DVD ကိုလည်း ထွက်ချင်တဲ့ စိတ်နဲ့ ခေါင်းမာပြီး လုပ်နေတယ်ဆိုတဲ့ အဆိုတော်မိန္ဒီ

0
134

မြူးမြူးကြွကြွခေတ်ပေါ်သီချင်း တွေကိုမှ သီဆိုလည်းရှိတဲ့ အဆို တော် မိစန္ဒီ ကတော့ လူငယ်ပရိသတ် အားပေးမှု အခိုင်အမာရရှိထားပြီး M-150 အားဖြည်အချို့ရည် ရဲ့ Brand Ambassador တစ်ဦး လည်း ဖြစ်ပါတယ်။ သူမကတော့ သုံးခွေမြောက် တေးစီးရီးဖြစ်တဲ့ “အသဲလေး” တေးစီးရီး “Audio CD” အခွေလည်း ထွက်ရှိထားပြီး ဖြစ် ပါတယ်။

“အသဲလေး” တေးစီးရီး MTV နဲ့ ပတ်သတ်ပြီးလည်း ခုလို့ပြော ပြခဲ့ပါတယ်။ “အသဲလေး” တေးစီးရီး DVD က တော့ တစ်ပုဒ်ရိုက်ထား ပြီးပါပြီ။ G-fattနဲ့ မိစန္ဒီ ဆိုထားတဲ့ “ပုံစံခွက်ထဲက ဘဝများ” သီချင်းကို M-150 ကပဲ MTV ရိုက်ကူးပြီး M-150 page ကပဲ ပရိသတ်ကို ပေးပြီးပါပြီ။ နောက်အပုဒ် တွေကို လည်း နောက်လကနေ စပြီး ရိုက်ကူး သွားဖို့ ရှိပါတယ်။ DVD ခွေ မထွက် ခင်အထိ ပရိသတ်တွေ အတွက် တစ် ပုဒ်စ နှစ်ပုဒ်စ သုံးပုဒ်စလောက် Online ပေါ်တင်ပေး သွားဖို့ရှိပါ တယ်။ DVD အခွေကိုလည်း ခုချိန် ထိ ခေါင်းမာပြီး ထွက်ချင်တဲ့ စိတ်နဲ့ တော့ လုပ်နေတုန်းပါပဲ။ ဒါပေမဲ့ အ ခုက မူရင်းအခွေ ဝယ်တာကလည်း အရမ်းကို အားနည်းသွားတယ်။ Online ကိုပဲ ပရိသတ်တွေ ကကြည့် ကြတယ် ဆိုတော့ တေးစီးရီးထဲက ပရိသတ်ကြိုက်တဲ့ သီချင်းခြောက် ပုဒ်လောက်ပဲ ရွေးပြီး MTV တင်ရင် တင်ပေးသွားပါမယ်။ ဘယ်လိုလုပ်ရ မယ်ဆိုတာ မိစန္ဒီ ခုချိန်ထိတော့ စဉ်း စားနေတုန်းပါပဲ”  လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး လက်ရှိအခြေအနေမှာ သီချင်တွေကို Online ပေါ် တင်ပေး တာတွေကလည်း ခေတ်စားနေတာ ကြောင့် အဆိုတော် တစ်ယောက် အ နေနဲ့ တေးစီးရီးလုပ်တဲ့အခါ အခက် ခဲတွေ ကြုံရတာ ရှိလားလို့ မေးမြန်းခဲ့ ရာ … “အရင်တုန်းကတော့ ခိုးကူး ခွေတွေက ဒုက္ဒပေးတယ်ပေါ့။ အခု က ခိုးကူးခွေတွေထက် ဆိုးတဲ့ Online က တော်တော် ဒုက္ခပေးသွား တယ်။ မိစန္ဒီ ပထမဆုံး အခွေထွက် တုန်းကဆိုရင် မမြတ်ဘူး DVD ဆို ရင်ရှုံးတယ်။ ဒုတိယ အခွေကျတော့ Audio ကမြတ်တော မမြတ်ဘူး ဒါ ပေမဲ့ အရင်တော့ ပြန်ရတယ်။ DVDကတော့ သုံးရင်သုံး သလောက် ရှုံးတာပဲ။ DVD ကတော့ မိစန္ဒီ တစ် ပုဒ်တည်းကို သိန်း၇ဝ သုံးတာရှိတယ်။ သိန်း၅ဝ သုံးတာရှိတယ်။ အဲ့တာ ကြောင့် DVDကတော့ ရှုံးမယ်ဆိုတာ သေချာတယ်။ အဆိုတော် လုပ်လာတဲ့ တစ်လျှောက် ဒီတစ်နှစ်  အတွင်းမှာ  Online မှာ Download  လုပ်ကြတာ ပိုများလာကြတယ်။ အဲ ဒါတာကြောင့် ခုဆိုရင် အဆိုတော် တစ်ယောက် အနေနဲ့ ရပ်တည်ဖို့က Show ပွဲပဲရှိတယ်။ နောက်တစ်ခုက Company နဲ့ ပူးပေါင်းပြီးတော့ MTV တွေရိုက်တာမျိုးတော့ လုပ်လို ရတာပေါ့နော်။ တစ်ခုလုပ်လို့ ရတာ က မိန္ဒီတို့ MTV ကို တစ်ပုဒ်စ နှစ် ပုဒ်စ ပရိသတ်ကို ထုတ်ပေးလို့ရတယ်။ အဲ့လို တစ်ပုဒ်စနှစ်ပုဒ် ဖြစ်တဲ့ အ တွက် ပိုက်ဆံတွေလည်း တစ်လုံး တစ်ခဲကြီး မကုန်တော့ဘူး။ အများ ကြီးတခါတည်း ထုတ်လိုက်တော့ အများကြီး ရေထဲပစ်ချလိုက် သလို ဖြစ်တော့ အဲဒီမှာ ကိုယ်တွေလည်း မွဲ(ရယ်လျက်)။ ခေတ်ရေစီကြောင်း အရ ဒီလိုပဲ ရပ်တည်ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

 ဇော်ဝင်းအောင် 

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here