အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုံ့ဆော်မှုအနေနဲ့ သံချပ်ပြိုင်ပွဲ၊ လူထုအသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်

0
229

နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁ဝ)ရက်နေ့အထိသည် နိုင်ငံတကာတွင် အမျိုးသမီးများအ ပေါ် အကြမ်းဖက်မှုပပျောက်ရေးအ တွက် လူထုအသိပညာပေးအစီစဉ် များ လှုပ်ရှားဆောင်ရွက်ကြသော ၁၆ ရက်တာကာလဖြစ်သည်။ အခု နှစ်အတွက် ၁၆ရက်တာလှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ ”အိမ်တွင်းငြိမ်းချမ်း ရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီ သို့၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ဖို့ အမျိုးသားများ လည်းပါဝင်စို့” ဖြစ်ကြောင်း သိရ သည်။ ၁၆ ရက်တ လှုပ်ရှားမှု လူထု အသိပညာပေးအစီအစဉ်များမှာ ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲ၊ လူထု အသိပညာရေး Flash Mob လှုပ်ရှားမှု များ၊ FM ရေဒီယိုများမှ အသံလွှင့် အစီအစဉ်များနှင့် ပြည်နယ်နှင့် တိုင်း များတွင် ၁၆ရက်တာလှုပ်ရှားမှု လူ ထုအသိပညာပေးအစီအစဉ်များ လည်းပါဝင်မည်ဖြစ်သည်။

ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲကို မြန်မာ့ရိုးရာအနုပညာ၏ ပံ့ပိုးမှုဖြင့် ပြည်သူလူထုအကြားတွင် ကျား၊ မ ရေးရာအခြေပြုအကြမ်းဖက်မှုပ ပျောက်ရေးဆိုင်ရာ လူထုအသိပညာ ပေး သတင်းအချက်အလက်များပိုမိုကျယ်ပြန့်စေရန်လည်းကောင်း၊ မြန် မာ့ရိုးရာအမွေအနှစ်ဖြစ်သည့် သံချပ် အနုပညာရပ်အားတစ်ဖက် တစ်လမ်းမှ ပံ့ပိုးပေးရန်ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ၁၆ရက်တာလှုပ်ရှားမှုလုပ်ငန်း အဖွဲ့မှ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး၏ လမ်းညွှန်မှုဖြင့် စီစဉ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲကို မန္တလေးမြို့ မနောယမံကွင်းတွင် ညနေ ၅ နာရီမှ စတင်ကာ သံချပ်(၈) ဖွဲ့မှ ဒီဇင်ဘာလ ၂ ရက်နှင့် ၃ ရက် တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် သံချပ် ၁၁ ဖွဲ့မှ ဒီဇင်ဘာလ ၁၅ ရက် နှင့် ၁၆ ရက်တွင်လည်းကောင်း ပြည် သူ့ရင်ပြင်တွင် နေ့စဉ် ညနေ ၅ နာရီ မှစတင်ကာ အသီးသီးယှဉ်ပြိုင်သွား ကြမည်ဖြစ်သည်။ အမျိုးသားများ ပူးပေါင်းပါဝင်မှုလုပ်ငန်းအဖွဲ့၏ လူထုအသိပညာပေး Flash Mob အစီ အစဉ်ကို ၁၆ ရက်တာ လှုပ်ရှားမှု ကာလအတွင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ် ၃ ခုတွင် ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ၃ဝရက်တွင် အင်းယားကန် ဘောင်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် ဗိုလ်တစ်ထောင်ကမ်းနား တွင်လည်းကောင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here