ဇော်ပိုင် ရဲ့ ဖြတ်သွားတိုင်း ဝင်ကြည့်ဖြစ်မိတဲ့ နေရာက ဘယ်နေရာ ဖြစ်လေမလဲ

0
375

‘ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အခွေအသစ်ကို ဒီဇင်ဘာလ ၉ ရက်နေ့ မှာထွက်ဖို့ရှိပါတယ်’လို့ဆိုတဲ့ ဇော်ပိုင်နဲ့ ပန်းကံ့ကော်ဒိုင်ယာရီ ဂီတည ဖျော်ဖြေပွဲမှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ပွဲနဲ့ပတ်သက်ပြီး သူက…. ”ဒီနေ့ပွဲကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းကြီးများတွေ့ဆုံပွဲပေါ့နော်။ အရင်တုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်တွေက ပြန်ဆိုရတာပေါ့နော်။ အဲဒီတုန်းက ကျွန်တော်တို့ကိုယ်တိုင်မကြုံခဲ့ရပေမယ့် တကယ်ကို ကျွန် တော်တို့ အဲဒီအငွေ့အသက်တွေပြန်ခံစားရပါတယ်”လို့ ဆိုပါတယ်။

ကိုယ်တက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းတွေနဲ့ပတ်သက်ပြီး ခံစားချက် တချို့ရှိခဲ့တဲ့ ဇော်ပိုင်က…”ကျွန်တော်က ပုသိမ်တက္ကသိုလ်မှာ တစ်ခြမ်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ)မှာ တစ်ခြမ်း တက်ခဲ့ရတာပေါ့။ တကယ်အဲဒီနေရာလေးတွေကို ဖြတ်သွားတိုင်း အမှတ်တရအနေနဲ့ ကိုယ်ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးတွေရှိ သေးလားသွားကြည့်မိတယ်။ ဟိုတစ်လောကမှ ပုသိမ်ကိုရောက်တုန်း ကလည်း ကျောင်းထဲဝင်ကြည့်မိလိုက်သေးတယ်”လို့ ကျောင်းအမှတ် တရတွေနဲ့ ပတ်သက်ပြီးပြောပြပါတယ်။

ဇော်ပိုင်ရဲ့လတ်တလောလှုပ်ရှားမှုက….ကျွန်တော်အခု တောက်လျှောက်တော့ ခရီးထွက်ဖြစ်နေပါတယ်။ မန္တလေး၊ ပျဉ်းမနား၊ မိုးကုတ်တွေ တောက်လျှောက်သွားဖို့ရှိပါတယ်။ ရာသီကတော့ စတိတ် ရှိုးရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဆိုတော်တွေ အကုန်လုံးလည်း သွားလိုက်၊ လာလိုက်နဲ့ပါပဲ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here