လက်ရှိအသက်အရွယ်တိုင် ကျန်းမာနုပျိုဆဲဖြစ်တဲ့ မေဆွိရဲ့ လျှို့ဝှက်ချက်

0
218

‘စိတ်ချမ်းသာမှုကို အဓိကထားပါတယ်။ အနုပညာနဲ့ပတ်သက်လို့ အလွန်ဝါသနာကြီးတဲ့အတွက် အနုပညာသက်နှစ် ၄ဝ ကျော်ဖြတ်သန်း လာခဲ့တဲ့ကာလအတွင်းမှာ စိတ်ချမ်းသာ၊ ပျော်ရွှင်ဖို့ အဓိကထားဖြစ်တယ်’ လို့ဆိုတဲ့ ဝါရင့်တေးသံရှင် မေဆွိကို သူမရဲ့စိတ်ပျိုကိုယ်နုတဲ့ နည်း လမ်းကောင်းလေးများရှိရင် ပရိသတ်ကိုပြောပြပါဦးလို့ မေးဖြစ်ခဲ့ တဲ့အခါ…”အမှန်မှန်ကတော့ ထူးထူးခြားခြားမဟုတ်ပါဘူး။ တကယ်တမ်းပြောမယ်ဆိုရင် နိုင်ငံခြားမှာအနေကြာသွားတဲ့အခါကျ တော့ နိုင်ငံခြားရဲ့ လေ့ကျင့်မှုလို့ပြောလို့ရတာပေါ့။ မြန်မာပြည်မှာ ဆိုလို့ရှိရင်တော့ လုပ်ကိုင်ပေးမယ့် သူတွေအများကြီးရှိတာပေါ့လေ။ ဟိုမှာကတော့ ကိုယ့်ဘာသာကိုယ် အကုန်လုံးလုပ် ရတဲ့အခါကျတော့ လေ့ကျင့်ခန်းတစ် ခုလုပ်စရာမလိုသလို အကုန်လုံး ကိုယ့်ဘာသာကိုယ်လုပ်ကိုင်ပြီးတော့ နေသားကျသွားတဲ့သဘောပေါ့။ မြန်မာ ပြည်ပြန်ရောက်လာတဲ့အခါကျတော့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်နိုင်သလောက်လုပ်တယ်။ ကိုယ့်ဘာသာကိုယ်ယုံကြည်မှုရှိရှိနဲ့ အလုပ်လုပ်တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာပဲပြောပြော အိလေးစွဲပြီးတော့ ပျင်းရိတာမျိုးမရှိဘူးလေ။ နောက်တစ်ခုက အန်တီ ဆွေက ဘုရား၊ တရားကို ပိုပြီးလုပ်ဖြစ်တယ်။ အဲဒါကလည်း ကိုယ့်ရဲ့နုပျိုတယ်လို့ ပြောတဲ့အပေါ်အများကြီး သက် ရောက်မှုရှိတယ်လို့ ထင်ပါတယ်”လို့ မေဆွိကပြောပါတယ်။

မကြာမီ စတင်တော့မယ့် မြန်မာအိုင်ဒေါ ရာသီသစ်အတွက်ကိုရော အန်တီဆွေကို ကမ်းလှမ်းမှုရှိပြီလားလို့ မေးမြန်းဖြစ်တော့….. အဲဒါကတော့ အန်တီဆွေအတိအကျ Information မရသေးပါဘူး။ သူတို့နောက်နှစ်ပြန်စမယ်ဆိုတာပဲသိတာပါ။ နောက် တစ်ခုကကြ တော့လည်း မြန်မာအိုင်ဒေါကိုစပြီးလုပ်တဲ့အချိန်ကတည်းက နှစ်စဉ်၊ နှစ်စဉ် ဒိုင်တွေကို သူတို့တွေကရွေးချယ်ပြီး စာချုပ် ချုပ်တဲ့သဘောပါ။ အမြဲတမ်း မြန်မာအိုင်ဒေါမှာ ဒီလူ၊ ဒီလူတွေ ပါနေရမယ်လို့မဆိုလိုပါဘူး။ အပြောင်းအလဲလည်း ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here