အစွန်းရောက် ကွန်မြူနစ်တို့ရဲ့ ကမ္ဘောရီးယား

0
113

ဒီရုပ်ရှင် ဇာတ်ကားက ၂ဝ၁၇ အောက်တိုဘာလဲ လဆန်းပိုင်းမှာ ရုံတင်လာတဲ့ ရုပ်ရှင်ဇာတ်ကားသစ် တစ်ကားဖြစ်ပါတယ်။ အော်စကာဆုရှင် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး ‘အင်ဂျယ်လီနာဂျိုလီ’ က ဒါရိုက်တာ အဖြစ်နဲ့ ကိုယ်တိုင် ရိုက်ကူးပြီး၊ ကိုယ်တိုင်ထုတ်လုပ် ဖြန့်ချိလိုက် တာပါ။ သူမကိုယ်တိုင် ဒါရိုက်တာ အဖြစ်နဲ့ ရိုက်ကူးခဲတာမှာ ဒီဇာတ် ကားဟာ ၄ကား မြောက် ဖြစ်ပါတယ်။

တစ်ချိန်က ကမ္ဘောဒီးယားရဲ့ အပြစ်မဲ့ပြည်သူတွေ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးနဲ့ ခမာကွန်မြူနစ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ သေဆုံးသွားကြရတဲ့ တကယ့်အဖြစ် အပျက်ကို စာရေးဆရာ Loung Ung က ကမ္ဘာ့ သမိုင်းမှတ်တမ်းမှာ တင်ကျန်အောင် စာအုပ်အဖြစ် ရေး သားခဲ့တာကို အင်ဂျယ်လီနာ ဂျိုလီ က ရုပ်ရှင်အဖြစ် ပြန်လည်အသက် သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်း ဖြစ်ရပ်ဆိုးကြီး တစ်ခုလုံးကို အဓိက သယ်ဆောင် သွားတဲ့ ဇာတ်ကောင်ကတော့ အ သက် ၇နှစ်အရွယ် ‘လောင်အန်’ ဆိုတဲ့ ကမ္ဘောရီးယား သူလေးပဲ ဖြစ် ပါတယ်။

၁၉၅၄ ခုနှစ်က စတင်ပြီး လူဦး ရေ ၇သန်းနဲ့ နေထိုင်တဲ့ ကမ္ဘောရီး ယား နိုင်ငံလေးမှာ ဂျီနီဗာ သဘေးတူ စာချုပ်နဲ့ နေခဲ့တဲ့ အမေရိကန်တွေ ၁၉၅၇ ခုနှစ်မှာ ပြန်လည်ထွက်ခွာသွား ရာက စပြီး၊ ခမာကွန်မြူနစ်တွေ ဝင် ရောက်လာပြီး ပြည်သူအားလုံးကို တောထဲခေါ်ဆောင်သွားကာ ရက် စက်မှုအားလုံးအောက်မှာ လည်စင်း ခံကြရပါတော့တယ်။

ကိုယ်နေထိုင်မယ့် တဲအိမ်ကို ကိုယ်တိုင် ဆောက်ကြရတယ်။ အင်္ကျီ အဝတ်အထည်တွေကိုလည်း သစ် ခေါက်ဆိုးပြီး အနက်ရောင် တစ် ရောင်တည်းနဲ့ အားလုံးတပြေးညီ ဝတ်ဆင်ကြရတယ်။ ဘုန်းတော်ကြီး သံဃာတော်တွေလည်း နွားလိုရုန်းပြီး လယ်ထွန်ကြရတယ်။ အမေရိကန် လက်အောက်မှာ စစ်ဗိုလ်လုပ်ခဲ့မိသူ မှန်း သိသွားပြီး ကလေးမလေး ‘လောင်အန်’ ရဲ့အဖေ ‘ဖော်အန်’ ကို ခေါ်သွားကာ သတ်ပစ်လိုက်ကြ တယ်။ ‘လောင်အန်’ ရဲ့ အထက် အစ်ကိုနှစ်ယောက်နဲ့ အစ်မတစ် ယောက်ဟာ စစ်တိုက်ဖို့ ပါသွားကြရ တယ်။ အစ်မဖြစ်သူ တိုက်ပွဲက နေ ငတ်ပြတ်ပြီး သေဆုံးတော့ မိခင်ဖြစ် သူမှာ တဲကလေးထဲမှာ ကြိတ်ပြီး ငိုကြွေးရုံမှတစ်ပါး ဘာမှ မတတ်နိုင် ရှာ။

နောက်တော့ အမေဖြစ်သူရဲ့ ဆုံးဖြတ်ချက်နဲ့ ၇ နှစ် သမီးလေး ‘လောင်အန်’ အပါအဝင် မောင်နှမ ၃ ယောက်မှာ ကျွန်တော်တို့ ကျွန်မတို့ ဟာ မိဘမဲ့တွေပါလို့ ညာပြောပြီး အလုပ်စခန်းမှာ ကလေးအရွယ်တွေနဲ့ မလိုက်ဖက်တဲ့ တာဝန်တွေကိုလုပ်ရင်း ကျွေးသမျှနဲ့ နေထိုင်ကြရတယ်။ မနိုင့်တနိုင် ရိုင်ဖယ်သေနတ်ကြီး တွေကို လွယ်ရပစ်ရတယ်။

နောက်စစ်တန်းလျား ခေါင်း ဆောင်ဆီကနေ ကျမနဲ့ ကွဲသွားတဲ့ ကျွန်မရဲ့ အစ်မကို ပြန်သွားတွေ့ချင် တယ်လို့ ခွင့်တောင်ပြီး အမေရှိရာ တဲအိမ်လေးဆီ လာတော့ အမေကိုပါ ခေါ်သွားပြီး သတ်ပစ်လိုက်ကြတယ် ဆိုတာကို သိလိုက်ရတယ်။ တဲအိမ် ကလေးပေါ်မှာ သစ်ရွက်ခြောက်တွေက လေမှာလွင့်လို့။

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here