ဗီဒီယိုက လုံးဝပျက်နေပြီ။ တကယ်ဆို သာမန်မသိလို့မှားတဲ့အမှားမျိုးက ခွင့်လွှတ်လို့ရတယ်။ သိသိနဲ့ လုပ်တာက လောကပျက်အောင်လုပ်တာပဲ။ အဲဒါက တစ်ကိုယ်ရည်အတွက် အင်မတန်း ညံ့ဖျင်းသေးသိမ်တဲ့ စိတ်ဓါတ်လို့ ပြောလို့ရတယ်။ ပရီပဲဖြစ်ဖြစ် မူပိုင်ပဲဖြစ်ဖြစ် နိုင်ငံတော် အတွက်က အရင်အခွေ တစ်သောင်း ထုတ်တဲ့အ တွက် စတေကာကပ်တာ တစ်သောင်းဖိုးပဲရောင်းရတယ်။ အခုဆိုရင် လတ်တလော ထွက်ထားတဲ့ ကိုလူမင်းအခွေဆို ရှစ်သောင်းဖိုး ရောင်းရတယ်။ ပြေ တီဦးအခွေဆိုရင် တစ်သိန်းဖိုးလောက်ရောင်းရတယ်။ ဒါဆိုရင် အရင်က တစ်သောင်းဖိုးရောင်းရတဲ့သူသည် တစ်သိန်းဖြစ်သွားပြီ။ တကယ်တမ်း အခွေတစ်ခွေသည် ကျပ်တစ်ထောင်၊ ငါးရာလောက်နဲ့ ရောင်းရမယ့်အချိန်မှာ ကျပ် ၃၅ဝ လောက်နဲ့ ချရောင်းတဲ့အတွက် ရောင်းအားများလေလေ တန်ဖိုး ရလေလေပဲ။ ဒီအခွေတွေကိုလည်း MMPD မှာကူးတယ်။ ဒီလိုကူးတဲ့ အတွက်ကလည်း Quality ပိုင်းမှာ ကော်အရည်အသွေးကွာတယ်။  လက်ရှိ သီချင်းခွေ ထွက်နေတာတွေလည်း MMPD မှာ ပဲကူးကြတယ်။ ဒါကြောင့် အခွေ Quality  က အကောင်းဆုံးပဲ။ ဒါကြောင့် အများပိုင်သည် တစ်ဦး တစ်ယောက် တည်းအတွက် မဟုတ်ဘူး။ ပါဝင်တဲ့သူ အားလုံးသည် စီးပွားရေး လုပ်ငန်းကျွမ်း ကျင်တဲ့ ၊ အနုပညာ လုပ်ငန်းကျွမ်းကျင်တဲ့ လူတွေ စုစည်းပြီး လောကသားတိုင်း ပါထားတဲ့ ပိုက်ဆံနဲ့ လုပ်ထားတဲ့ လုပ်ငန်းတစ်ခုကိုပါ ဖျက်ဆီးရာ ကျပါတယ်။ ဒီမိုကရေစီခေတ်မှာ အများအကျိုးကို ဆောင်ရွက်ချင်တဲ့ စိတ်မရှိရင် တိုင်းပြည် အောင်မြင်မှာ မဟုတ်ဘူး။ ဒီလိုလူမျိုးက အဖွဲ့အစည်း တိုင်းမှာ မရှိသင့်ဘူး။

လူမင်း

အစ်ကိုတို့တိုင်းပြည်မှာ ဗီဒီယိုဈေးကွက်က မရှိမဖြစ် လိုအပ်ချက်တစ်ခု အနေနဲ့ကို လိုအပ်နေသေးတယ်။ လူသန်းပေါင်းငါးဆယ်ကျော်ရှိတဲ့ တိုင်း ပြည်မှာ ရုပ်ရှင်ရှုံခမနနည ပေါင်းက တစ်ရာလောက်ပဲရှိသေးတယ်။ ဒါကြောင့် ပရိသတ်အတွက်က ဗီဒီယိုဆိုတာ လိုကိုလိုအပ်တယ်။ ဒီဗီဒီယိုကို တကယ်အား ပေးတဲ့ တောနေပြည်သူတွေ၊ လက်လုပ်လက်စားတွေ၊ ပရိသတ်တွေ တကယ် ကိုရှိသေးတယ်။ ဒါကြောင့်နံပါတ်တစ် ဗီဒီယိုကိုအားပေးတဲ့ ပရိတ်သတ်တွေ အတွက် ဗီဒီယိုဟာရှိဖို့ ကိုလိုအပ်တယ်။ ရုပ်ရှင်လောကဘက်က ကြည့်ရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေက တဖြည်းဖြည်းများလာတဲ့အခါ ရုံတင်ပြသ အခက်အခဲ ရှိလာတာနဲ့ အမျှဗီဒီယို ဈေးကွက်ဟာလည်း ရုပ်ရှင်လောကသားတွေ အတွက် မရှိမဖြစ်လိုအပ်သေးတယ်။ အခုလိုကျပ် ၃၅ဝနဲ့ ရောင်းတယ် ဆိုတာဟာ အစ်ကို ဥက္ကဋ္ဌလုပ်နေတဲ့လက်ထက်မှာ ဗီဒီယိုဈေးကွက်က လုံးဝမရှိသလောက်ကို ပျက် သွားခဲ့တယ်။ ဒါကြောင့် ဈေးကွက်အသစ်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ စမ်းသပ် ကာလဆိုပြီး ဒါကိုခွင့်ပြုပြီး စမ်းသပ်ဆောင်ရွက်ခြင်းမျိုး ဖြစ်ပါတယ်။ အစ်ကို ကိုယ်တိုင်လည်း သတိထားပြီးတော့ကို ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးတယ်။ အချိန်လည်း သတ်သတ်မှတ်မှတ် ချန်ပြီးတော့ကို ရိုက်ကူးပါတယ်။ အခုလက်ရှိ လည်း ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေပါတယ်။

နေဒွေး
လက်ရှိမှာ ဗီဒီယိုအခွေတွေကို ၃၅ဝ ကျပ်နဲ့ ပရီဖြန့်နေတယ်။ ဒါပေမဲ့ ၂ဝဝကျပ်လောက်နဲ့ ခိုးကူးက ထပ်ထွက်တယ်ဆိုတော့ ကျွန်တော် တို့လည်း ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ တကယ်ဆိုကျပ် ၃၅ဝ ဆိုတာက ခိုးကူးကို သတ်လိုက်သဘောပဲ။ ဒီအပေါ်မှာ အခုထပ်ပြီး ၂ဝဝကျပ်နဲ့ ထပ်ထွက်လာတယ်ဆို တော့ အားလုံးက အဆင်မပြေပြန်ဘူး။ အခုချိန်မှာ ဗီဒီယို ဈေးကွက်ပျက်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော် ဗီဒီယိုကားတွေ ရိုက်ကူးနေတုန်းပဲ။ နောက်နှစ် ၅ လပိုင်းလောက်ထိကို ဗီဒီယိုတွေ လက်ခံထားတယ်။ ဗီဒီယိုမှာ ကျွန်တော်ပဲ ကံကောင်းလို့လားမသိဘူး။ အခုတောင် ဇာတ်ကားတွေ အထွက်များနေလို့ ကျွန်တော်ပြန်စိစစ်နေပါတယ်။ နည်းနည်းပြန် လျှော့နေတယ်ပေါ့။

ကောင်းပြည့်
ကျွန်တော့်အမြင် ကတော့ ဗီဒီယိုဇာတ်ကားတွေ ငွေကြေးနည်းနည်းလေးနဲ့ ဝယ်ယူနိုင်တာ ကောင်းတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကလည်း လူဦးရေအများစုက ကိုယ်ပိုင်ဝယ်ကြည့်နိုင်တယ် ဆိုတာမျိုးမှာ လူလတ် တန်းစားတွေရော၊  အောက်ခြေကတကယ်တမ်း အားပေးကြတယ်။ ပရိသတ်တွေ၊ ကလေးတွေက ဗီဒီယိုကို အားပေးတာများ တယ်။ နောက်ပိုင်း ချန်နယ်လိုင်းတွေ ပါပေါ်လာတဲ့ အတွက် အခွေလည်း ငှားမကြည့်ကြတော့ဘူး။ အခုဒီလို ရောင်း တော့ ဈေးပေါပေါရယ်လို့ မဟုတ်ဘဲ၊ ကိုယ်ပိုင်ဝယ်ယူ အားပေးပြီး သိမ်းထားလို့ ရတယ်။ ကျွန်တော်တို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေလည်း ပရိသတ်တွေ မြန်မြန် များများသိကြတယ်။ အဲဒီအတွက် ကျွန်တော်ကတော့ ကြိုက်ပါတယ်။

ရတနာဗို

အခုဗီဒီယို အခွေတွေကို  ၃၅ဝကျပ်လောက်နဲ့ ဖြန့်တာကောင်းပါတယ်။ ပရိသတ်ဘက်က ကြည့်ရင်လည်း ကောင်းတယ်။ ကိုယ်ဆိုရင်လည်း တကယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီး တွေရှိတယ်လေ။ ၃၅ဝ ကျပ်ဆိုတော့ အိမ်မှာအပိုင်ဝယ်ပြီး သိမ်းလို့ရတာပေါ့။ မကောင်းတာတစ်ခုကလည်း ခိုးကူးတွေရှိနေသေးတာကြောင့်လည်း အနုပညာသမားတွေ အတွက် အခက် အခဲကသွားဖြစ်ပြန်ရော။ ဒီခိုးကူးတွေရှိနေတဲ့ အတွက် အနုပညာရှင်တွေက ဘယ်လောက်ပဲကြိုးစား ကြိုးစားထား၊ ကုန်ကျထား၊ ခိုးကူးရှိတာကြောင့် အနုပညာသမားတွေ ဘက်မှာ အခက်အခဲတွေ ရှိ လာတယ်။ အခုဆိုရင် ဗီဒီယို ဈေးကွက်ပျက်တာ ဒါတွေ ကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ခိုးကူးတာတွေကို ပပျောက်စေချင်တယ်။ စနစ်လေးကိုလည်း နည်းနည်းလောက်ပြောင်းစေချင် ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here