ရော့ခ်အဆိုတော် မာရဇ္ဇရဲ့ တတိယအကြိမ်မြောက် ရန်ကုန်တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တို ဘာလ၂၈ ရက် ည ၇ နာရီက မြို့ မကျောင်းလမ်းရှိ အမျိုးသားက ဇာတ်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ မာရဇ္ဇက သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တာ ၃ နှစ်ရှိပြီ ဖြစ်ပြီး ဒီတစ် ခေါက်မှာတော့ မာရဇ္ဇက သူ့ ရဲ့ စီးရီးသစ် အချိန်အခါ ထွက်ရှိခြင်း အမှတ်တရလည်းဖြစ်အောင် ” မာရဇ္ဇ Unplugged နဲ့ အချိန်အခါ live show ” ဆိုပြီး နာမည် ပေးခဲ့ပါတယ်။
ဖျော်ဖြေပွဲရဲ့ ပထမပိုင်းကိုတော့ “အချိန်အခါ” စီးရီးထဲက သီချင်းအားလုံးကို သီဆိုခဲ့ပြီး ဒုတိယပိုင်းမှာတော့ သူ့ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းများကို Unplugged ပုံစံနဲ့ တီးခတ်ဖျော် ဖြေခဲ့ပါတယ်။ မာရဇ္ဇတစ်ကိုယ်တော်ဖျော်ဖြေပွဲရဲ့တီးခတ်မှုပိုင်းကိုတော့ မာရဇ္ဇရဲ့ ဝိုင်းဖြစ်တဲ့ Breake Throughဝိုင်းကတီးခတ်ပေးခဲ့တာဖြစ်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲဆိုတဲ့အတိုင်း တစ်ယောက်တည်း သီချင်းအပုဒ် သုံးဆယ်ကျော်ကိုမနားတမ်း ဖျော်ဖြေပေးခဲ့ပါတယ်။
” One man show ဆိုတာထက် ကျွန်တော်တို့ Break Through ရဲ့ One Band Show လို့ပဲမြင် စေချင်ပါတယ်။ တစ်ကိုယ်တော်ရှိုးလို့ ပြောတဲ့အတိုင်း ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်တော်ကြိုးစားပြီးဆို သွားမှာပါ။ ပရိသတ်ရင်ထဲမှာ ရှိခဲ့တဲ့ သီချင်းတွေအများစု လည်းပါမယ်။ ကျွန်တော့်စီးရီးသစ်ထဲက သီချင်းတွေကတော့ အားလုံးဆိုပါမယ်” လို့ ပွဲမတိုင်မှီ မာရဇ္ဇက ပြောခဲ့တဲ့အတိုင်း ဒီပွဲမှာတကယ်လည်း သူတစ်ယောက်တည်းဆိုသွားခဲ့ပြီး သူ့ ရဲ့ အမာခံပရိသတ်အများအပြားက လာရောက်အားပေးခဲ့တာကြောင့်လှပတဲ့ ဂီတပွဲတစ်ခုဖြစ်ခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ-ရဲရဲ