ချစ်သူသက်တမ်း ၈နှစ် ကျော်မှာ ဖက်ရှင် ဆိုင်ဖွင့်ကြမယ့် လွှမ်းပိုင် နဲ့ Bobby Soxer

0
336

လူငယ်ပရိသတ်တွေရဲ့ အထူး အား ပေးမှုရရှိနေတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ အဆိုတော် Bobby Soxer တို့စုံတွဲက အခု ဆိုရင် ချစ်သူသက်တမ်း ၈နှစ်ကျော် ရှိပြီလို့ သိရပါတယ်။ အခုလိုမျိုး အချိန်ကြာကြာ လက်တွဲနိုင်တဲ့အတွက် ဘယ်လိုနားလည် မှုတွေ ယူထားသလဲ ဆိုတာကိုတော့ လွှမ်းပိုင် က…. လူငယ်ပရိသတ်တွေရဲ့ အထူး အား ပေးမှုရရှိနေတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ အဆိုတော် Bobby Soxer တို့စုံတွဲက အခု ဆိုရင် ချစ်သူသက်တမ်း ၈နှစ်ကျော် ရှိပြီလို့ သိရပါတယ်။ အခုလိုမျိုး အချိန်ကြာကြာ လက်တွဲနိုင်တဲ့အတွက် ဘယ်လိုနားလည် မှုတွေ ယူထားသလဲ ဆိုတာကိုတော့ လွှမ်းပိုင် က….  “ဘယ်လို နားလည်မှုလဲဆိုတော့ အဲဒီ လိုအကြီးအမားကြီးတော့ မဟုတ်ပါဘူး။ တစ်ယောက် ကတော့ ဒီဟာလုပ်ပါတယ်လို့ ကျွန် တော်တို့ မှတ်ထားတာမျိုးတော့ မရှိဘူး။ ဘယ်လို နားလည်မှုလဲတော့ ကိုယ့် ကိုယ်ကိုယ် မမှတ်မိ တော့ဘူး။ အား လုံးက တော့ အဲဒီလိုပါပဲ။ တစ်ခါတလေ ကျရင် ရန်ဖြစ် တာလည်းရှိ တယ်။ တစ်ခါ တလေကျ တော့ ရန်ဖြစ်ပေ မယ့်လည်း အဆင် ပြေ သွားတာပါပဲ။ တစ် ယောက်နဲ့ တစ်ယောက် သူမကြိုက် ဘူးဆို ရင် မပြောဘူးပေါ့။ ဒီ လောက်ပါပဲ” လို့ ပြောပါတယ်။
နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲမှာ သတို့သားအရံ၊ သတို့သမီး အရံများအဖြစ် ကူညီပေးခဲ့ကြပြီး အားကျပေမယ့် သူတို့အ လှည့်ကတော့ လိုပါသေးတယ်လို့ လွှမ်းပိုင် က ဆိုပါ တယ်။ လွှမ်းပိုင်နဲ့ Bobby Soxer တို့က ဒီဇင်ဘာလထဲမှာ High Skool  ဖက်ရှင်ဆိုင်ကိုလည်း ဖွင့်လှစ် သွားတော့မှာ ဖြစ်ပါတယ်။ ဖက်ရှင်ဆိုင် ဖွင့်လှစ်ဖြစ်ပုံ ကိုတော့ Bobby Soxer က… “စီးပွားရေးကြတော့ တစ်ယောက် တစ်ဝက် လုပ်ဖို့အတွက် တွေးထားပါ တယ်။ ဘာလုပ်ငန်းလုပ်မလဲ ဆိုတဲ့အခါမှာ ကိုယ်လည်း သေချာလုပ်နိုင် တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း နည်းနည်း ယုံကြည်မှုရှိတဲ့ အရာကို စဉ်းစားတဲ့ အခါ ကျတော့ ဖက်ရှင်ပိုင်း ပေါ့။ ညီမတို့ နှစ် ယောက် စလုံး အဝတ် အစားဝတ်တာနဲ့ပတ်သက် ပြီး လေ့လာရတာလည်း ဝါသနာပါတယ်။ ဈေးဝယ်ထွက်ရတာ ကိုပျော်လည်းပျော်တယ်။ ကိုယ်ပိုင် ဆိုင်သည် ဖြစ်စေ မပိုင်ဆိုင် သည်ဖြစ် စေ ဝယ်နေရတာကို ပျော်နေတာပေါ့။ ကိုယ့်ဝါသနာနဲ့လည်း အပ်စပ်လို့ ဖက် ရှင်ဆိုင်ဖွင့် ဖြစ်တာပါ”  လို့ ပြောပါ တယ်။
ဆိုင်မှာတင်ရောင်းမယ့် ပစ္စည်း တွေရော၊ ဆိုင်အပြင်အဆင်ပိုင်းကိုရော နှစ်ယောက်အတူ တိုင်တိုင်ပင်ပင်နဲ့ လုပ်ဖြစ်ပါတယ်လို့ လွှမ်းပိုင်က ဆိုပါ တယ်။ High Skool ဖက်ရှင် ဆိုင်မှာ လူငယ်ယောကျာ်းလေး၊ မိန်း ကလေး တွေအတွက် အဝတ်အစား တွေ ဝယ် ယူနိုင်မှာဖြစ်ပြီး နောက်ပိုင်း မှာလည်း High Skool ကိုယ်ပိုင် brand တွေ လည်း ထုတ်လုပ်သွား မှာဖြစ်ကြောင်း သိရပါတယ်။ံငှါု့သသူ ဖက်ရှင်ဆိုင်ကို အမှတ် ၁၃ဝ၊ ကျိုက္ကစံလမ်း၊ တာမွေမြို့နယ် မှာ ဖွင့်လှစ် သွားမှာ ဖြစ် ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here