သင်္ကြန်သံချပ်အနုပညာရှင်ကြီးများအား သက်ကြီးပူဇော်ပွဲ ပြုလုပ်မည်

0
248

အသက် ၇ဝ နဲ့အထက် သင်္ကြန်သံချပ်အနုပညာရှင်ကြီးများကို သက်ကြီးပူဇော်ပွဲကျင်းပ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ သက်ကြီးပူဇော်ပွဲကိုတော့ ၂ဝ၁၈ခုနှစ် မတ်လထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး လမ်းမတော်မြို့နယ်တွင် ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။ သက်ကြီးပူဇော်ပွဲဟာ အခုအကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး အခုနှစ် မှာတော့ ပိုမိုစည်ကားအောင် လုပ်ဆောင်သွားကြမှာလည်း ဖြစ်ပါတယ်။

ဒီသက်ကြီးပူဇော်ပွဲက သင်္ကြန်သံချပ်အနုပညာရှင်ကြီးတွေကိုပဲ သီးသန့်ရည်ရွယ် ပြီး ကန်တော့ကြမှာဖြစ်သလို သင်္ကြန်မဏ္ဍပ်တွေမှာ ဒိုင်အဖြစ်ပြုလုပ်ခဲ့တဲ့ အသက် ၇ဝ နှစ်ပြည့်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း တစ်မဏ္ဍပ်ကို တစ်ယောက်နှုန်းဖြင့် ဂါရဝပြု ကန် တော့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်သင်္ကြန် သံချပ်အနုပညာရှင်တွေနဲ့ ရန်ကုန်သင်္ကြန်ဒိုင်တွေကိုပဲဖြစ်ပြီး အရင်နှစ်တွေတုန်းကတော့ သက်ကြီးတစ်ဦးလျှင် ငွေကျပ် ၁ သိန်းကျော်နဲ့ လက်ဆောင်ပစ္စည်းများဖြင့် ကုသိုလ်ပြုလှူဒါန်းကန်တော့ခဲ့ကြပြီး ဒီနှစ်မှာလည်း အဲဒီလိုမျိုးကန်တော့သွားဖို့ရည်ရွယ်ထားကြောင်း ဦးမေတ္တာကပြောပါတယ်။

”သက်ကြီးတဲ့သူတွေကို ကန်တော့ကြတာတွေတော့ရှိတာပေါ့လေ။ သင်္ကြန်အဖွဲ့ တွေကို ကန်တော့တာမရှိဘူးလေ။ အဲဒီမှာကို ကျော်ဝင်းကြည်ဆိုတဲ့အစ်ကိုကြီးက သင်္ကြန်သမားတွေကွာတဲ့ ကိုယ့်အသင်းသူ့အသင်းတွေနဲ့ နေကြတာပဲတဲ့။ သို့သော် လည်း သကြန်သမားတွေ စည်းလုံးတာလေးတော့ လုပ်ပြချင်တယ်ဆိုပြီး သက်ကြီး ပူဇော်ပွဲကို လုပ်တယ်။ လုပ်တဲ့အခါ မတ်လ ၂ ရက်နေ့မှာလုပ်လိုက်တယ်။ သူဖြစ် စေချင်တာလေးဖြစ်သွားတဲ့အခါမှာ သူကသက်ကြီးပူဇော်ပွဲမှာ လူကြီးတွေကို ကန် တော့ရင်းနဲ့ဆို့ပြီးတော့ ကွယ်လွန်သွားတယ်။ အဲဒီတော့သူဟာ တို့သင်္ကြန်သမားတွေကို မီးမောင်းထိုးပြသွားတယ်။ ငါတို့ ဆက်လုပ်ကြမယ်ပေါ့။ ဆက်လုပ်တဲ့ နေရာလေးက ဘာဖြစ်မလဲဆိုတော့ ကျယ်ပြီးတော့ကောင်းပါတယ်ဆိုတဲ့နေရာထက် သူကလမ်းမ တော်မြို့နယ်မှာနေတယ်။ သူစသွားတယ်၊ သူ့ကိုလည်း ဂုဏ်ပြုရာရောက်တဲ့ လမ်းမ တော်မြို့ နယ်မှာလုပ်မယ်။ သူ့မိသားစုတွေလည်း လာလို့သွားလို့ အဆင်ပြေမယ့် နေရာလေးဖြစ်မယ်ပေါ့” လို့ သင်္ကြန် သံချပ်အနုပညာရှင်များအား ဂါရဝပြုကန်တော့ ပွဲနဲ့ပတ်သက်လို့ ဦးမေတ္တာက ပြောပြပါတယ်။

အဆိုပါ သက်ကြီးပူဇော်ပွဲကိုတော့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်သွားဖို့ ရည်ရွယ်ထားပြီး နောင်လာမယ့် သင်္ကြန်သံချပ်သမားတွေလည်း ပါဝင်လာအောင် လုပ်ဆောင်သွား မယ်” လို့သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here