ယခင်နှစ်များထက် ပိုမိုစည်ကားခဲ့တဲ့ မကွေးတိုင်းဒေသကြီး သဘင်သက်ကြီး ပူဇော်ကန်တော့ပွဲ

0
173

တတိယအကြိမ်​မြောက် မကွေး တိုင်းဒေသကြီး သဘင်သက်​ကြီးပူ​ဇော်​ကန်​​တော့ပွဲနဲ့ သဘင်အနုပညာ ရှင်များရဲ့ ရင်သွေးငယ်များအား ပညာရေးထောက်ပံ့ငွေ ပေးအပ်ပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့က မကွေးတိုင်း ဒေသကြီး၊ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ ပါတယ်။ အခု နှစ်မှာတော့ သက်ကြီး အနုပညာရှင်များ ၁၇၅ ဦးကို တစ်ဦး လျှင်ငွေကျပ် ငါးသောင်းနှုန်းဖြင့် ပူ ဇော်ကန်တော့ ခဲ့ကြပါတယ်။ ဒါ့ အပြင် သဘင်အနု ပညာရှင်များရဲ့ ရင်သွေးငယ် ၆၉၈ ဦးကို တစ်ဦးလျှင် စာအုပ်တစ်ဒါဇင် ကူညီထောက်ပံ့ပေး ခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသားများကို သဘင်အစည်း အရုံး(ဗဟို) မှ တစ်ဦး လျှင်ငွေကျပ် ငါးသောင်းစီ ဂုဏ်ပြုခဲ့ ပါတယ်။၂ဝ၁၇ ဒီမိုက​ရေစီအငြိမ့်​ပြိုင်​ပွဲဝင်​ ​ရွှေညာ​မြေရဲ့ကြယ်​ပွင့်​များ အငြိမ့်​အဖွဲ့မှ နိုင်ငံ​တော်​အဆင့်​ အ​ကောင်းဆုံးမင်းသမီး ဆုရ မငြိမ်​ချမ်း ခိုင်​ ကိုလည်း ထူးချွန်​သဘင်​ပညရှင်​အဖြစ်​ ဂုဏ်​ပြုချီး​မြှင့်​နိုင်​ခဲ့သလို ဂုဏ် ပြုငွေအဖြစ် ငွေကျပ် ငါးသောင်းချီး မြှင့်ခဲ့ပါတယ်။

”ဒီနှစ်တတိယအကြိမ်မှာ အရင် နှစ်များကထက် ပိုပြီးတော့ အောင်မြင် အောင်လုပ်နိုင်ခဲ့တယ်။ ပြီးတော့ တစ် ကြိမ်ထက်တစ်ကြိမ်မှာ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ သဘင်ပညာရှင်များရဲ့ အင်အားကို ပိုပြီးတော့မှ တိုးချဲ့လုပ် နိုင်ခဲ့တယ်။ အစိုးရအဖွဲ့ကနေပြီး လည်း သဘင်အပေါ်ကို အာရုံစိုက် လာတဲ့ ရလဒ်တစ်ခုပေါ့။ ဝန်ကြီးတွေ ကိုယ်တိုင်တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြတယ်။ အဲဒါတွေကို လည်း မြင်ရတွေ့ရတဲ့အတွက် ပီတိ ဖြစ်ရတယ်။ နောက်သဘင် (ဗဟို)ဥက္ကဋ္ဌ ကိုဖိုးချစ် ကိုယ်တိုင်လည်း လာ ပြီးတော့တက်ရောက်တယ်။ တက် ရောက်ပြီးတော့ သူကလည်း လိုအပ် တဲ့ ထောက်ပံ့သင့်တာ တွေကို ထောက် ပံ့ပြီးတော့ ကူညီလှူ ဒါန်းပေးခဲ့တယ်။ အဲဒီ့အတွက်လည်း ကျွန်တော်တို့ အနေနဲ့လည်း ပိုပြီးတော့ ခွန်အားဖြစ် စေခဲ့ပါတယ်”လို့ သဘင်သက်ကြီး ပူဇော်ပွဲနဲ့ ပတ်သက်လို့ မကွေးတိုင်း ဒေသကြီး၊ သဘင်အစည်း အရုံး(ဗဟို) ဥက္ကဋ္ဌ ဦးမင်းခန့်ကိုက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here