လာအိုနှင့် ထိုင်းတို့မှာ ရိုက်ကူးထားတဲ့ သရုပ်ဆောင် နေထူးနိုင်ရဲ့ ‘အနေအေးတဲ့ မြွေပွေး’ ဗီဒီယိုဇာတ်ကား

0
174

သရုပ်ဆောင်နေထူးနိုင်နဲ့ အာခါလူမျိုးများ ပါဝင်သရုပ်ဆောင်ထာတဲ့ ”အနေအေးတဲ့ မြွေပွေး” ဗီဒီယိုဇာတ်ကားမိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့က Central Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

”ကျွန်တော်ဒီဇာတ်ကားကို လာအို၊ ထိုင်းနယ်စပ်တွေမှာ ရိုက်ကူးခဲ့တယ်။ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ နေရာတွေမှာရိုက်ကူးထားတယ်။ ဒီဇာတ်ကားမှာ ကျွန်တော်နဲ့ အာခါလူမျိုးတွေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဘာသာစကား မတူတဲ့အတွက် အခက်အခဲတွေ၊ အမှတ်တရတွေ အများကြီးရှိပါတယ်”လို့ ဇာတ်ကားနဲ့ပတ်သက်လို့ နေထူးနိုင်ကပြောပါတယ်။ ဒါ့အပြင် ”အနေအေးတဲ့မြွေပွေး” ဗီဒီယိုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အာခါလူမျိုး မင်းသမီး ချာဂျူးကလည်း …”ညီမဒီဇာတ်ကားကို ပထမဆုံးပါဝင်သရုပ်ဆောင်ရိုက်ကူးတာပါ။ အရင်ကဗီဒီယိုကားကြည့်ရင်း သရုပ်ဆောင်တာ လွယ်တယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ ကိုနေထူးနိုင် တို့ကလည်း အကုန်လုံးကူညီပေးတဲ့အတွက် အဆင်ပြေပါတယ်။ ညီမဒီဇာတ်ကားရိုက်ကူးရတာကို ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here